Thursday, September 8, 2011

မိုးတအုံ့အုံ့













ဘာကြောင့်ရယ်မသိ စာကလေးတွေ အနိမ့်ပျံ ။ ဒို့မြို့ပြင်တခိုမှာ
မိုးတွေက တအုံ့အုံ့ ။ တညလုံး ရွာခဲ့တဲ့ မိုး။ မြေတခွင်လုံး ရွှဲရွှဲစို။
သစ်ရွက်စိမ်းစိမ်းတွေမှာ မိုးရေစက်တွေ တလက်လက်။ စိမ်းစိမ်း
ရယ်တဲ့မှ စိုနေတဲ့ မနက်ခင်း ။ ခဲပုပ်ရောင်တိမ်ထုကြီး ကောင်းကင်
မှာ ညိမ်လို့။ ဒီမနက်ခင်း ခပ်မှိန်မှိန်မှာ။

အော်နေကျ ငှက်တွေ ဒီမနက်တော့ အသံတိတ်။ ငါ့လိုပဲ အိပ်ရာ
ထဲမှာ ကွေးနေကြသလား။ ငါ့ရဲ့ပြုတင်းပေါက်ကြီး။ ဒီပြုတင်းပေါက်
ကြီးကပဲ ငါငေးနေ။ ငါမြင်တာ ငါချရေး။ လေအေးတွေ နှေးနှေးတိုက်။
သစ်ရွက်တွေ ဖြေးဖြေးလှုပ်။ မိုးစက်တွေ ပြုတ်ကျသွား။
သစ်ပင်အောက်က ရှဥ့်နှစ်ကောင် ကယောင်ချောက်ခြား ထလို့ ခုန်။
မိုးတအုံ့အုံ့ မနက်ခင်း။ ကော်ဖီကလည်း သောက်လို့ကောင်း။ မနက်
စာကို ပလာတာစားတယ်။ သကြားနဲ့ပါဘုရား။

ပြောရင်းဆိုရင်း မိုးတွေရွာ။ မိုးသံက တရှဲရှဲ ။ ငှက် သုံးလေးကောင်
ထလို့ အော်။ မိန်းမကြီးတယောက် ထီးဆောင်းရင်း ခွေးကျောင်းထွက်။
ခွေးနှစ်ကောင်။ မြေစိုစိုမှာ ပျော်ပါး။ ကားတစီး မောင်းထွက်သွား။ ရေသံ
တွေ ရှဲကနဲ ကြား။ မိုးတဖွဲဖွဲ မနက်ခင်း။ ငါ့လောကကြီး ရွှဲရွှဲစို။ သီချင်း
တပုဒ်တော့ ဖွင့်ထားဦးမှ။ ဒီစာကို ဒီမှာရပ်မယ်။ ဖုန်းခေါ်သံ ကြား။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

သက်ဝေ said...

Hip Hop သံစဉ် ခပ်ပါးပါးထဲ့လိုက်ရင် စိုင်းစိုင်းရဲ့ ဝမ်းနည်းမှတ်တမ်းကတောင် ဝမ်းနည်းသွားလိမ့်မယ်... (သိပ်မိုက်နေလို့...)