Tuesday, August 9, 2011

အကောင်းမြင်သမားနဲ့ နောက်တပွဲ



















ဒေါက်တာ ကောင်းမြင်သူဟာ မြန်မာ့အရေး သိပ်ကိုကျွမ်းကျင်သူတဦးအဖြစ်
နိုင်ငံတကာ ပညာရှင်လောကမှာ ထင်ရှားကျော်ကြားပါတယ်။ နိုဘလ်ဆုလည်း
အကြိမ်ကြိမ်မှန်းထားပြီး အကြိမ်ကြိမ်လွဲနေသူ တဦးပါ။ မြန်မာပြည်မှာ ပြီးခဲ့တဲ့
နှစ် ရွေးကောက်ပွဲပြီးခါစက မြ၀တီသံရုပ်ဖုန်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်
ကို တင်ဆက်ခဲ့ဖူးပါတယ်။ ပရိတ်သတ်ကြီးရဲ့ အတင်းအဓ္ဓမ တောင်းဆိုချက်
တွေအရ တနှစ်နီးပါး ကြာလာတဲ့အချိန်မှာ နောက်တကြိမ်တွေ့ဆုံနိုင်ဖို့
Blueskyforest Co.Ltd က စီစဉ်ပေးခဲ့ရပါတယ်။

အခုတခေါက်တွေ့ဆုံမေးမြန်းခန်း တိုက်ရိုက်ထုတ်လွှင့်ချက်ဟာ အရင်တခါ
လို ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မှာ မဟုတ်တော့ပဲ တရုတ်မြန်မာနယ်
စပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ပြုလုပ်တာပါ။ မေးမြန်းသူက ကချင်မလေး
“အလ်မိုးတိမ်” ဖြစ်ပါတယ်။

တိမ် ။ ။ ဒေါက်တာကောင်း တွေ့ရတာ ၀မ်းသာပါတယ်။

ကောင်း ။ ။ သိပ်ဝမ်းသာတာပေါ့ တိမ်ရယ်။

တိမ် ။ ။ ဒေါက်တာကောင်းက နိုင်ငံတကာဟောပြောပွဲတွေမှာ မြန်မာ့အရေး
ကို လှည့်ပြီး ဟောနေရတဲ့သူဆိုတော့ မြန်မာ့အရေးကို နိုင်ငံတကာအမြင်တွေနဲ့
ရှင်းပြနိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ကောင်း ။ ။ ကိုယ့်အလုပ်က ဒါပါပဲ တိမ် ။ သိချင်တာ မေးပါ ။ သဘောပေါက်
ထားဖို့က ဒေါက်တာကောင်းမြင်အောင်ဟာ အကောင်းမြင်သမား စစ်စစ်ဖြစ်
တယ် ဆိုတာပါပဲ။ လောကကြီးကို ကောင်းစေချင်သူပါ။ ကောင်းအောင် နေ
တယ်။ ကောင်းတာကိုပဲ ပြောတယ်။ ကောင်းတာပဲ စားပြီး။ ကောင်းကောင်း
ကောင်းတတ်တယ် ဆိုတာပါပဲ။ ဟဲ..ဟဲ..ဟဲ..။

