Thursday, September 22, 2011
ကုလားထိုင်
ကုလားအကြောင်း ခေါင်းစဉ်တတ်လိုက်တော့ မကောင်းတဲ့အကြောင်းတွေ
ရေးလိမ့်မယ်လို့ မထင်ပါနဲ့။ ကုလားကောင်းကြောင်း ရေးမယ်လို့လည်း မထင်
ပါနဲ့။ မြန်မာပြည်နဲ့ကပ်နေကြတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်ခုအကြားမှာ
မြန်မာတွေက အိန္ဒိယဘက်ကို ပိုယိမ်းတဲ့အကြောင်း ပြောချင်လို့ပါ။ ဒါများ ငါ
သိပြီးသားဆိုလည်း ဆက်ဖတ်မနေပါနဲ့တော့။
သမိုင်းသမားလို အထောက်အထားအခိုင်အလုံနဲ့ သမိုင်းစဉ်နဲ့ချီပြီး အချက်ကျကျ
တင်ပြနိုင်မှာ မဟုတ်ပါ။ သေချာတာကတော့ ဗုဒ္ဓဆိုတာ ကုလားကြီးပါပဲ။ ဒီကုလား
ကြီးကိုပဲ ဘုရားအဖြစ် တရုတ်ကလည်း ကိုးကွယ်။ မြန်မာကလည်း ကိုးကွယ်။
ဒါပေမဲ့ မြန်မာတွေရဲ့ကိုးကွယ်မှုပုံစံက တရုတ်ထက်စာရင် အိန္ဒိယဘက်ကို သိသိ
သာသာ ပိုပြီးယိမ်းပါတယ်။
ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက တရုတ်နဲ့ရော အိန္ဒိယနဲ့ပါ မြန်မာက
အဆက်အစပ်ရှိခဲ့တာပါ။ ဘယ်ဘက်ကို ဆက်ဆံရေး ပိုများသလဲတော့ မသိပါ။
အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းတဲ့အခါ မြန်မာဟာ အိန္ဒိယနိုင်ငံထဲ အလိုလိုရောက်
သွားပါတော့တယ်။ အဲဒီမှာ မြန်မာနဲ့အိန္ဒိယက ပီပီပြင်ပြင်ကြီး လုံးလားထွေးလား
ဖြစ်သွားတော့ တာပါပဲ။ နောက်ဆုံးမတော့ မြန်မာတွေရဲ့နန်းကျဘုရင် သီပေါလည်း
အိန္ဒိယမှာ ဇတ်သိမ်းရတဲ့အဖြစ်။ သူ့ရဲ့မျိုးဆက်လည်း အိန္ဒိအနွယ်ဝင်တွေဘ၀ ရောက်
ရတဲ့အဖြစ်။
အိန္ဒိယနဲ့ အဲဒီလောက် အဆက်အစပ်ရှိခဲ့လို့လည်း အိန္ဒိယရဲ့အရိပ်အရောင်တွေက
မြန်မာတွေဆီမှာ ပိုများနေတာပေါ့။ မြန်မာဝေါဟာရတွေမှာကိုပဲ “ကုလား” ဆိုတဲ့
စကားက “တရုတ်”ဆိုတာထက် ပိုများပါတယ်။ စာရင်းလုပ်ကြည့်ရအောင်။
ကုလားကာ။ ကုလားကျောင်း။ ကုလားတက်။ ကုလားတည်။ ကုလားထိုင်။ ကု
လားပဲ။ ကုလားဖန်ထိုး။ ကုလားဖြူ။ ကုလားမခြေထောက်။ ကုလားမျက်စိ။ ကု
လားရွှေ။ ကုလားသေ ကုလားမော။ ကုလားဟင်း။ ကုလားအော်။ ကုလားအုတ်။
ကုလားအုံးဆောင်းထပ်။ ချစ်တီးကုလား။ ကုလားတန်မြစ်။ ကုလားကျမင်း။
ကုလားသိုက် ကျားကိုက်။ ကုလားဒိန်။ ကုလားမခြင်းဆွဲနို့ဆီ။ တပေကုလားရွာ။
