Monday, August 22, 2011

လစ်ပြန်ပြီ တယောက်















ပါကစ္စတန်မှာ ဘင်လာဒင် ကြွပြီးလို့ သုံးလ အကြာ။ အီဂျစ်မှာ မူဘာရက်
တရားရုံးကိုရောက်ပြီး ရက်ပိုင်း အကြာ။ လစ်ဗျားမှာ သူပုန်တပ်တွေ ထရီ
ပိုလီကို ၀င်စီးနိုင်ခဲ့ပြီ။ မိုမာ ကဒါဖီ လစ်ပြီ။ ပေကပ်ကပ်နဲ့ အာဆာ့ဒ် ဆိုတဲ့
ပုဂ္ဂိုလ် ဆီးရီးယားမှာ ကျန်နေသေးတယ်။ မူဆလင်ကမ္ဘာကြီး လှုပ်လှုပ်ရွရွ။
အာဏာရှင်တွေလည်း လှုပ်လှုပ်ရွရွ။ နေပြည်တော်မှာတော့ ဒကာစိန်က
ဒေါ်စုနဲ့တွေ့လို့။ အားလုံးကြွေအောင် မိန့်ခွန်းတွေ ချွေလို့ ။ ဒါလည်း လှုပ်
လှုပ်ရွရွ တမျိုးသာပ။

မြန်မာနိုင်ငံသား တဦးချင်းစီက အာဏာရှင်နဲ့ တိုက်ရိုက်ပတ်သက်ကြတယ်။
ဒီအချက်ကို တချို့က မသိချင်ယောင် ဆောင်နေတတ်တယ်။ တချို့ကလည်း
သိကို မသိတာ။ အာဏာရှင်ဆိုတဲ့ စကားလုံးက လူတွေနဲ့ယဉ်ပါးလွန်းနေလို့
မကောင်းတဲ့ အဓိပ္ဗါယ်လို့တောင် မထင်ကြတော့ဘူးလား မသိ။ အာဏာရှင်
ဆိုတာကို တချို့က စူပါမင်းလို့များ ထင်နေကြပြီလား မသိဘူး။ ဒီစကားလုံးက
အားပျော့တယ်ဆိုရင် “ရက်စက်သူ”လို့ တည့်တည့်ပဲ ပြောင်းပြီးခေါ်ရင် ကောင်း
မယ် ထင်တယ်။

လူတွေကလည်း အရက်စက်ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာလာတော့ ခေါက်
ရိုး ကျိုးပြီး “ထုံ” နေကြပြီထင်ပါရဲ့။ အာဏာရှင်ဟာ ရက်စက်သူ ဖြစ်တယ်။
မတရား လုပ်သူ ဖြစ်တယ်။ ပြစ်မှုကျုးလွန်သူ ဖြစ်တယ်။ ဆန့်ကျင် တော်လှန်
ရမယ့်သူ ဖြစ်တယ်ဆိုတဲ့အသိ ရင့်ရင့်ကျက်ကျက် ရှိထားနိုင်မှ။ မဟုတ်ရင်
အလားအလာ မကောင်းဘူး။ ငုံခံရပေါင်း များလှပြီ။ ခေါင်းတွေလည်း သွေး
တွေနဲ့ ချင်းချင်းနီလှပြီ။

တဘက်မှာလည်း အာဏာရှင်ဆိုတဲ့ဟာတွေက သူလိုကိုယ်လို တမြေထဲနေ
တနိုင်ငံထဲသားတွေပဲ ဆိုတဲ့ အသိလည်း ရှိနေဦးမှ။ မဟုတ်ရင် ကိုယ်လည်း
အခွင့်အရေး ရရင် အာဏာရှင်ဖြစ်လာနိုင်တယ်။ သတိထားမှ။ သတိကို ကျပ်
ကျပ် ထားမှ။ အခုကိုပဲ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေထဲမှာ အာ
ဏာရှင်စရိုက်၊ သဘာဝရှိသူတွေ။ မြင်နေရပြီ။ မြင်ခဲ့ရပြီ။ သတိတွေ ကျပ်ကျပ်
ထားပါမှ။

ဦးနေ၀င်းအဖြစ်ကို ကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းတောင်မှ လုပ်ကြံ မခံရပဲ
တိုင်းပြည်ခေါင်းဆောင် ဆက်ဖြစ်ခဲ့မယ်ဆိုရင် အာဏာရှင် တဦးဖြစ်လာနိုင်
တယ်လို့ ခန့်မှန်းပြောဆိုချက်တွေ ရှိခဲ့သေးတာပဲ။ ဆူဟာတို၊ ကက်စရိုစတဲ့
လွတ်လပ်ရေးခေါင်းဆောင်တွေလည်း အာဏာရှင် ဖြစ်လာခဲ့ကြတာကိုး။