တိမ် ။ ။ ဒါနဲ့များ နိုဘလ်ဆုနဲ့ ဘာလို့လွဲလွဲ နေရပါလိမ့်နော်။

ကောင်း ။ ။ ကိုယ်လည်း ဒါကိုပဲ မေးနေတာ။ နိုဘလ်ဆုကော်မီတီမှာ ပြုပြင်
ပြောင်းလဲရေးတွေ လုပ်ဖို့လိုနေပြီလို့ ကိုယ်စာပို့ထားပါတယ်။ သူတို့အဖွဲ့က
ရွေးချယ်မှုတွေ တော်တော်လွဲမှားနေပါပြီ။ ပြီးခဲ့တဲ့အခေါက်ကဆို ဆုလာယူ
လို့ မရတဲ့ ထောင်ကျနေတဲ့ တရုတ်တယောက်ကို ပေးလိုက်တယ်။ အာဖဂန်နစ္စ
တန်မှာ ဗုံးမိုးရွာချနေတဲ့ အမေရိကန်လူမည်းသမ္မတကို ပေးလိုက်တယ်။ ဒါဟာ
လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ဟိုတရုတ်ကို ပေးမယ့်အစား ကိုယ့်ကို ပေးလိုက်ပေါ့။
အချိန်မရွေး ကိုယ်က သွားယူနိုင်နေတာပဲ။ နောက်တခါ တိုင်းပြည်ခေါင်းဆောင်
ကိုပဲ ပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လည်း အိုဘားမားကို ပေးမယ့်အစား ဗိုလ်
ချုပ်မှုးကြီးသန်းရွှေကို ပေးသင့်တာပေါ့။ အခုတော့ အကုန်လုံး လွဲ။ ဒီလူတွေကို
ပေးလိုက်တော့ရော လောကကြီး ဘာတွေများ ထူးလာလို့တုံး။

တိမ် ။ ။ ဒေါက်တာကောင်း ရေသောက်လိုက်ပါဦး။

ကောင်း ။ ။ ကိုယ်က ကချင်ပြည်နယ်ရောက်တုန်း ရေထက် ခေါင်ရည်ကို
ပိုသောက်ချင်တယ်။ ရနိုင်မလား။

တိမ် ။ ။ ခေါင်ရည်လည်း စီစဉ်ထားပါတယ် ဒေါက်တာကောင်း။

ကောင်း ။ ။ ဗဲရီးဂွတ်....ဗဲရီးဂွတ်....။ အဟွတ်...အဟွတ်။ (ခေါင်ရည်
သီးသွားသည်)

တိမ် ။ ။ ဒေါက်တာကောင်းလည်း အပြင်မှာ ပစ်သံ၊ ခပ်သံတွေ ကြားနေ
ရမှာပေါ့။ ကျမတို့ မြန်မာပြည် ဘယ်တော့များမှ ပြည်တွင်းစစ် ပြီးဆုံးမယ်
လို့ ထင်ပါသလဲ။

ကောင်း ။ ။ ပြည်တွင်းစစ်ဆိုတာက ပြီးဆုံးကောင်းတဲ့ အရာမဟုတ်ဘူးကွဲ့။
စစ်ဆိုတာ လောကရဲ့ အဆင်တန်ဆာ တခု။ သူ မရှိလို့ မရဘူး။ သတ္တ၀ါရှိရင်
စစ်ရှိမယ်။ စစ်ပွဲတွေရှိလို့ လောကကြီး တိုးတက်နေတာ။ စစ်ဆိုတာ ပြိုင်ဆိုင်
မှုပဲ။ ပြိုင်ဆိုင်မှု မရှိရင် တိုးတက်မှု မရှိဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်ရှိနေ
လို့ စစ်သားတွေလည်း စစ်သားရဲ့အလုပ်ကို လုပ်တတ် ကိုင်တတ်နေတာ။
တော်လှန်ရေးသမားတွေကလည်း သတ္တိသွေးတွေ အမြဲကြွနေတာ။ အရည်
အချင်းတွေ အမြဲမြင့်အောင် လုပ်နေရတာ မဟုတ်လား။ စစ်ဆိုတာ လိုအပ်
တဲ့အရာပါ အလ်မိုးတိမ်ရယ်။ စစ်ပွဲမရှိတဲ့ တိုင်းပြည်ဟာ ကမ္ဘာ့အလည်မှာ
ဘယ်လောက် မျက်နှာငယ်ရသလဲ။“ ပြည်တွင်းစစ်ကို အားပေးပါ ” အလ်မိုး
တိမ်ရယ်။ ဟဲ...ဟဲ...။

