အခုတလော ပြန်သံတွေ ကြားနေရပါပြီ။ ပြန်သူတွေကို အသံထွက်ပြီး အား
ပေးကြတဲ့ အသံရော၊ အသံတိတ်နည်းနဲ့ အားပေးကြတဲ့ အသံရော၊ အဆင်း
ဘီးတတ်တဲ့ အသံရော၊ သူများ အပြန်ကို ခြေထိုးခံလိုက်တဲ့ အသံရော စုံလို့..
စုံလို့ ။ ရှေ့မှာ ဒီအသံတွေ ဆက်ပြီး ကြားနေရဦးမယ်။
အခုလည်း မြန်မာမိတ်ဆွေတဦးက အတင်းဖိတ်လို့ သူတို့အိမ် အလည်သွားရ
တော့ ဒီအသံတွေကိုပဲ တချိန်လုံး ကြားခဲ့ရတယ်။ သူ့အိမ်မှာ တခြားမြန်မာတွေ
လည်း ရောက်နေတာကိုး။ ထုံးစံအတိုင်းပါပဲဗျား။ ဟိုလူကတော့ ပြန်တော့မယ်။
ဟိုလူကတော့ ရောက်တောင် ရောက်သွားပြီ။ သူကတော့ အာဏာရှင် ရှိနေ
သရွှေ့ ဘယ်တော့မှ အညံ့ခံမှာ မဟုတ် ဆိုတာမျိုးတွေ နားပူအောင် ကြားခဲ့ရ
ပါတယ်။
တခြားအကြောင်း စကားပြောင်းကြည့်လည်း မရပါဘူး။ မြန်မာတွေ စုံတော့
လည်း မြန်မာအကြောင်းပြောကြတာ တကယ်တော့ မဆန်းဘူးပေါ့လေ။
ခေတ်စားနေတဲ့အကြောင်း အဓိကထားပြီး ပြောကြတော့မှာပေါ့။ ဘယ်လို
ဖြစ်သွားတယ် မသိ။ အဲဒီအိမ်မှာ အမျိုးသားတွေက တစု ၊ အမျိုးသမီးတွေက
တစု ဖြစ်သွားကြတယ်။
အမျိုးသမီး၊ အမျိုးသား တနေရာစီမှာ အုပ်စုကွဲပြီး ပြောဆိုနေကြပေမဲ့ ပြောတဲ့
အကြောင်းကတော့ ဒါပါပဲ။ အပြန်လမ်း အကြောင်းပါပဲ။ အမျိုးသမီးဝိုင်းမှာ စိတ်
ဝင်စားမိတာ တခုက သူတို့တွေမြန်မာပြည်ကို လွမ်းတဲ့အကြောင်း ခံစားချက်ပါ
တဲ့ အသံတွေ ပိုထွက်နေတာပါ။
မနက်မိုးလင်းတာနဲ့ ပဲပြုတ်သည်အသံ မကြားရပဲ အိပ်ရာထခဲ့ရတဲ့ အဖြစ်ကို
ငိုမိတဲ့သူလည်း ပါရဲ့။ မနက်တိုင်း အလှပြင်ပြီး မုန့်ဟင်းခါးထွက်စားရတဲ့ အရ
သာ စသဖြင့် ခံစားချက်တွေ အလုအယက်ကို ထုတ်ပြောနေကြတာပါ။ အချုပ်
ကို ဆိုရသော်။ သူတို့တွေ ပြန်ချင်နေတယ်။ ဒီမှာ မရနိုင်တဲ့ အရသာတွေကို
ပြန်ပြီး ခံစားချင်နေတယ်။ တကယ်တော့ မဆန်းပါဘူး။ ဇာတိမြေလွမ်းသူတိုင်း
ဒီလိုပဲ ဖြစ်ရမှာပေါ့။
ပြောချင်တာက အသံတွေအကြောင်းပါ။ အမျိုးသမီးတွေက ဈေးသည်တွေရဲ့
အော်သံ၊ ရောင်းသံတွေကိုပါ အကြီးအကျယ် လွမ်းနေကြပါတယ်။ ပါးစပ်က
