4 years ago
Thursday, August 4, 2011
ချိုးပြော မိုးပြော နိုးဆော်ချက်
ယခုသည် ယခင်နှင့် မတူတော့ပေ။ (ရှင်းမှ ရှင်းကြပါ့မလား မသိ) ယပက်
လက်နှင့် ခကွေး ပါတာချင်း အတူတူ။ အဓိပ္ဗါယ်က တခြားစီ။ ဆိုလိုချင်တာ
က ယနေ့ခေတ်သည်ကား “ဝေးသူများ နီးရသောခေတ်ကြီး” ဖြစ်ပေကြောင်း
အများတကာ သိပြီးသား ပြာလဲ့ကို ဇာချဲ့နေခြင်းပင် ဖြစ်တော့သည်။
တကယ်ပြောချင်သည်က မလာသေး။ (ဟေ) ဝေ့ခြင်း၊ ၀ိုက်ခြင်း၊ ချော်
တောငေါ့ခြင်းနှင့် သဝေထိုးခြင်းတို့မှာ မရင့်ကျက်ရှာသော စာရေးသူတို့၏
ထုံးစံဖြစ်သည်ကို သင်ခန်းစာယူနိုင်ရန် နမူနာ ပြသနေခြင်းဖြစ်သည်။
ကိုင်း...။ ငါဟာ ဘာကိုပြောချင်နေသနည်း။ ပြောစရာရှိသည်ကို ဒဲ့ (တည့်)
မပြောပဲ သိုင်းနေ ၀ိုင်းနေသည်မှာ အကြောင်းရှိသလား။ ရှင်းအံ့။
အခုတလော မြန်မာပြည်က နာမည်ကျော်စာရေးသူတို့၏ ဟောသံ ပြော
သံများကို အင်တာနက်ကောင်းကျိုးဖြင့် ကမ္ဘာအနှံ့နေ ရွှေမြန်မာများ
လွယ်လင့်တကူ နားသောတ ဆင်နေကြရသည်။ ကောင်းပေစွ။ မြန်မာ
စာရေးဆရာ အဖိုအမများသည်လည်း ပြည်တွင်း၌သာမ ပြည်ပနိုင်ငံ
များသို့တိုင် ထိုမှတဆင့် ၊ ဟိုမှတဆင့် ကူးချီသန်းချီဖြင့်ပင် ဟောပြော
နေကြရသည်ကို မြင်နေ ကြားနေရသည်မှာ ၀မ်းသာ ၀မ်းမြောက် ဖြစ်
၍ မဆုံးပါ။ ကောင်းပေစွ....ကောင်းပေစွ။
သို့ရာတွင် အချို့သော စာရေးသူတို့မှာကား သေချာကြိုတင် ပြင်ဆင်
ထားပုံ မရ။ ကျကျနန၊ ပီပီပြင်ပြင်၊ ထိထိရောက်ရောက်၊ မိမိပေါက်
ပေါက် မပြောနိုင် မဟောနိုင်ရှာ။ ယခုဖတ်နေရသော စာကဲ့သို့ ရှည်
လျှား၊ေ၀၀ါး၊ ပေများနေရှာသည်။ နိုင်ငံခြားတိုင်းပြည်သို့ တကူးတ
က ထွက်လာပြီးမှ ဟောပြောသည့် စင်မြင့်ပေါ်တွင် အတည်ပေါက်
နှင့် ယောင်လည်လည်ဖြစ်၍ နေရှာသည်။
ပရိတ်သတ်တို့ကလည်း နာမည်ကြီးပုဂ္ဂိုလ်ပြောတာ နားထောင်ရပြီး
ရော ပြောချင်ရာပြော ဆိုသည့်သဘောများလား မသိ။ အကြောင်း
အရာတခု ဆုံးလေတိုင်း လက်ခုတ်လက်ဝါးများ တီးပေးကြရှာသည်။
အဟောကောင်း အပြောကောင်း ပုဂ္ဂိုလ်များလည်း ရှိကြပါသည်။
