4 years ago
Tuesday, September 27, 2011
ဦးနေ၀င်းကို ငါမသတ်ဘူး
ဘုမသိ ဘမသိနဲ့ ဦးနေ၀င်းခေတ်မှာ လူဖြစ်လာသူပါ။ ရဲဘော်သုံးကျိပ်ဝင်
ပုဂ္ဂိုလ်ကြီးမို့ သူရဲကောင်းတဦးလို့ မှတ်ခဲ့ရပါတယ်။ လမ်းစဉ်ပါတီဝင် မဖြစ်
ခဲ့ပေမဲ့လည်း အညမည သဘောတရားတွေ၊ ဆိုရှယ်လစ်စာပေတွေ ဟိုတစ
ဒီတစ ဖတ်ဖူး၊ မှတ်ဖူးခဲ့သပေါ့။
ကံကောင်းချင်တာလား၊ ကံဆိုးချင်တာလား။ ကွန်မြူနစ်အနွယ်ဝင်တွေနဲ့
မိတ်ဆွေဖြစ်ခဲ့ရ။ တော်လှန်ရကောင်းမှန်း သိခဲ့ရ။ ဦးနေ၀င်းဟာ အာဏာရှင်
ကြီးမှန်း သိခဲ့ရ ။ သူ့ကိုဆန့်ကျင်။ တိုက်ပွဲဝင်။ “နေ၀င်း၊ စန်းယု အလိုမရှိ”
အဲဒီက စခဲ့ပါတယ်။
၈၈မှာ လူတွေသေတော့ နေ၀င်းကိုလည်း သေစေချင်ခဲ့တယ်။ လူထုအားနဲ့
အနိုင်ယူ။ နေ၀င်းကို ဖမ်း။ ခုံရုံးတင်။ သေဒဏ်ပေး။ စိတ်မှာ သိပ်နာခဲ့တယ်။
နောက်ဆုံးတော့လည်း ဦးနေ၀င်းက သူ့ဟာသူ လူကြီးရောဂါလေးနဲ့ပဲ အေး
အေးဆေးဆေး သေသွားခဲ့တာပါ။
စန်းယုကိုလည်း မုန်း၊ စိန်လွင်ကိုလည်း မုန်း။ မောင်မောင်ကိုလည်း မုန်း။
စောမောင်ကိုလည်း မုန်း။ သူတို့တွေလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ အေး
အေးဆေးဆေး သေဆုံးသွားခဲ့ကြ။ တရားဥပေဒရှေ့ကို ဘယ်သူကမှ မခေါ်
ဆောင်နိုင်ခဲ့ပါဘူး။ လောကကြီးက မတရားဘူးလို့ ခပ်စောစောကတည်းက
သဘောပေါက်ထားပြီးသားပါ။ သူတို့တွေကို မုန်းရင်း ငါကိုယ်တိုင်လည်း တိုင်း
ပြည်နဲ့ ဝေးသည်ထက် ဝေး။
သူတို့တွေလွန်တော့ လာပြန်ပြီ နောက်တဦး။ ကျောက်ဆည်သား သန်းရွှေ။
ငါ့လိုပဲ တရုတ်သိုင်းကားကြိုက် ဆိုပဲ။ သူ့ကိုလည်း ဆက်ပြီးမုန်းပါတယ်။ ခုံ
ရုံးတင်ပြီး သတ်ချင်နေတုန်းပါပဲ။ အခြေအနေတွေကြည့်ရတာ သူလည်း သူ့
စရိတ်နဲ့သူ အေးအေးချမ်းချမ်း သွားမယ့်ပုံပါပဲ။
ခင်ညွန့်ကိုလည်း မုန်းတာပဲ။ ထောင်ကျနေလည်း တစက်မှ မသနားဘူး။ အခု
တော့ ဖြစ်နေကြပုံများ။ ခေတ်သစ်မြန်မာ့သမိုင်းမှာ အရက်စက်ဆုံး စစ်ထောက်
လှန်းရေးတွေကိုပဲ မိတ်ဆွေကောင်းလို့ မှတ်ရမလိုလို အသံတွေညံလို့။ ခုံရုံးကို
တက်စေချင်တဲ့သူတွေက တခြား။ တက်နေရတဲ့သူတွေက တခြား။ “ဖြစ်မှ ဖြစ်
ရလေ” ဆိုတာ ဒါကိုပြောတာပေါ့။