လည်း သူတို့လွမ်းတဲ့ ဈေးသည်အော်သံတွေအတိုင်း အော်ပြကြပါတယ်။
သူတို့တွေက ဈေးရောင်းသလို အော်ကြတော့ အမျိုးသားဝိုင်းကလည်း စိတ်
ဝင်စားသွားတယ်။ သူတို့ကလည်း သတိရတဲ့ ဈေးသည်အော်သံတွေ အော်ပြ
ကြပြန်တယ်။
မိတ်ဆွေရဲ့အိမ်ဟာ ဈေးသည်အော်သံ မျိုးစုံနဲ့ ညံနေပါလေရော။ ကားသမားက
အော်တဲ့အသံ။ အိုးတိုက်ဖွဲပြာသည် အော်သံ။ မုန့်လက်ဆောင်းသည်ရဲ့အသံ။
အညာသား မိသားတစုလည်း ပါသမို့ သူတို့ဒေသက ဈေးသည်တွေရဲ့ အသံ။
မော်လမြိုင်သားကလည်း မော်လမြိုင်ဈေးသည်သံ။ ရွှေတိဂုံဘုရားက ပန်းသည်
မလေးတွေရဲ့ အသံ။ အပ်ချည်လုံးရောင်းသူရဲ့ အသံ။ သင်္ဘောပေါ်မှာ ဆေးလိုက်
ရောင်းတဲ့ အသံ။ ရထားဘူတာတွေက ဈေးသည်တွေရဲ့အသံ။ ဓါးသွေးသမားရဲ့
အသံ။ ကြက်တွေ အပြိုင်တွန်ပြီး ခွေးတွေ အပြိုင်အူကြသလို ဈေးသည်သံတွေနဲ့
မွှန်ထူသွားပါတယ်။ သူတို့လည်း ဒီလိုအော်ကြပြီး ကျေနပ်သွားပုံရတယ်။ ပြုံးလို့။
အိမ်ပြန်ရောက်တဲ့အထိ အဲဒီအော်သံတွေ နားထဲမှာ ကြားမိနေတယ်။ သူတို့တွေ
လွမ်းလည်း လွမ်းလောက်ပါပေရဲ့။ ဈေးသည်တွေခင်မျာမှာ သူ့ကုန်ပစ္စည်းလေး
ရောင်းရဖို့အရေး လူအများ စိတ်ဝင်စားလောက်မယ့် အသံကို ဖန်တီးပြီး အော်
ဟစ်ရတာလေ။ အော်နေရုံနဲ့တင် မပြီးဘူး။ ရပ်ကွက်တကာ၊ လမ်းတကာ လှည့်ပြီး
ရောင်းကြရရှာတာ။ နေပူ၊ မိုးရွာ၊ လမ်းဆိုး လမ်းကျိုးတွေကြားမှာ အော်ဟစ်ပြီး
ဈေးရောင်းနေကြရတာ။ ဒီအော်သံလေးကို အားပြုပြီး လူတွေဝယ်ချင်အောင်
လုပ်ကြရတာကိုး။
ကြုံဖူးတာတွေရှိတယ်။ ငယ်ငယ်က လမ်းထဲကိုဝင်လာတဲ့ ဈေးသည်ကြီးတဦး
အ၀တ်အစားဟောင်းတွေနဲ့ ပလပ်စတစ်ပစ္စည်းတွေလဲတာ။ သူ့ခေါင်းမှာရွက်
ထားတဲ့ တောင်းကလည်း အကြီးကြီး။ အမြင့်ကြီး။ တဖြေးဖြေးချင်း လမ်းထဲ
ကို အော်ရင်း ၀င်လာတုန်း။ ဗြုန်းဆို ခွေးတကောင်က ၀င်ဆွဲပါလေရော။ ထိမ်း
မရ သိမ်းမရနဲ့။ ခွေးကိုက်ခံရတဲ့အပြင် သူ့တောင်းကြီးလည်း မှောက်သွားလို့
ပစ္စည်းတချို့ ပျက်သွားခဲ့တယ်။ သနားလိုက်တာ။ အိမ်က သူ့ကိုခေါ်ပြီး ဆေး
