Thursday, August 11, 2011

လူမှုရေးကိစ္စ















မိတ်ဆွေတဦးက ပြောဖူးတယ်။ လူမှုဆက်ဆံရေးမှာ ခပ်ခွါခွါဆက်ဆံတာ
အကောင်းဆုံးပဲတဲ့။ တစိမ်းဆန်တဲ့စကားပဲလို့ မှတ်ချက် ချခဲ့ဖူးပါတယ်။
သူက သင်္ဘောသားလူထွက် တဦးပါ။ သင်္ဘောပေါ်မှာ လပေါင်းများစွာ
ဒီလူတွေနဲ့ပဲ ပင်လယ်ထဲ အကြာကြီးကျက်စားခဲ့ဖူးတဲ့ လူပေါ့။ “သင်္ဘော
သားဘ၀က ထောင်သားဘ၀နဲ့ သိပ်မကွာဘူးဟ”လို့လည်း ဆိုဖူးပါတယ်။

သူဆိုလိုတာက ထောင်ထဲမှာပဲ ဖြစ်ဖြစ်၊ သင်္ဘောပေါ်မှာပဲ ဖြစ်ဖြစ် လူမှု
ဆက်ဆံရေးနယ်ပယ်က သိပ်ကျဉ်းလွန်းတယ်။ ငြင်းရခက်တဲ့ဆက်ဆံ
ရေးမျိုး။ နေ့စဉ်နေတိုင်း ဆုံချင်ချင်၊ မဆုံချင်ချင် ဒီလူတွေနဲ့ပဲ ဆုံနေရတယ်။
ဆက်ဆံနေရတယ်။ အနေအထိုင် မတတ်ရင် “ဂေါက်သွားမယ်” ဆိုပဲ။

ဒီနေရာမှာ “အနေအထိုင် မတတ်ရင်” ဆိုတဲ့စကားက ပညာပိုင်းဆိုင်ရာ
စကား ဖြစ်သွားပါပြီ။ နေနည်း ထိုင်နည်း တတ်ကျွမ်းဖို့လိုတယ်။ တတ်ရုံ
တင်မက ကျွမ်းကျင်ဖို့ပါလိုတယ်ဆိုတဲ့ သဘောပါ။ လူတိုင်းနဲ့အဆင်ပြေ
အောင် အကုန်လုံးကို လိုက်ပြီး မျက်နှာချိုသွေးနေရမှာလား။ ဒါမှမဟုတ်
ဖါသိဖါသာ ခပ်တည်တည်နဲ့ နေရမှာလား။ အခုတမျိုး တော်ကြာတမျိုး
လုပ်နေရမှာလား။ ဟန်ဆောင်ကောင်းဖို့ အဓိကလား။

မိတ်ဆွေ ပြောတာကတော့ ခပ်ခွါခွါဆက်ဆံရေးက ရေရှည်တည်တန့်ပါ
သတဲ့။ အတွေ့အကြုံသမားက ပညာစကားပြောခဲ့တာကို အတွေ့အကြုံ
နည်းစဉ်အခါက လက်ခံဖို့ မလွယ်ကူခဲ့ပါ။ “ကိုယ့်စေတနာအတိုင်း ရောင်
့ပြန်ဟပ်လိမ့်မယ်” ဆိုတဲ့အယူအဆကို သဘောကျလို့ စေတနာရှိတဲ့အတိုင်း။
စိတ်အရင်းအတိုင်းပဲ ဘ၀မှာ နေထိုင်ခဲ့ပါတယ်။ “အထာ” မထားဘူးပေါ့လေ။
“အစိမ်းလိုက်” ပဲ ဆက်ဆံခဲ့တယ်ပေါ့။

ခင်မင်သူများနဲ့ ရင်းရင်းနီးနီး ပျော်ပျော်ရွှင်ရွှင် အဆင့်ကနေ ချစ်ချစ်ခင်ခင်
့ဖြစ်လာရအောင် နီးနီးကပ်ကပ် ဆက်ဆံခဲ့ပါတယ်။ ကိုယ့်ဟာ သူ့ဟာ မခွဲ
အတူတူ တသားထဲ နေထိုင်ခဲ့ပါတယ်။ ကိုယ့်အိတ်ထဲက ပါပါသွားတာကို
ပါတယ်လို့ လုံးဝ မမြင်ခဲ့ပါဘူး။ နာတယ်လို့လည်း လုံးဝ မခံစားရခဲ့ပါဘူး။
သူတို့နဲ့အတူ ရင်းနီးပျော်ရွှင်ရေးသာ ပဓါန။ ကျန်တာ အကုန်လုံး သာမည။
အဆုံးမှာတော့။ မှတ်မှတ်ရရ တဦးစ နှစ်ဦးစက လွဲလို့။ ကျန်လူတွေအကုန်
လုံးနဲ့ ရေရှည်မှာအဆင် မပြေခဲ့ပါ။ ၀မ်းနည်းစရာ။

ချစ်ဇနီးကလည်း လွန်စွာမှပင် သဘောကောင်း၊ မနောကောင်း။ လင်ယောက်ျား
စိတ်ချမ်းသာရေးသာ အဓိကထားသူမို့။ ကိုယ့်မိတ်ဆွေ မှန်သမျှ၊ သူ့မိတ်ဆွေလို့
ခံယူပါတယ်။ ကိုယ့်ထက်လည်း သည်းခံ၊ စိတ်ရှည်ပြီး ကူညီတတ်သူပါ။ နောက်
ဆုံးမှာတော့ “စိတ်ရင်းအတိုင်း အစိမ်းလိုက်ဆက်ဆံရေးမူဝါဒ” ကို ကိုယ်တင်
မက ချစ်ဇနီးကပါ လက်မြှောက် အလျှော့ပေးလာရတာ စိတ်မကောင်းစရာပါ။
ချစ်သူ ခင်သူများနဲ့“နီးချင်ကာမှ ဝေး” ဆိုသလို ဖြစ်လာရပါတယ်။ အိမ်ကို
ဘယ်မိတ်ဆွေမှ ခေါ်မလာရေးမူဝါဒကို ချမှတ်ကျင့်သုံး ရတဲ့ အဆင့်အထိ
ရောက်လာခဲ့ပါတယ်။