တချို့ဆိုလျှင် ဟောရုံပြောရုံတင်မက ဟန်နှင့်မာန်နှင့် ဆိုပါပြလိုက်
ပါသေးသည်။
တချို့စာဟောဆရာများမှာ ယဉ်ကျေးမှု ဓါတ်လိုက်သည်ထင့်။
အမှတ်မထင် သူရောက်လာသော တိုင်းပြည်က မြင်ကွင်းများအား
ထိုတိုင်းပြည်တွင်ရောက်နေသည့် မြန်မာများကို စင်ပေါ်က တဆင့်
တအံ့တသြ ပြန်၍ပြောပြနေသည်မှာ မိနစ်နှစ်ဆယ်ခန့်ကြာလေသည်။
ဟောလိုက် ပြောလိုက်သည်မှာလည်း တနာရီမက နှစ်နာရီနီးပါး။
နားထောင်ရသူအဖို့ မသက်သာလှ။ အချို့စာရေးသူများမှာ ပရိတ်
သတ်ထဲက စာဖတ်သူများလောက် အသိအမြင် မရှိလှ။ ခပ်တည်
တည်တော့ ရှိကြရှာသည်။
ကဲ။ ငါပြောချင်တာကို ပြောပြီးပြီတဲ့လား။ မပြီးသေးပါ။ အတွန့်တက်
စရာ ကျန်နေပါသေးသည်။ အချွန်ဖြင့်“မ” သည်ဟု သဘော မထားရန်
လည်း အတည်ပေါက်နှင့် ကြိုတင် အသိပေးအပ်ပါသည်။ တက်စရာ
ကျန်သည့်အတွန့်ကို စ၍ ပြောပါမည်။ ဒီလိုပါ။
ရွှေမြန်မာများ ရာနှင့်ထောင်နှင့်ချီ၍ ရောက်ရှိနေထိုင်ကြသော တိုင်း
ပြည်များ၌ အနည်းဆုံး ဘလော်ဂါ သုံးဦး၊ လေးဦးမက ရှိနေကြသည်မှာ
အတော်ကြာပေပြီ။ ၄င်းတို့၏ ရေးသက်နှင့် လက်ရာများသည်လည်း
အတန်အသင့် ရင့်ကျက်နေသည်ကို တွေ့ရသည်။ တင်ပြပုံ၊ စေတနာ၊
ကြိုးပမ်းအားထုတ်မှုတို့မှာ အသိအမှတ်ပြုရမည့် အနေအထားတွင် ရှိ
နေပါပြီ။ ဖေတော့မောင်တော့ စာဖြစ်ပြီးရော။ ငါရေး နင်ဖတ် ဆိုတာမျိုး
ရှားပါသည်။
ထိုဘလော်ဂါများအား စာရေးဆရာများအဖြစ် အီစကိုက အသိအမှတ်
ပြုပါသည်။ လေးစားဂုဏ်ယူပါသည်။ ထိုအရပ်ဒေသ၌ ရှိကြကုန်သော
ရွှေမိသားစုအသိုင်းအ၀ိုင်းက ထိုဘလော်ဂါများကို သူတို့ဒေသထွက်
စာရေးဆရာများအဖြစ် တန်ဘိုးထားသင့်သည်ဟုလည်း ရှုမြင်ပါသည်။
မြန်မာပြည်က စာရေးသူ၊ ဟောသူများကို ပင့်ဖိတ်ဟောပြောစေသည့်
အခါများတွင်လည်း ဒေသခံ ဘလော်ဂါများအား ထိုအကျော်အမော်
များနှင့် ပူးတွဲ၍ ပွဲထုတ်ပေးသင့်သည်ဟု တိုက်တွန်းချင်ပါသည်။
ဤကဲ့သို့လုပ်လျှင် မည်ကဲ့သို့ဖြစ်လာမည်နည်းဟု မေးခွန်းထုတ်ဖွယ်
ရှိပါသည်။ ထုတ်သင့်သော မေးခွန်းလည်း ဖြစ်ပါသည်။ ရှင်းအံ့။
