Monday, September 26, 2011
မေမြို့
လမ်းအတက်မှာ
စိမ်းကနဲ...စိမ်းကနဲ
လေအတိုးမှာ
အေးကနဲ...အေးကနဲ
အဝေးကနေပဲ
စိတ်ကူးနဲ့ ပြန်ရောက်တယ် ။
ဇာတိမြေဟာ
စိမ်းစို မွှေးမြပြီး
အေးစက် ခြောက်ကပ်လို့
အားလုံးဟာ အရင်အတိုင်း
စိတ်ထဲမှာ အရင်အတိုင်းပဲ ရှိတယ် ။
မြေနီနီတွေ
အရာရာမှာ စွန်းပေ
စိုက်တဲ့ပန်းရော ၊ မစိုက်တဲ့ပန်းရော
စိုက်တဲ့အသီးရော ၊ မစိုက်တဲ့အသီးရော
ပေါက်လွန်း၊ ပွင့်လွန်း၊ သီးလွန်းတဲ့မြို့ ။
မက်မန်းသီး
ဂေါ်ရခါးအရက်
ဆေးခြောက်ပင်
မုန့်ညှင်းချဉ်
ရထားလုံးသံ တခွပ်ခွပ်နဲ့
ဆွယ်တာအင်္ကျီဝတ်ထားတဲ့မြို့ ။
သမိုင်းဝင်ဒဏ်ရာတွေလည်း
သူလိုကိုယ်လို ရှိတဲ့မြို့ပေါ့ ။
သူပစ် ကိုယ်ပစ်
ပစ်ထားခဲ့တာ ကြာပြီ
ဘယ်သူ့ကိုမှ
အပြစ် မတင်လိုတော့ပါ ။
ငါပြန်လာတဲ့အခါ
အရင်လိုပဲ
မှုန်ကုပ်ကုပ်နဲ့
စိမ်းပြီး အေးနေရင် ပြီးရော ။
မတိုးတက်တာလေးကပဲ
အခုတော့
အရသာ ဖြစ်ရပြန်ပေါ့
ငါ့မှာ ။
(ဓါတ်ပုံ ၊ National Geographic)
Subscribe to:
Post Comments (Atom)
2 comments:
ချစ်သူ့မြို့ တော်၊ပန်းမြို့ တော်....
မေမြို့အကြောင်းထပ်ရေးပါဦးဗျိုး....
i am from maymyo too.. guess what ? I am going back to maymyo in 2 days for one month..yayyyyyy!
Post a Comment