ကုလားလေး မဆလာ။ ကုလားကျော်ဟိန်း။ ကုလားပလီ။ ကုလားကင်ပွန်းသီး။
ဦးကုလားရာဇ၀င်။ ကျန်တာရှိရင် ဆက်ကြပါဦး။
တရုတ်နဲ့ပတ်သက်လို့ကတော့... ။
တရုတ်ကတ်။ တရုတ်စံကားပန်း။ တရုတ်မြောင်း။ တရုတ်အိမ်။ တရုတ်ပြေးမင်း။
တရုတ်ဘုံကျောင်း။ တရုတ်တန်း။ တရုတ်မန်ကျီးသီး။ ဒီလောက်ပဲ တွေ့ရတယ်။
မြန်မာပြည်မှာတရုတ်နဲ့ကုလား လူအရေအတွက်ကဘယ်ဟာက ပိုများသလဲ မသိ
ပါ။ လူဝင်မှုကြီးကြပ်ရေးက စာရင်းထုတ်သော် မကောင်းလော။
ကုလားဆိုတဲ့ ဝေါဟာရကို မြန်မာအဘိဓာန်မှာ ဒီလိုရှင်းပါတယ်။
(၁) အိန္ဒိယတိုက်ငယ်မှလာသော လူမျိုးများ။ (၂) သာမန်အားဖြင့် မြန်မာနိုင်ငံ
၏ အနောက်ဘက်ရှိ တိုင်းနိုင်ငံများမှ လာသူများ။ (၃) စက္ကူဖဲတွင် ဂျက်၊ ကွင်း၊
ကင်း ဖဲချပ်ကို ခေါ်သောစကား။ နိုင်ငံခြားမှ လာသော။ နိုင်ငံခြားမှ ဖြစ်သော။
အဲဒီလို ဆိုပါတယ်။ ဒါဆိုရင် တရုတ်ကို ဘာလို့ ကုလားလို့ မခေါ်လဲ။ သူလည်း
နိုင်ငံခြားက လာတာပဲ။
အဘိဓာန်ရဲ့ရှင်းလင်းချက်အတိုင်းဆိုရင် ကုလားနဲ့ပတ်သက်ပြီး နာစေ၊ သာစေ
တခုမှ မပါပါဘူး။ ဒါပေမဲ့ တချက်တချက် မြန်မာတွေက ကုလား..ကုလားနဲ့ခေါ်
နေကြတာ လူအချင်းချင်း နှိမ်ပြီးပြောသလို ခံစားနေရတာ ကြာပါပြီ။ အဲလိုတော့
မဖြစ်သင့်ပါဘူး။ နှိမ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပြောမိနေတာ အကျင့်ပါနေပြီဆိုရင်
ပြင်ဖို့ ကောင်းပါတယ်။ အိန္ဒိယန်းလို့ခေါ်ရင် ကောင်းမလား။ အိန္ဒိယနိုင်ငံသားတွေ
က သူတို့ကို ဘယ်လိုခေါ်စေချင်တာလဲ။ ကုလားကို နှိမ်ရအောင် ကိုယ်က ဘာမို့
လဲ။
တရုတ်ကိုရော မြန်မာတွေက ဘာကြောင့် တရုတ်လို့ခေါ်ကြသလဲ။ နာစေ၊ သာစေ
သဘောပါနေသလား။ ဒီလိုဆိုရင် မကောင်းဘူး။ မြန်မာတွေကို နှိမ်တဲ့သဘောနဲ့
နာမည်တမျိုးပေးပြီး ခေါ်နေရင် ကြိုက်မလား။ ကိုယ်ချင်းစာစိတ်နဲ့ နေထိုင်ဆက်ဆံ
ကြတာ ကောင်းတယ်။ ယဉ်ကျေးတယ်လို့ ခေါ်တယ်။ မြန်မာတွေ ယဉ်ကျေးသလား။ ဘယ်လောက်ယဉ်ကျေးတာလဲ။ ဒီမေးခွန်းတွေက မကြာခဏမေးနေရမယ့် မေးခွန်း
တွေပါ။ အဲဒါမှလည်း ကောင်းတဲ့ဘက်ကို ပိုရောက်လာမှာ။ ရေးတာ သိပ်ရှည်သွားပြီ။
