4 years ago
Thursday, June 30, 2011
ကဗျာဆရာ ဘာဘူ
ပွဲခင်းထဲမှာ ကောင်မလေးကို “ ဖက်တဲ့သူက ဖက် ”
အဆင်မပြေလို့ နောက်တယောက်နား “ ကပ်တဲ့သူက ကပ် ”
လူကြားထဲမှာ ရည်းစားနဲ့ “ ပြတ်တဲ့သူက ပြတ်”
ဖုန်းနံပတ်ပေးလို့ “ မှတ်တဲ့သူက မှတ် ”
ရက်ပ်ပါတွေ စင်ပေါ်ကို “ တက်တဲ့သူက တက် ”
မိုက်ခရိုဖုန်း ကိုင်ပြီးတော့ “ ရှက်တဲ့သူက ရှက် ”
စီဒီထဲမှာ လူသံတွေကို “ ထပ်တဲ့သူက ထပ် ”
အော်တိုရေးဖို့ ရက်ပ်ပါတွေနား “ ကပ်တဲ့သူက ကပ် ”
စကပ်အနီနဲ့ ကောင်မလေးကို “ ချက်ခ်တဲ့သူက ချက်ခ် ”
နေ၀င်လည်း နေကာမျက်မှန် “ တပ်တဲ့သူက တပ် ”
ဘော်ဒါထမ်းပြီး ပွဲခင်းထဲက “ ထွက်တဲ့သူက ထွက် ”
မိုးချုပ်ရင် အိမ်ပြန်ဖို့ “ ခက်တဲ့သူက ခက် ”
ဝက်သားဒုတ်ထိုး ရောင်းပြီး “ မြတ်တဲ့သူက မြတ် ”
ဝယ်မစားခင် ဈေးမေးပြီးတော့ “ တွက်တဲ့သူက တွက် ”
ရေခဲချောင်းကို အရသာခံပြီး “ လျှက်တဲ့သူက လျှက် ”
သောက်ရေသန့်ဈေး မေးပြီး “ တက်တဲ့သူက တက် ”
(((ငါတို့ရဲ့ ဟစ်ပ်ဟော့ပ်ပွဲမှာ “ ဒီလို ဒီလိုမျိုး ”
ဟစ်ပ်ဟော့ပ်ကို မကြိုက်တဲ့လူတွေ “ အိမ်ကို အိမ်ကို ဂိုး ”
ရက်ပ်ပါတွေ အကုန်လုံး “ စင်ပေါ် စင်ပေါ် ဒိုး ”
ပွဲပြီးရင် အရှိန်မသေဘူး “ ဒစ္စကိုကို ဂိုး ”
ဆရာတို့ရဲ့ ဟစ်ပ်ဟော့ပ်ပွဲမှာ “ ဒီလို ဒီလိုမျိုး ”
အလှအပတွေ အများကြီးနဲ့ “ ငါနဲ့ ငါနဲ့ တိုး ”
သူတို့ဘေးမှာ ငါပျော်တယ် “ ဒီလို ဒီလိုမျိုး ”
ပွဲပြီးရင် အိမ်မပြန်ဘူး “ ကာရာအိုကေ ဂိုး ” )))
ရက်ပ်သီချင်းတွေ သံပြိုင် “ အော်တဲ့သူက အော် ”
အသစ်တယောက်ရလို့ “ ပျော်တဲ့သူက ပျော် ”
လူစုံတုန်း ဇတ်ရှုပ်တွေ “ ပေါ်တဲ့သူက ပေါ် ”
အော်ဒါကို လက်တို့ပြီးတော့ “ ခေါ်တဲ့သူက ခေါ် ”
လူကြည့်တော့ အိုက်တင်တွေ “ ခံတဲ့သူက ခံ ”
ပွဲမပြီးခင် အိမ်ကိုအမြန် “ ပြန်တဲ့သူက ပြန် ”
ပွဲပြီးရင် ကလပ်ကိုသွားဖို့ “ ကြံတဲ့သူက ကြံ ”
လေမရှိတဲ့ ကားဘီးကို “ ကန်တဲ့သူက ကန် ”
ပိုက်ဆံတွေ အများကြီးသုံးပြီး “ ကြွားတဲ့သူက ကြွား ”