ဒေသခံဘလော်ဂါများကို ဤသို့ အားပေးမြှောက်စားခြင်းအားဖြင့်
ကောင်းမွန်သည့် အကျိုးရလာဒ်များ တခုထက်မက များစွာထွက်ပေါ်
လာနိုင်ပါသည်။
မြန်မာ့ဘလော်ဂါလောက တဆင့်မြင့်လာမည်။ ဘလော်ဂါများ ပိုမို
ကောင်းမွန်အောင် ဖန်တီးအားထုတ်လာကြမည်။ သာမန်ဘလော်ဂါ
ဘ၀မှ စာရေးဆရာအဆင့်အထိ ရောက်လာနိုင်သည်။ (ရောက်နှင့်ပြီး
သူအချို့လည်း ရှိနေကြပါပြီလေ) စာရေးကောင်းသူအဖြစ်မှ အဟော
အပြောကောင်းသူအဖြစ် ရောက်ရှိလာနိုင်သည်။ ပြည်ပဘလော်ဂါ
ဟောပြောမှုများအား ပြည်တွင်းပရိတ်သတ်က အားပေးခွင့်ရလာမည်။
အွန်လိုင်းဟောပြောပွဲတွေ ဖြစ်လာနိုင်သည်။ ဆက်၍ စဉ်းစားလျှင်
အများအပြား ရှိပါသေးသည်။
ဤတွင် မေးစရာတခုလည်း ထပ်၍ ပေါ်လာနိုင်ပါသေးသည်။ နင်က
ဒီကိစ္စကို နှပ်ကြောင်းပေးပြီး ရေးနေတာက နင်ကိုယ်တိုင် ဟောချင်
ပြောချင်နေလို့ မဟုတ်လား။ မြန်မာပြည်က အကျော်အမော်တွေနဲ့
ခြေရာ တိုင်းချင်နေလို့လား။ ဘလော်ဂါဝါးမှ မ၀သေးခင် ငါးကြင်း
ခေါင်းကို တက်ကိုင်ချင်နေသလား။ နင့်အကြံ ဒါ အကုန်ပဲလား။
စသဖြင့်ပေါ့လေ။
သူလည်းလေ လောကီသားပေမို့ ဟောချင်ရှာမပေါ့ဟု ဆိုသော်
ရ၏။ သို့သော် အကျွနု်ပ်သည်ကား မြန်မာစကားကို မပီရုံမျှ မက
ပြောရင်း ထစ်နေတတ်သည်ကလည်း မွေးရာပါမို့ အခြားဘလော်
ဂါတို့ ပြောတာ ဟောတာများကိုသာ ပို၍ နားဆင် ငေးမောလိုပါ
ကြောင်း။ ထို့ပြင်တ၀ အကျွနု်ပ်နေထိုင်ရာ ဒေသတွင်ကား မြန်မာ
စာပေအကျော်အမော်များအပြင် အနုပညာရှင်ကြီးများလည်း
ထီးထီးမားမား ရှိနေသဖြင့် အကျွန်ုပ်ဘလော်ဂါ ငမောင် ခေါင်း
မျှဖြင့် မထောင်ဝံ့ပါကြောင်း။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
8 comments:
ထုံးစံအတိုင်း၊အမဲလမ်းရှောက်တလုံးဆို၊
နှစ်နာရီဟောခွင့်ရမယ်... :)
အကျွေးအမွေးလေးနဲ့ဆို ထစ်နေလဲ သည်းခံနားထောင်ပေးမယ် :P
ပရိတ်သတ်တွေတော့ ရစပြုပြီ ဟောဖို့ကျင့်ဦးမှး) ဟောရမယ်ဆိုရင်တော့ အမူးတိုက်ပြီး အ၀ကြွေးပါ့မယ် ဆရာတို့ရယ်.. မပူပါနဲ့..ဟဲ..ဟဲ..