ကုလားဇတ်ဆိုတော့လည်း ဒီလောက်တော့ ရှည်မပေါ့လေ။ မှုတ်ဘူးလား။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
3 comments:
သေ၇း အကို
ဘာတွေပြောနေတာလဲ
ကျွန်တော်သိသလောက်က တော့ ကုလားဆိုတာ အသားမည်းတဲ့သူကိုပြောတာလို. သိရပါတယ်၊ ဟုတ် မဟုတ်တော့မသိဖူး၊ အင်္ဂလိပ်လက်ထက်က အင်္ဂလိပ်က အိန္ဒိယက ဆင်းရဲတဲ့ ကုလားတွေကို မြန်မာနိုင်ငံကိုခေါ်လာပြီး လယ်ထွန် ၊ ကူလီအလုပ်၊ မိလ္လာ၊ အမှိုက်ကျုံး၊ လံခြားဆွဲတာကအစ ကုလားတွေကြီးပဲ၊
အဲ့ဒီတုန်းက ကျွန်တော်တို. အဘိုးအဘွားတွေ လက်ထက်မှာ မြန်မာဆိုတာ ချမ်းသာကြွယ်ဝတဲ့ ရွှေနိုင်ငံခေတ် အချိန်ပေါ့၊ ခုအချိန်မှာတော့ ဗိုလ်နေ၀င်းကအစ ယခုအုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေလုပ်လိုက်တော့မှ ပြည်သူတွေ ဆင်းရဲပြီးတော့ မြန်မာတွေ တိုင်းတစ်ပါးမှာ ကျွန်ခံနေကြရတယ်၊ ၀ဋ်လည်တယ်ဆိုတာ
ဒါမျိုးလားမသိဖူး ၊ (ဗိုလ်ကြီးတို.လာမှ ကျွန်မတို.ရွာကလေးလဲ ပြာကျတယ် ဆိုတာမျိုးပေါ့ ) ခုတော့လည်း အိန္ဒိယနဲ. တရုတ်က ချမ်းသာလာတဲ့ အပြင် မြန်မာနိုင်ငံကိုပါ ဟိုဘက်ဒီဘက်ဝါးမျိုနေလို. တိုင်းပြည်ပါ ပျောက်တော့မယ့်ကိန်းဆိုက် နေပြီ၊
ဘာပဲဖြစ်ဖြစ် အသားရောင်ခွဲခြားမှုမရှိပဲ လူလူချင်းလေးစားဖို.ကသာ အဓိကပါ၊ အသားဆိုတာလည်း ဖြူဖြူ ၊ မဲမဲ အရေပြား တစ်ထောက်ပါပဲ၊ လူရဲ့အရေပြားကို ခွာလိုက်တာနဲ. အားလုံးဟာ အတူတူပါပဲ၊
ကဲ ဘာရယ်လို.မဟုတ်ဖူး၊ ကုလား၊ တရုတ်နဲ. ပတ်သက်တာလေးကို ခေါင်းထဲပေါ်လာ တာလေးချရေးလိုက်ဦးမယ်၊ ကိုယ့်ဆရာက စာမေးပွဲစစ်နေတော့လဲ ဖြေလိုက်ဦး မယ်၊ အောင် မအောင်တော့ မသိဖူး ၊
ဂေါ်ရခါးကုလား၊ လံခြားကုလား ၊ ပန်ချာပီကုလား၊ ကုလားလေး၊ ခေါတောကုလား ၊ ခေါတောကြည့်ကြည့် (နှာဘူးအကြည့်ဖြစ် မိန်းခလေးကို ကြည့်ခြင်း)၊ ကုလားစုတ်၊ ကုလားပိန်၊ ကုလားနာ၊ ကုလားမ၊ ကုလားအော်သီး (ငရုပ်သီးက စပ်လွန်းလို. ကုလားတောင် အော်ရတယ်)၊ ပုရောဟိတ်ကုလား၊ ပုဏ္ဏားကုလား၊
တရုတ်ကတော့ ခြေသေးမတရုတ်၊ တရုတ်နှစ်သစ်ကူး၊ ဘိန်းစာတရုတ်၊ တရုတ်နံနံပင်၊ တရုတ်သိုင်းကား၊ တရုတ်အပ်စိုက် ပဲ မှတ်မိတယ်၊
မဟုတ် တရုပ်၊ ကလေး ကုလား ကျန်သေးတယ်ဗျ။
Post a Comment