အခုလည်း ခွေးပါးစပ်က နတ်စကားထွက်။ ရွှေမန်းက လွှတ်တော်ထဲမှာ
“ ဒီမိုကရေစီ ဘက်တော်သားများ ခင်ဗျား...” တဲ့။ ဖြစ်ရပုံက။ အင်တာနက်
တွေပြန်ဖွင့်ပေးလို့ ကိုရွှေကျော်ဆန်းကပဲ သဘောကောင်းတဲ့ ကျောင်းတကာ
ကြီးလိုလို။ ဒေါ်စုနဲ့တနာရီလောက် ထိုင်စကားပြောလို့ ကိုရွှေသိန်းစိန်ကိုပဲ
ကျေးဇူးရှင်စာရင်း သွင်းရတော့မလိုလို။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်
ပေးတဲ့အခါကျရင်လည်း ကောင်းမှုကုသိုလ် လုပ်ပေးရှာတယ်ဆိုပြီး သာဓု
အကြိမ်ကြိမ် ခေါ်ရတော့ မလိုလို။ ချည်ထားတဲ့ကြိုးတွေ တရစ်ချင်း ပြန်ဖြည်
ပေးနေတာကိုပဲ နိုင်ငံတကာအလိုက် ၀မ်းသာပေးနေရ။ ဒို့အဖြစ်က ဒီလို။
အခုတော့လည်း ဒီမိုကရေစီဆိုတာ တောင်းယူလို့ မရ။ တိုက်ယူလို့လည်း မရ။
သူတို့ပေးမှ ရမယ့်အရာ ဖြစ်နေပါပေါ့လား။ အို...ဘယ်လိုပဲ ရရ ။ ရရင် ပြီးရော
မဟုတ်ဘူးလား။ ရရင် ရ ၊ မရရင် ချလို့ အော်ခဲ့တာ။ ရမှ မရပဲကိုး။
တိုက်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေ၊ ထောင်တွေထဲ နေပေးခဲ့သူတွေ။ ဘဝ
ပျက်ခဲ့ရသူတွေ။ သူတို့တွေ ရင်းပေးရတာ တန်၏ မတန်၏။ မစဉ်းစားရဲတော့ပါ။
သွားလေသူ ဦးနေ၀င်းကတော့ အထက်ပုံမှာ မြင်ရတဲ့အတိုင်း ပြုံး၍သာ နေပေ
ဦးတော့မည်။
ဦးနေ၀င်းသေတာ ငါ့ကြောင့် မဟုတ်ပါ ။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
3 comments:
အခုတော့လည်း ဒီမိုကရေစီဆိုတာ တောင်းယူလို့ မရ။ တိုက်ယူလို့လည်း မရ။
သူတို့ပေးမှ ရမယ့်အရာ ဖြစ်နေပါပေါ့လား။
It's true, Gen Ne Win has opened Multi-parties democracy, Gen. Than Shwe gave way to discipline democracy.
ရှု့မောင် ခေါ် နေ၀င်း ကို ငါသတ်တာ ... လို့ အော်ချင်ပါဘိ ...
အေးဆေး သေသွားတယ် ဆိုပေမဲ့ .. သူ့ အသည်း မြေးချစ်တွေ .. ထောင်ကျ နေတယ် ဆိုတဲ့ .. စိတ်သောကလေး မသေခင် ပေးခဲ့ တဲ့ သန်းရွှေ ကိုတောင် ကျေးဇူး တခု တင်လိုက်ပါတယ် ...
မင်းအောင်လှိုင် ကိုလည်း အဲသလို ကျေးဇူးတင်ချင်ပါတယ်
ကြိုက်လွန်း လို့ ရှယ် သွားပါတယ်ခင်ဗျာ ..အလွန့် အလွန်ကြိုက်၏..
Post a Comment