ထည့်၊ ရေတိုက် လုပ်ပေးလိုက်ပါတယ်။
ဒီအကြောင်းတွေ သိပ်မရေးချင်ဘူး။ ဒို့ပြည်မှာက ဇတ်နာတာတွေ သိပ်များ
တယ်။ ပြောမယ်ဆိုရင် ရင်နင့်စရာဇတ်လမ်းတွေ အများကြီးရှိတယ်။ လမ်း
တကာလှည့်ပြီး ဈေးသည်တွေ အော်ရောင်းနေတဲ့အဖြစ်က ဆင်းရဲတဲ့ တိုင်း
ပြည်တွေမှာပဲ ရှိတာ။ အခုနောက်ပိုင်း တိုက်တွေများလာတော့ လမ်းထဲမှာ
လျှောက်ပြီး ရောင်းရုံတင်မက လှေကားကျဉ်းကျဉ်းတွေကိုပါ တက်ပြီးရောင်း
ကြရရှာသတဲ့။
ဈေးသည်တွေရဲ့အသံကို လွမ်းတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့
အဖြစ်တွေကို ကိုယ်ချင်းစာမိစေချင်တယ်။ ဘယ်သူက ဒီလို ရောင်းချင်ပါ့မလဲ။
ပြည်တော်ပြန်များ ဒီအချက်လောက်ကိုပဲ ကောင်းကောင်းစဉ်းစားမိရင် ပြည်သူ
တွေအတွက် အကျိုးရှိလိမ့်မယ် ထင်ပါရဲ့ ။
(ရုပ်ပုံ ၊ အေပီ)
5 comments:
ဘလူးစကိုင်းရော မပြန်ချင်ဖူးလား
အော်... ဘယ့်နဲ့ပြောပါလိမ့် ။
ဘာသံကိုလွမ်းလို့ပြန်မှာလဲ။ အကို့ တယောက်ထဲလားဆိုတာကိုလား :P
အဲသလို မမေးတော့ဘူးတဲ့။ ဖေါက်သည်တွေ လှိမ့်ဝင်နေလို့ “လာထား...လာထား ”ဆိုလားပဲဗျ။း)
အေးဗျာ၊ မြန်မာနိုင်ငံသားအားလုံး မြန်မာပြည်ကို ပြန်ခွင့် ရှိကိုရှိရပါလိမ့် မယ်၊ မြန်မာပြည်ကြီးက ခင်ဗျားမပိုင်၊ ကျွန်တော်မပိုင် အားလုံးပိုင်တဲ့နိုင်ငံကြီးပါ၊ အဖက်ဖက်က ယိုယွင်းနေပြီး လူတစ်စုက ပြည်သူ.သံယံဇာတကို ကိုယ့်ဘိုးဘွားပိုင်ပစ္စည်းလို သုံးနေတာတော့ ရှိတာပေါ့၊
ခင်ဗျားအနေနဲ. ပြန်ရင်သိပ်အခက်အခဲ မရှိဖူးထင်ပါတယ်၊ ကိုယ်ဘယ်သူလည်းဆို တာမသိရင်ပြီးတာပဲ၊ နာမည်ကြီးတဲ့ အန်ကယ်ကြီးဆိုရင်တော့ ကျိန်းသေမှ ပြန်ပါဗျာ၊ သိပ်တော့လည်းစိတ်မပူပါနဲ.၊ ရှေ.က ပြန်နှင့် နေတဲ့ သူတွေ (ကြိုပွင့်တွေ) ရှိနေတာပဲ၊
တော်ကြာ ရန်ကုန်ကနေ ပြန်မထွက်နိုင်မှ ခင်ဗျားရေးတဲ့ပို.စ်တွေမဖတ်ရပဲ ဖြစ်နေပါလိမ့်မယ်၊ ခင်ဗျားမှာ အမာခံပရိတ်သတ်ကြီး ရှိတယ် ဆိုတာလည်း မမေ့နဲ.ဦး၊
အန္တာရယ်ကင်း ဘေးရှင်းပြီး ရန်ကုန်ကို ပြန်နိုင်ပါစေဗျာ
Post a Comment