Thursday, June 20, 2013

မီးခိုး














တည်တည်ငြိမ်ငြိမ်နဲ့
မတည်ငြိမ်တာတွေကို ထိန်းထား ။

မသေချာတာတွေပဲရှိတယ်ဆိုတာ
သေချာတယ် ။

ငါတို့အတွက် သူတို့သေပေးရ ။

အရင်က အရေးကြီးခဲ့တာတွေ
အခု အရေးမကြီးတော့ပါ ။

ဒီကိစ္စမှာ
အရှင်ဘုရားလည်း တာဝန်ရှိတယ်
ထာဝရဘုရားလည်း တာဝန်ရှိတယ်
ယာယီဘုရားလည်း တာဝန်ရှိတယ်
တာဝန်ရှိတဲ့သူလည်း တာဝန်ရှိတယ်
တာဝန်မရှိတဲ့သူလည်း တာဝန်ရှိတယ်
ငါကိုယ်တော်မြတ်လည်း တာဝန်ရှိတယ် ။

ဘာကိုမှ ယုံကြည်လို့မရဘူးဆိုတာ
ယုံထား ။

နောက်ဆုံးတော့
နားထဲမှာ မီးခိုးတွေအူပြီး ကျန်ခဲ့တယ် ။

(ရုပ်ပုံ ။ ဂူဂယ် )