Friday, September 30, 2011

တန်းလန်းကြီး ဖြစ်ရပေါ့













 
အခုတော့လည်း တန်းလန်းကြီးဖြစ်ရပေါ့ ။ တော်သေးတယ် ကိုရွှေသမ္မဒ ကယ်
ပေလို့။ သူ့ကို နိုဘလ်ဆု ပေးကြပါ ။ ကုလားထိုင်လှုပ်မယ့်အရေးမို့ သူ့ခင်မျာ
အကင်းပါးရှာတယ်။ အများတကာက ရပ်ဆိုတော့လည်း ရပ်လိုက်ရသပေါ့တဲ့။
ဒီလောက်နဲ့ပဲ သမ္မဒကို ရှဲရှဲနီနေကြပါပြီ။

တရုတ်ကို အလျှော်ပေးဖို့ မလိုပါဘူး။ မြန်မာမလေးတွေ ရထားပြီးပြီပဲ။ သစ်
တောကြီးတွေ ယူထားပြီးပြီပဲ။ ကျောက်စိမ်းတုံးတွေ သယ်ထားပြီးပြီပဲ။ ပေါ
ချောင်ကောင်းနဲ့။ ဒီ ဖုတ်လှိုက်ဖုတ်လှိုက် မြစ်ကလေး အသက်ဆက်ရဖို့
အရေး။ ဒီလို တန်းလန်းဖြစ်ဖို့အရေး။ သိုင်းလိုက်ရ ၀ိုင်းလိုက်ရ။

အနဂ္ဂရော၊ ရသရော၊ ဆောင်းဦးလှိုင်ရော၊ ပုတီးကုန်းရော၊ အော်ပီကျယ်ရော၊
ဒေါ်စုရော။ အမတ်မင်းရော။ မင်းသားကျော်သူ ဇနီးမောင်နှံရော။ ဖေ့စ်ဘုခ်ရော၊
ဂျီမေးလ်းရော။ ဘလော်ဂါရော။ တွစ်တာရော။ ကိုယ်ရော သူရော။ အားလုံးကို
ရှဲရှဲနီလိုက်ကြ။

ရိုးတွင်းချဉ်ဆီကို စုတ်ဖို့ တရုတ်က ပိုက်တွေတတ်ထားတာ အများကြီးကျန်သေး
တယ်။ Save The (..............) အဲဒီလို ပိုစတာတွေ၊ တီရှပ်တွေ၊ စတစ်ကာတွေ
များများသာ ကြိုလုပ်ထား။ တရုတ်လိုလည်း ဘာသာပြန်ထား။ 保存(.........)  
အဲဒီလိုမျိုးပ။

လွယ်လွယ်ကူကူနဲ့ ငွေပေါ်တဲ့နည်းကတော့ ရှိတာထုတ်ရောင်းတဲ့နည်းပဲ။ အစိုးရ
မင်းများ ညဏ်ပြေးရှာတယ်။ အယုံအကြည်နည်းလို့ ထင်ပါ့။ ခေါ်ပေမဲ့လည်း ပြန်
လာတဲ့သူက မရဲတရဲ ခပ်နည်းနည်း။ ကိုအောင်ကြည်တို့လည်း ဧည့်ဂေဟာမှာ
ခပ်ပြုံးပြုံး။ ခေါင်းပေါင်းတွေတော့ ရောင်းအား မကျဘူးဆိုပဲ။ နေပြည်တော်နား
ရေကြီးနေတာလည်း မကျဘူးဆိုပဲ။

လွယ်တာကို ခက်အောင် လုပ်တတ်တာကလည်း နိုင်ငံရေးအနုပညာ တခုသာပ။
ဖမ်းထားရတာနဲ့ ။ ချီထားရတာနဲ့ ။ ချုပ်ထားရတာနဲ့ ။ ချိန်းလားချောက်လား လုပ်
ထားရတာနဲ့။ မီးစတဘက် ရေမှုတ်တဘက် ကိုင်ထားရတာနဲ့။ ကိုယ့်လိပ်ပြာလည်း
ကိုယ် မလုံ။ နောက်ကျောကလည်း မလုံ။ မလုံအစိုးရက လုံအောင်ဖုံးတဲ့ ပြဇတ်က
နေတော့ လူရယ်ရတာပေါ့။  

ခေတ်မီအောင် အချိန်မီ မှတ်ပုံတင်ထားကြ။ မုန့်ဟင်းခါးဆိုင်။ အကြော်ဆိုင်။ အနှိပ်
ခန်း။ ဆယ်ရက်စခန်း။ ဒုက္ခသည်စခန်း။ နိုင်ငံရေးပါတီ။ ကလေးထိန်းကျောင်း။ တပ်
မတော်။ မြင်းလှည်းဂိတ်။ မှတ်ပုံတင်ရုံးလည်း အမြန်မှတ်ပုံတင်လိုက်ဦး။

ဆန့်ကျင်သူတွေကတော့ ဆန့်ကျင်တာပဲတတ်တာမို့ ဆက်ပြီးတော့သာ ဆန့်ကျင်ကြ။          ထောက်ခံသူတွေကလည်း ထောက်ခံတာပဲတတ်လို့ ဆက်ပြီးတော့သာ ထောက်ခံကြ။
ငြင်းဆန်သူတွေကလည်း ငြင်းဖို့ပဲတတ်လို့ ဆက်ပြီးတော့သာငြင်းဆန်ကြ။ ခေါင်းခါကြ။
ဘေးထိုင်ဘုပြောတွေကလည်း ဘေးမှာပဲဆက်ထိုင်။ ဘုတွေပဲဆက်ပြောကြ။ ရေနွေး
ကြမ်းလေးနဲ့။ ဆေးပေါ့လိပ်လေးနဲ့။

နိုင်ငံတော်ကြီး အလားအလာ ကောင်းပါတယ်။ မြစ်ဆုံတန်းလန်းကို ပြခန်းလုပ်ရင်  
လောလောဆယ် ၀င်ငွေကောင်းနိုင်တယ်။ ဆုံဆို့နာ ကုသနည်းလည်း လေ့လာထား
ဦးမှ။


(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

သက်ဝေ said...

လောလောဆယ်တော့ အခုလို သိုင်းလိုက် ဝိုင်းလိုက်ရကြိုး နပ်ပါတယ်လေ... တန်းလန်းတော့ ဖြစ်နေတာပေါ့ အဟီး... :D

Hmoo said...

နိုဘယ်ဆုရှင်လောင်းသမ္မတ ဦးသိန်း စိန်ရဲ့ စွန့်စားခန်းများကိုချီးကျူးကြောင်း
လျော်ကျေးငွေအဖြစ်၊လယ်သမားများအတွက်
တရုတ်ငွေများကိုဘုံးပြီးဆရာကြီးသန်းရွှေအား
ဖော်လံဖားထားသောတရုပ်ပြေမှအိမ်ကြီးအား
ပြန်ရောင်းသင့် ကြောင်း.... :)