သူ့နာမည်ကား ယနေ့တိုင် မသိနိုင်သေး။ ကိုယ်နေဟန်ထား ရှည်
သွယ်လျှား၍ ဆံကေသာ နက်မှောင်၊ နှာတံက ချွန်ချွန်၊ လမ်းလျှောက်
လျှင် သွက်သွက်၊ လူချင်းဆုံသော် အမြဲပြုံးပြ နှုတ်ဆက်ကြလျှင် သူ၏
အသံကား ခပ်သြသြတည့်။
ညနေ ညနေ။ အားကစားရုံ၌ စက်ပေါ်တက်၍ ပုံမှန်ပြေးသော ထိုမိန်း
ကလေးအား ခင်မင်မတတ် သတိထားမိတာ ကြာနေပါပေါ့။ အတော်
ကြည့်ကောင်း၍ တွေ့သည့်အခါတိုင်း ပျော်မိကြောင်း။
လွန်လေသော တနှစ်ကျော်။ ဆောင်းဦးပေါက် တရက်၌ လမ်းဒေါင့်
တွင်တကြိမ် ဆုံကြစဉ်က သေတ္တာနက်တလုံး လက်မှာဆွဲလျှက် ခပ်
သွက်သွက်ပင် ပြုံးကာနှုတ်ဆက် ကားပေါ်ကိုတက် ၀ူးကနဲ မောင်း
ထွက်သွားသည်မှာ ရုပ်ရှင်လေလား... တကယ်လား။
မကြာပါချေ။ သူ၏အိမ်ရှေ့ ဖြတ်မိသည်၌ သေတ္တာနက်အကြောင်း
ကောင်းကောင်းသိမြင် “တအင်အင်” မြည်သော တယောထိုးသံ
သူ့အိမ်အတွင်းမှ လျှံထွက်လာသည် ကြောင်အော်သည်ထက် ဆိုး
လေသတတ်။
ပုံမှန်ဆိုသလို သူ့အိမ်ရှေ့အဖြတ် နေ့စဉ်နီးပါး ကြားရတတ်သည်
တယောကို ထိုး၍ တယောက အော်သံ နားမခံသာသော်ငြား အနု
ပညာအမှုကို ကြိုးစားပြုနေသည်ပဲဟု သူမမြင်အောင် ပြုံး၍ အားပေး
ခဲ့ပါသည်။
တဆောင်းကျော်လို့ နှစ်ဆောင်းအ၀င်။ မနေ့က မနက်ခင်းတွင်ကား ။
အားပါးပါး..။ သူ့အိမ်နားအရောက် လျှောက်နေသည့်ခြေလှမ်း ရပ်၍
သွား၏ ။ သီချင်းတပိုဒ်အသံ လျှံကျလာသည် ဂန္တ၀င်တေးသွား အပီ
တည်း။
ဤမိန်းကလေးကား လျှော့တွက်၍ မရ။ ဘယ်နေ့ ဘယ်အချိန်၌ သူ့တ
ယောသံအား ငွေအတော်ပေးကာ စင်ပေါ်တွင် သွား၍ငေးရမည် မသိ။
နောင်ဝယ်တနေ့ လမ်း၌တွေ့သော် ပြုံးရုံတင်မက မိတ်ပါဆက်၍ ခင်မင်
အောင်ပင် ပေါင်းတော့မည်ဟု စိတ်မှာသုံးသတ် ဆုံးဖြတ်ထားသည်
ကောင်း၏ မဟုတ်လား အဆွေတော် ။
(ရုပ်ပုံ ၊ ဂူဂလ်)
1 comment:
ဟီ..ဟိ ကောင်း၏
Post a Comment