Monday, September 12, 2011

မီးတောက်မယ့် မြစ်














“လက်ရုံးမီးတောက်” ဆိုတဲ့စကား ကြားဖူးကြမှာပေါ့။ လက်ရုံးဆိုတာက
လက်မောင်း။ လက်မောင်းကို ဘယ်သူက မီးလာရှို့လို့ မီးတောက်ရသလဲ။
တင်စားချက်သဘော ပြောကြပုံရပါတယ်။ အလကားနေရင်းတော့ လက်
မောင်းကြီး မီးထ မတောက်ပါဘူး။

ဘုန်းတန်ခိုးကြီးမားတဲ့သူမို့ လက်ရုံးက မီးတောက်တယ်လို့ ဟိုးအရင်
အခါက ယုံကြတယ်။ လက်မောင်းကြွက်သား အားကောင်းတော့ မီးထ
တောက်မတတ် သန်စွမ်းတယ်လို့ တင်စားတာဖြစ်မယ်။ လျှပ်စစ်ဓါတ်
အား မပေါ်ခင်ခေတ်တုန်းကပေါ့။ မီးတချက် တောက်ဖို့အရေး ခက်ခဲ
နေသေးပုံရပါတယ်။

ဟော..။ အခုအခါမတော့ ဧရာဝတီမြစ်ကြီး မီးထတောက်မတတ် အသံ
တွေ ထွက်နေပြန်ပါပကော။ ဘယ်နဲ့ကြောင့်ပါတုံး။ အစိုးရမင်းများက
ဧရာဝတီကို လည်မျိုကနေ ညှစ်ပြီး လျှပ်စစ်ဓါတ်တွေ ထုတ်မလို့ ဆိုကိုး။
ဧရာဝတီက မီးမတောက်ခင် ပြည်သူတွေရဲ့ ဒေါသမီးကအရင် တောက်
နေကြပြီ။ အင်း....ရွှေပြည်ကြီးမှာ ပြဿနာတခုတော့  စလာပြန်ပေါ့လား။

စကားစပ်လို့ လူအများသိတဲ့ ပျက်လုံးတခုကို ကြားညှပ်ပြီး ပြောလိုက်ပါဦး
မယ်။ “သတင်းစာကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ်” ဆိုတာလိုပေါ့။
အခုလည်း ဧရာဝတီမြစ်ကြီး ဓါတ်တွေလိုက်နေပြီ။ လျှပ်စစ်ဝန်ကြီး ဦးဇော်
မင်း ဆိုသူကလည်း မလျှော့ဘူးတဲ့။ ဧရာဝတီမြစ်တရိုး လျှပ်စစ်တွေ ဖြိုးစေ
မတဲ့။ လျှပ်စစ်ဓါတ်နဲ့ပတ်သက်ရင် မြန်ပြည်တခွင် လာမယှဉ်လေနဲ့ သူသာ
လျှင် အသိဆုံးပါတဲ့။ သူ့ခင်မျာလည်း ဓါတ်အတော် လိုက်နေရှာတယ်။

“ဧရာဝတီကို ကယ်တင်ကြ” ဆိုတဲ့ ကြုံးဝါးသံနဲ့ သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းလိုသူတွေကလည်း တဘက်မှာ လက်မောင်းကြွက်သား ညှစ်
ပြနေကြပြီ။ အခုဆို နံပတ်ဆယ့်တစ် သတင်းဂျာနယ်ကလည်း သတ္တိ
ကောင်းကောင်းနဲ့ ဧရာဝတီကို မထိလေနဲ့ ကလောင်နဲ့တွယ်မဟဲ့ ဆိုပြီး
ရှေ့ကို တလှမ်းတိုးလာနေပြီ။ စာပေအနုပညာသမားတွေလည်း ဧရာ
ဝတီအရေး ရှေ့ကိုတိုးကြပြီ။

လွှတ်တော်ထဲမှာလည်း မပွင့်တပွင့်နဲ့ ပြောဆိုသံတွေ ကြားနေရပြီ။ အွန်
လိုင်း လှုမှုကွန်ယက်တွေမှာလည်း ဧရာဝတီချင်း မိုးမွှန်နေပြီ။ ဒေါ်စုက
လည်း တချက်ဝင်“ကစ်”ထားတယ်။ ပြည်ပမှာ တရုတ်သံရုံးကို ဆန္ဒပြတာ
တွေ ရှိလာပြီ။ ပြည်တွင်းမှာလည်း “ရိုးရိုးပြောမရရင် လမ်းပေါ်တက်ပြောရ
လိမ့်မယ်” ဆိုတဲ့ လေသံတွေ ပစ်နေကြပြီ။ လက်မောင်းလှဲတဲ့ အားစမ်းပွဲ
တခုတော့ ဧရာဝတီမြစ်ပေါ်မှာ ကျင်းပနေလေပြီ။

ဘယ်သူ့ လက်ရုံးက မီးထတောက်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
လောလောဆယ်တော့ ဧရာဝတီမြစ်ခင်မျာ လည်မျိုကို အညစ်ခံနေရရှာ
တယ်။ မြစ်ဆုံက ရေကာတာ ဖွင့်ပွဲကိုပဲ မြင်ရမလား။ ဘာလင်တံတိုင်းကို
ဖြိုသလို ရေကာတာ ဖြိုပွဲကိုပဲ ကြုံရမလား။ ဟိုမရောက် ဒီမရောက်နဲ့
တို့လို့တန်းလန်းကြီးပဲ ဖြစ်နေမလား။

ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ပြောတာတခုနဲ့ နိဂုံးချုပ်လိုက်ပါ
တော့မယ်။ “တတိုင်းပြည်လုံးမှာ လျှပ်စစ်မီးတွေလင်းပြီး ဧရာဝတီမြစ်
ကြီး ပျောက်သွားမယ့်အရေးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။ အမှောင်ထဲ
မှာပဲ ဆက်နေသွားမယ်။ ဧရာဝတီတော့ အပျောက်မခံနိုင်ဘူး” တဲ့။ အော်...
လျှပ်စစ်....လျှပ်စစ် ။ ဧရာဝတီမြစ် မီးထတောက်မယ့် အဖြစ်ပါကလား။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

Hmoo said...

မီးဘဲတောက်မလား၊ဗမာပြေအလည်မှာဒုက္ခသည်
်စခန်းဖွင့် ရမလားစိတ်ဝင်တစားပါဝင်ကြည့်ရှူ...

Thu said...

အမှောင်ထဲမှာပဲဆက်နေသွားမယ်။
So sentimental, not practical.
How could we emerged from poor countries without infrastructures.
No pain, No gain at all.