တိမ် ။ ။ ဧရာဝတီမြစ်ကြီး ပျက်တော့မယ်ရှင့်။

ကောင်း ။ ။ ဘယ်ကလာ။ ညာကလာ။ နိုင်ငံရေးသမားတွေ ဆင်တဲ့အကွက်ထဲ
အလွယ်တကူ မ၀င်ကြပါနဲ့။ ဧရာဝတီမြစ် မပျက်ပါဘူး။ မပျက်တဲ့အပြင် တရုတ်
ပြည်က ထပ်ပြီး စီးဆင်းလာမယ့် မြစ်အသစ်တွေတောင် မြန်မာပြည်မှာ ပေါ်လာ
ဦးမှာပါ။ တရုတ်ပြည်က မြစ်တွေ လမ်းကြောင်းပြောင်းပြီး မြန်မာပြည်ဘက်ကို
လှည့်ဖို့ ဦးတည်နေကြပါပြီ။ မြစ်ဆုံမှာ ရေကာတာ ဆောက်တယ်ဆိုတာ တရုတ်
ပြည်မှာ အိပ်နေသလောက်ပဲ ရှိပါသေးတယ်။ ဒီလောက်နဲ့တော့ ငါဒို့ဧရာဝတီ
မပျက်နိုင်ပါဘူး။ ကိုယ်ပြောတာကို ယုံပါ ။

တိမ် ။ ။ အရပ်သားအစိုးရကလည်း ဘာမှ မထူးပါလား ဒေါက်တာကောင်းရဲ့။

ကောင်း ။ ။ သာမန်အကြည့်နဲ့ ဆိုရင်တော့ ဘယ်အရာမှ တကယ့် အဖြစ်မှန်ကို
မမြင်ရနိုင်ဘူးကွဲ့။ ငါဒို့ မြန်မာ့နိုင်ငံရေးဆိုတာ သိပ်ပြီးသိမ်မွေ့တယ်။ နုညံ့တယ်။
အကိုင်အတွယ် မတတ်ရင် ကွဲကြေသွားနိုင်တယ်။ တကယ်တော့ မြန်မာပြည်ဟာ
ထူးထူးခြားခြားကို ကောင်းမွန်နေတာပါ။နို်င်ငံတကာကတောင် လိုလိုလားလားနဲ့
ကြိုဆိုနေကြပြီမဟုတ်လား။ ဦးအောင်ကြည်နဲ့ ဒေါ်စုတို့လည်း ကြေညာချက်
တစောင်ကို နှစ်ယောက်အတူတွဲပြီး ထုတ်ကြတဲ့အဆင့်တွေ ရောက်နေပြီလေ။
အမှန်ကို မြင်အောင်ကြည့်နိုင်ဖို့ ကြိုးစားကြပါဦး။

တိမ် ။ ။ ကဲ..ကဲ.. အချိန်ပြည့်တော့မှာမို့ ကျေးဂျူးကမ္ဘာပါ ဒေါက်တာကောင်း ။

ကောင်း ။ ။ အောရိုက်...အောရိုက်...။ အဲနီးတိုင်းမ်ပါပဲ..အဲ..ဟဲ...ဟဲ..ဟဲ..

လိုင်ဇာမြို့ ကချင်ရုပ်သံလွှင့်ဌာနရဲ့အပြင်ဘက်မှာ လူအုပ်ကြီး လှုပ်လှုပ်
ရွရွ ဖြစ်နေတာ ဒေါက်တာကောင်းမြင်သူ မသိရှာ။ ဒီလူအုပ်ကြီးဟာ မကြာ
ခင်တုန်းက ရန်ကုန်မြို့ သုဝဏ္ဏအားကွင်းမှာ အိုမန်အသင်းကို မှတ်လောက်
သားလောက်အောင် မြန်မာ့သွေးပြခဲ့ကြတဲ့ နိုင်ငံဂုဏ်ဆောင်
ဘောလုံးပရိတ်
သတ်ကြီးဆိုတာကို ဒေါက်တာကောင်းတယောက် သိမယ်ဆိုရင်
...။ သူ့ရဲ့
အယူအဆ၊ အပြောအဆိုနဲ့
သူ့ရဲ့ကံကြမ္မာပါ အကြီးအကျယ် ပြောင်းလဲသွား
လိမ့်
မယ်ဆိုတာကို တွေးမိပြီး ကချင်မလေး အလ်မိုးတိမ်က ပြုံးပြလိုက်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

Hmoo said...

ပြည်တွင်းစစ်ကိုအားမပေးလို့၊ကိုခင်ညွန့်တောင်ကိုယ့်ရှူးကိုပတ်တွားတယ်၊အလ်သန်းစိန်ရယ်...:)