ဘလူးစကိုင်းကတော့ တကယ့်ကို အချွန်ဖြင့်“မ” တာပါ၊ ပြည်ပက ဘလော့ဂါတော်တော်များများက သူတို.ကို လူအသိခံချင်တာ မဟုတ်ပါ၊ ဘလာ့ဂါ တော်တော်များများကလည်းမြန်မာ စာနယ်ဇင်းဆင်ဆာနဲ.ဆိုရင်တော့ နိုင်ငံရေးနဲ. အနည်းအများဆိုသလို ငြိနေကြတယ်လေ၊ သူတို.ကိုလည်းအပြစ်မပြောလိုပါဖူး၊ တတ်နိုင်သလောက်လုပ်နေကြတာပဲ၊ ပြည်ပ ကမြန်မာတွေ သာမက မြန်မာပြည်တွင်း ကပြည်သူတွေကပါ သူတို.ကို အုပ်ချုပ်တဲ့အစိုးရ ကိုတော်တော်စိတ်ပျက်နေကြတယ်လေ၊
ဘလောဂါဟောပြောပွဲအပြီး ရန်ကုန်ပြန်လို.ကတော့ တက္ကစီဌားစရာမလိုဖူး၊ ပြည်ထဲရေးက ကားအပြာကြီးက မီတာမချိုးပဲ လာကြိုနေလိမ့်မယ်
ကျွန်တော့်တို.လို ကွန်မန်.ရေးတဲ့သူတောင် ခပ်ကြောက်ကြောက်ရယ်၊
ကဲ ဘလူးစကိုင်းတစ်ယောက်ပဲ တစ်ကိုယ်တော်ဟောပြောပွဲလေးလုပ်ပါလားဗျာ၊
ခင်ဗျားတစ်ယောက် ကားပြာကြီး စီးရပြီဆိုရင်တော့ ကျွန်တော် ငပိကျော်လေး ပို.ပေးပါ့မယ်ဗျာ၊ ခင်မင်နေတော့လည်း အဆင်ပြေအောင် လုပ်ပေးရမှာပေါ့၊
ခင်ဗျားပြောတာနဲ့  ကျုပ်ကို လာဖိတ်နေအုံးမယ်။ အင်း - - ဖိတ်တော့လည်း ငြင်းရခက်ပြန်ရော
အမူးတိုက်မယ်ဆို ကိုယ့်စားရိတ်နဲ့ကိုယ် လာနားထောင်ပါ့မယ်..
N/A
ဟောမယ့်သူတချို့လည်း ထွက်လာပြီခင်ဗျ။ နားဆင်ကြည့်ရှုကြမယ့် ပရိတ်သတ်လည်း ရှိလာပြီဆိုတော့ ပြည်ပရောက် မြန်မာဘလော်ဂါ ဟောပြောပွဲကြီး မကြာမီ လာမည် ဖြစ်တော့မယ် ထင်တယ်...းD
အဲဒီလို ဟောချင် ပြောချင်နေတဲ့သူတွေ၊ ဟောဖို့ ပြောဖို့ ရည်ရွယ် တာစူနေတဲ့သူတွေ တကယ်ရှိနေတာနော်... စကားပြောကောင်းလို့မို့ ဘယ်သူက ပြောခိုင်းနေတယ်... ဘယ်ဝါက ပြောခိုင်းနေတယ်... စသဖြင့် self comment တွေတောင် ကြားနေရသေး...
ကိုဘလူးစကိုင်းဟောရင်လည်း မရောက် ရောက်အောင် လာပြီး အားပေးပါ့မယ်... (ဤကား စကားချပ်)
Post a Comment