အခုတော့ အနှစ်လေးဆယ်ကျော် အုပ်စိုးခဲ့သူ လစ်ဗျားအာဏာရှင် ကဒါဖီ
လစ်ရှာပြီ။ လောလောဆယ် ဘယ်ပျောက်လို့ ဘယ်ရောက်နေမှန်း မသိ။
မြို့တော် ထရီပိုလီမှာတော့ သေနပ်သံတွေ မိုးကောင်းကင်မှာ တညံညံ။
ပျော်လို့ ပစ်ကြတဲ့ အောင်ပွဲခံ သူပုန်တွေရဲ့ သေနပ်သံတွေပေါ့။ အီဂျစ်ပွဲက
၁၈ရက်နဲ့ ပြတ်ခဲ့တယ်။ လစ်ဗျားကတော့ ၆လလောက်ကြာတယ်။ ဒါတောင်
ပွဲပြတ်ပြီလို့ ပြောလို့ မရသေးဘူး။

မြန်မာအာဏာရှင်တွေကတော့ ရှေးကုသိုလ်ကံများ အင်မတန် ကောင်းကြ
ရှာပုံ ရပါတယ်။ ဆုတောင်း ကောင်းခဲ့ကြပုံလည်း ရတယ်။ ပုံစံမျိုးစုံပြောင်းပြီး
တိုင်းပြည်ကို နှိပ်စက်လို့ အုပ်ချုပ်လာကြတယ်။ သူတို့ကို ဖယ်ရှားဖို့ တောင်း
ဆို တော်လှန်ရင်း ဘ၀ပျက်ခဲ့ရသူတွေ မရေမတွက်နိုင်အောင် များခဲ့ရပြီ။
ထောင်တွေထဲမှာ။ လမ်းမတွေပေါ်မှာ။ တောတွေထဲမှာ။ တရားရုံးတွေမှာ။
ကျောင်းတွေထဲမှာ။ ဆေးရုံတွေထဲမှာ။ လူမသိ၊ သူမသိနေရာတွေမှာ အာ
ဏာရှင်ရဲ့လက်ချက်နဲ့ ဘ၀လွင့်ခဲ့ရသူတွေ။ မရေနိုင် မတွက်နိုင် တကယ့်
ကိုပဲ များခဲ့ပြီ။

ဆန့်ကျင်သူတွေ ကြွေးကြော်ကြသလို အာဏာရှင်တိုင်းတော့ မကျဆုံးပါဘူး။
အာဏာရှင်ဆန့်ကျင်သူတွေတော့ တော်တော်ကျဆုံးကြတယ်။ ဒါပေမဲ့လည်း
နိုင်ငံရေးဇတ်တွေကို ခပ်နာနာနဲ့ပဲ ဆက်ပြီး“က” ကြရတယ်။ အာဏာရှင်ဆိုတာ
ရှိလာမှတော့ ညိမ်ခံရင် ခံ။ မဟုတ်ရင် တော်လှန်။ ဇတ်က ဒီလိုဖြစ်လာသပေါ့။
မြန်မာပြည်က အာဏာရှင်များလည်း ဘယ်နည်းဘယ်ပုံ ဇတ်သိမ်းကြမယ် မသိ။

မြန်မာပြည်တင်မက ကမ္ဘာတ၀ှမ်းက အာဏာရှင် ဆန့်ကျင်ရေးဇတ်တော်ကြီး
တွေမှာ နည်းမျိုးစုံနဲ့ ကျဆုံးခဲ့ကြရရှာသော သူတော်ကောင်းအပေါင်းအား ဦး
ညွတ်ဂုဏ်ပြုပါရစေ။ အခွင့်အရေးများ ကြံကြံဖန်ဖန်နဲ့ ရလာရင်တောင်မှ အာ
ဏာရှင်အဖြစ်ကို လုံးဝ အရောက်မခံပါဘူးလို့လည်း အတိအကျ ကတိပြု
လိုက်ပါတယ်ဗျား။ လစ်ဗျားပြည်သူများအပါအ၀င် အားလုံး ကျန်းမာကြပါစေ။

(ရုပ်ပုံ ၊ ဂူဂလ်)

No comments: