Friday, August 5, 2011

“မ”တဲ့ကိန်း ဆိုက်မည်













နေပြည်တော်နိုင်ငံရေးလောကမှာ အခုတလော ရေပန်းစားနေတဲ့ ဝေါဟာရက
“ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး” ဖြစ်ပါတယ်။ ချိတ်ထမီဝတ် ကိုသိန်းစိန်တို့ရဲ့
အရပ်သားစစ်စစ် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ခပ်တည်တည်နဲ့ ကျယ်
လောင်ကျယ်လောင် ပြောနေကြတဲ့ အသုံးအနှုံးပါ။ ခေါင်းစဉ်ကတော့ (ထုံးစံ
အတိုင်း) ဟုတ်နေပါရောလား။ မြန်မာပြည်က ဆင်းရဲမှုတွေ ပပျောက်သွား
အောင် လုပ်ကြတော့မယ်ပေါ့။ သိုင်းကြ၊ ၀ိုင်းကြတော့မယ်ပေါ့။

အကိုသိန်းစိန်ရဲ့ ညာသံပေးချက်ကြောင့် ငဒို့ဆင်းရဲသားတွေလည်း ထိုင်ရ
မလို ထရမလိုနဲ့ “ကွတတ” ဖြစ်ကြရပါတယ်။ ဆင်းရဲမှုတွေကို တိုက်ဖျက်
မယ်ဆိုတာ ငဒို့တွေကိုများ သတ်ပစ်ကြတော့မလို့လားပေါ့။ နဂိုကမှ ဆင်းရဲ
ရတဲ့အထဲ စိုးရိမ်စိတ်တွေပါ ထပ်တိုးလာခဲ့ရသပေါ့ ကိုသိန်းစိန်ရယ်။ အထိပ်
ရယ်တဲ့မှ တလန့်် တလန့်။

မကြာခင်တုန်းကပဲ ငဒို့ရဲ့မိတ်ဆွေ ဆင်းရဲသား အဖေါ်သဟာ ဘလော်ဂါကြီး
ဇာနည်းဝင်း
နဲ့ လိုင်းပေါ်မှာဆုံကြတော့ သူ့ဂျီမေးရဲ့ဆောင်ပုဒ်ကလည်း မလူး
သာ မလွန့်သာကြီး။ ဘာတဲ့..“သူတို့ပဲ ဆင်းရဲအောင် လုပ်ခဲ့ကြပြီးတော့ အခု
တခါ ပပျောက်အောင် လုပ်ဦးမတဲ့” ဆိုလား။ ဟုတ်သားပဲ။ ကိုသိန်းစိန်တို့
ပဲ တိုင်းပြည်ကို ဆင်းရဲအောင်လုပ်နေတာ မဟုတ်လား။ လုပ်ခဲ့ကြတာ
မဟုတ်ဘူးလား။ ဘယ့်နှယ်...“သူခိုးက လူလူဟစ်” ဆိုတာမျိုးကြီး ဖြစ်
မနေဘူးလား ပေါ့နော်။

ငဒို့ ဆင်းရဲသားတွေဆိုတာက ဘာစည်းစိမ်မှ မရှိတော့ ရှိတဲ့ ဆင်းရဲမှု
လေးကိုပဲ ဟာသနှောပြီး ပျော်အောင်နေတတ်ကြတာကလား။ အဲဒါ
ကြောင့် ဘလော်ဂါဇာနည်ဝင်းကို ပြုံးစေဖို့ “ဟိတ်လူ။ တကယ်တမ်းက
ချမ်းသာမှုတွေကို ပပျောက်အောင်လုပ်ရမှာ မဟုတ်ဘူးလား” လို့ ပြန်ပြီး
နောက်လိုက်ပါတယ်။ သူကလည်း ထောက်ခံသဗျ။ “ဟုတ်တယ်။ အဲဒါက
ပိုလွယ်မယ်” တဲ့။ “သိပ်တော့လည်း လွယ်မယ်မထင်နဲ့ မြန်မာပြည်မှာ
ချမ်းသာတဲ့ သူတွေက သေနပ်ကြီးတွေနဲ့ အကိုရဲ့လို့ ” သတိပြန်ပေးခဲ့
ရတယ်။

ဟုတ်တော့လည်း ဟုတ်တယ်။ ငဒို့လို ဆင်းရဲသားတွေက တိုင်းပြည်မှာ
အများစု မဟုတ်လား။ ဒီလောက်ကြီးတဲ့ ဆင်းရဲမှုကြီးကို ပပျောက်အောင်
လုပ်ဖို့ဆိုတာ ချိတ်ထမီအုပ်စုရဲ့ အရည်အသွေးနဲ့ ဖြစ်နိုင်ပါ့မလား။ သူတို့က
အာဏာသိမ်းတာနဲ့ ပြည်သူတွေကို နှိပ်စက်တာလောက်ပဲ တတ်ကြတာ
မဟုတ်လား။ မဖြစ်နိုင်တာကြီး လူထင်ကြီးအောင်လျှောက်ပြောနေမယ့်
အစား။ လူနည်းစုဖြစ်တဲ့ ချမ်းသာနေကြသူတွေကို ပပျောက်အောင် လုပ်
လိုက်ရင် ငဒို့ တတိုင်းပြည်လုံး “တပြေးညီ” ဖြစ်သွားနိုင်တာပေါ့။

အဲဒီလိုလုပ်ရင် ဆိုရှယ်လစ်ခေတ်၊ ကွန်မြူနစ်ခေတ်တွေကို ပြန်ရောက်
သွားမှာ စိုးရိမ်ရတယ်လို့ ဝေဖန်ကြလိမ့်မယ်။ ကိုသိန်းစိန်တို့က ဒီမိုကရေ
စီကို “အာရုံပြုပြီး” သွားနေကြတာ။ အနှောက်အယှက် မပေးနဲ့။ “နာသွား
ချင်လား”လို့ ၀ိုင်းပြီး ဆုံးမကြလိမ့်မယ်။ ငဒို့က အပြုသဘောနဲ့ ထောက်ပြ
တာပါဗျာ။ မနာချင်ပါဘူး။ ဘေးအိမ်က တရုတ်ပြည်ကိုပဲ ကြည့်လိုက်။
ကွန်မြူနစ်ကြီး မဟုတ်ဘူးလား။ ချမ်းသာလိုက်တာမှ “ဝေါမိသောဖေါ” ပဲ။
အရင် မြန်မာ့ဆိုရှယ်လစ်ခေတ်တုန်းက အခုထက်တောင် နေရထိုင်ရ
အဆင်ပြေသေး။ အဲဒီခေတ်ကို ပြန်ရောက်လည်း ခပ်ကောင်းကောင်း
မဟုတ်လား။

ငဒို့ကတော့ ဆင်းရဲမှုလေး မပပျောက်ချင်ပေါင်။ ချမ်းသာသူတွေ ပပျောက်
ရင်ပဲ ၀မ်းသာရမှာပါ ကိုသိန်းစိန်ရယ်။ ချိတ်ထမီကြီးလည်း ကျွတ်ကျ နေပါ
ဦးမယ်ကွယ်။ မဟုတ်တာတွေ လျှောက်မပြောနဲ့တော့နော်။ အသက်လည်း
ကြီးလာပြီ မှုတ်လား။ အာဏာကို မြန်မြန် ပြန်လွှဲပေးလိုက်။ ဗိုလ်သန်းရွှေဆီ
မဟုတ်ဘူးဟဲ့။ နိုဘလ်ဆုရှင် “သည်လေဒီ” ဆီကိုပြောတာ။ သူ့ခင်မျာလည်း
အသက်က ကြီးရှာပေါ့။

(ရုပ်ပုံ ၊ ဂူဂလ်)

8 comments:

ဖိုးတုတ် said...
This comment has been removed by the author.
ဖိုးတုတ် said...

ကိုသိန်းစိန်က ချိတ်ထမီဝတ်ထားတယ် ဆိုတော့ လေဒီအုပ်ချုပ်နေတာမဟုတ်ဖူးလား၊

blueskyforest said...

ဟုတ်သပ..ဟုတ်သပ..သူက လေဒီတော့ လေဒီပဲ ဒါပေမဲ့ (သည်လေဒီ) မဟုတ်ဘူး။ (ဟိုလေဒီ)း)

Hmoo said...

လေဒီဂါဂါစိန်... :)

blueskyforest said...

ဆရာမှုး ဂါတလုံးဖြုတ်ပေးပါတဲ့..လေဒီဂါဂါကးD

လေသူ said...

ချိတ်ထဘီဝတ် သောက်တုံးတွေအကြောင်းတော့ ပြောမကုန်ဒီတသက်။ ခုရက်အတွင်းမှာပဲ သေပြည်တော်မှာ မြေအောက် ဂူဂလိုဏ်ရထားလမ်းစနစ်လုပ်ဖို့ စီစဉ်တဲ့သတင်းကြားရတယ်၊ ဖွတ်တွေ တွင်းအောင်းဖို့ မွေးကထဲက ဗီဇပါလာကြတယ်ထင်တယ်။ ဒီပုံမျိုးနဲ့ ဘယ်ကလာ ဆင်းရဲနွမ်းပါမှုပပျောက်မှာလဲ၊ မွဲဆေးဖော်ပြီး မွဲတွင်းတူးနေကြတာ။

သက်ဝေ said...

လက်စောင်းကတော့ ထက်သလားမမေးနဲ့... မိုက်နေရော...း))

ကိုပေါ said...

ရယ်လိုက်ရတာဗျာ။ ဒီလောက်စိတ်ညစ်နေတဲ့ကြားကပဲ ဟက်ဟက်ပက်ပက်ရယ်မိပါတယ်။