အခုချိန်မှာတော့ မိတ်ဆွေ သင်္ဘောသား လူထွက်ကြီးရဲ့ ဆုံးမစကားကိုပဲ
အပြန်ပြန် အလှန်လှန် ကြားယောင်နေမိပါတော့တယ်။ ဒါပေမဲ့ “ခပ်ခွါခွါ”
ဆိုတဲ့ စကားကြီးက တစိမ်းမဆန်ဘူးလားဗျာ။ နောက်မိတ်ဆွေတဦးက
လည်း ခပ်မာမာ၊ ခပ်ပြတ်ပြတ် ဆုံးမဖူးတာရှိပါသေးတယ်။ “ဆယ်ပြား
လောက်ပဲ တန်တဲ့သူကို ဆယ်ပြားဖိုးလောက်ပဲ ဆက်ဆံရတယ်ဟဲ့” ဆိုပဲ။
တစိမ်းမဆန် လွန်းပေဘူးလား။ ရင်းနှီးပွင့်လင်းတာဟာ ပြဿနာတခုလား
ဆိုတာလည်း ပြန်လည်စမ်းစစ်လာရပါပြီ။ ပြဿနာက ကိုယ့်ဆီမှာပဲ အခြေ
ခံနေသလား ဆိုတာလည်း အမေးသာရှိ အဖြေမရှိ ဖြစ်လာနေပါပြီ။

အတွေ့အကြုံတွေ ရှိလာပေမဲ့လည်း စိတ်ရင်းအတိုင်း ဆက်ဆံရေးမူကိုတော့
မစွန့်လွှတ်ချင်သေးတာ အမှန်ပါ။ “ခပ်ခွါခွါနည်း” “ဆယ်ပြားဖိုးနည်း”တွေထက်
ကောင်းတာလေးများ ရှိသေးတယ်ဆိုရင်လည်း လမ်းညွှန်ပေးကြပါဦးလား
အရပ်ကတို့ရယ်။

(ရုပ်ပုံ၊ ဂူဂလ်)

4 comments:

Hmoo said...

ဦးနှောက်ဆေးကြောသန့်စင်မှူကို
နှစ်ယောက်လုံးလုပ်လိုက်ပေါ့.. :)

Anonymous said...

ဟေဟဟဟဟဟဟဟဟ

ကိုအာချောင် said...

ကျနော်ဟာ အကို့ကို လေးစားတဲ့ လူတစ်ယောက်ပါ...
အကို ဆိုလိုချင်တာက မြန်မာ လူမျိုးဆိုရင် လက်ခံတယ် ။ တခြားလူ မျိုးတွေ ကိုပါ သိမ်းကျုံး ပြောရင် ငြင်းတယ်...။ ကျနော် ၁၉၈၈ အရေးအခင်းမှာ အသက်စွန့် ပါဝင်ခဲ့တယ် ။ ၂၀၀၇ ဘုန်းကြီး အရေးအခင်း မှာလဲ ဘုန်းကြီးတွေ ကို ကူညီ ခဲ့ ဘူးတယ် ။ နာဂစ် မှာလဲ ဒုက္ခရောက်နေတဲ့ လူတွေကို အင်တိုက် အားတိုက် ကူညီခဲ့ဘူးတယ်....။ "တော်ပြီ" ...........
မြန်မာဟေ့ ဆို ကြောက်လွန်းလို့....။ မြန်မာလို့ အသံကြားရင် အရမ်းကြိုက်တဲ့ မုန့်ဟင်းခါးတောင် မကြည့်ချင်တော့ဘူး...။ ကျနော်က ၁၉၉၃ မှာ မြန်မာပြည်က စထွက်တယ် ။ ၂၀၀၅ မှာ တစ်ခေါက်ပြန်တယ် ။ ၂၀၀၉ မှာ ပြန်ထွက်တယ်
(နောက်ဆို မြန်မာပြည် မပြန်ချင်တော့ပါဘူး)
မြန်မာပြည် ကို ကြိုက်တယ် ။ အကျင့်ပျက်နေတဲ့ မြန်မာ လူမျိုးတွေကို ကြည့်မရဘူး.........
မြန်မာကို လန့်တဲ့ ရောဂါ ကျနော် ရသွားပြီ..
ကျနော့မှာ ယ္ခု သူငယ်ချင်း (မိတ်ဆွေ) အသစ်တွေရနေပြီ...
မြန်မာတွေနဲ့တော့ တခြားစီပဲ....
မြန်မာတွေကို
အိမ်ပေါ်ခေါ်တင်ဖို့~~~~?
ဝေလာဝေး .... (ရွှေမျိုး)တွေအပါအဝင်....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွှေမျိုး နဲ့ ဆွေမျိုး အဓိပါယ် ကွာဟနေတယ် ယူဆလို့ ( ရွှေမျိုး ) ဆိုတဲ့ စကားလုံးကို သုံးမိသွားတယ် ။

ကလူသစ် said...

ကိုယ်တိုင်တော် ဘော်ဒါနဲနဲပဲရှိတာ။ ဘယ်လိုအကြံပေးရမှန်းတောင်မသိဘူး။ သိရင်လဲ ပြန်အကြောင်းကြားအုန်းနော် ဟဲ