မိန်းခလေးချင်း ၀တ်တာကြည့်ပြီး “ ဟားတဲ့သူက ဟား ”
ပေါက်ကရတွေ ၀ယ်ပြီးတော့ “ စားတဲ့သူက စား ”
နေမကောင်းလို့ ဆေးခန်းအမြန် “ သွားတဲ့သူက သွား ”
အမိုက်စားတွေ ၀တ်ပြီးတော့ “ ကဲတဲ့သူက ကဲ ”
အိတ်ထဲမှာ ဘာမှမရှိလို့ “ မွဲတဲ့သူက မွဲ ”
ယောက်ဖနဲ့တိုးမှာစိုးလို့ “ တချို့က လက်မတွဲ ”
စာမေးပွဲပြီးခါစဆို “ တချို့က တော်တော် ကဲ ”
ဟစ်ပ်ဟော့ပ် ဘိတွေ ကြားရင် “ ခေါင်းကို ဒီလိုလှုပ် ”
ခေါင်းကိုဒီလို လှုပ်လို့ပြီးရင် “ လက်ကို ဒီလို လှုပ် ”
လက်ကိုဒီလို လှုပ်လို့ပြီးရင် “ ခြေထောက်ကို ဒီလို လှုပ် ”
ခြေထောက်ကို ဒီလိုလှုပ်လို့ပြီးရင် “ လှုပ်ချင်တာကို လှုပ် ”
လှုပ်ချင်တာကို လှုပ်ပြီးကပါ “ ဒီလိုဒီလို က ”
လှုပ်ချင်တာကို လှုပ်ပြီးကပါ “ ဟိုလိုဟိုလို က ”
လှုပ်ချင်တာကို လှုပ်ပြီးကပါ “ ဟိုလိုဒီလို က ”
ဟိုနားက အရမ်းချောတဲ့ “ ကောင်မလေးတွေ က ”
က.....က.....က......က......က......က......က
ဒီနားက အရမ်းချောတဲ့ “ ကောင်မလေးတွေ က ”
ဘာဘူရဲ့သီချင်း....နားထောင်လို့ ကောင်းတယ်။ ကော်ပီ မဟုတ်ဘူးဆိုပဲ။
လေးစားပါတယ်။ မျှော်လင့်ထားရမယ့် လူပဲ။ လွတ်လပ်မှုသာ ရှိခဲ့ရင် လူထုရဲ့
အသံတွေကို တကယ်ရေးဖွဲ့နိုင်မယ့်လူ ဖြစ်လိမ့်မယ်။ ပြည်တွင်းဖြစ် ဟစ်ပ်
ဟော့ပ် သီချင်းတွေကို ဖန်တီးနိုင်လိမ့်မယ်။ မြန်မာလူထုရဲ့ခံစားချက်တွေကို
သီချင်းလုပ်ပြီး ဆိုတဲ့အခါ နိုင်ငံတကာဟစ်ပ်ဟော့ပ်သမားတွေလို ကမ္ဘာမှာ
“တန်း” ၀င်လာလိမ့်မယ်။ ကဗျာဆရာဘာဘူ ကျန်းမာပါစေဗျား။ သီချင်းကို
အောက်မှာ နားဆင်ပါ။
( သီချင်းခေါင်းစဉ် ၊ ဟစ်ပ်ဟော့ပ် ပွဲတော် )
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
2 comments:
ရုံးမှာ အလုပ်များတာကတစ်ကြောင်း၊ အင်တာနက် ကော်နက်ရှင်က နှေးတာက တစ်ကြောင်းမို. သီချင်းနားမထောင်ဖြစ်ဖူး၊
ခုမှပဲ အိမ်မှာနားထောင်ဖြစ်တယ် ၊ တော်တော်ကောင်းတဲ့ သီချင်းဖြစ်ပါတယ်၊ ကြိုက်ပါတယ်၊
အေဘီစီ
Mite tae ko blue. Nice song.
Post a Comment