Friday, June 10, 2011

မြစ်ချင်းပြီး ဘလော့ဂ်စာ












ကောင်းမွန်တဲ့ မနက်ခင်းတခုမှာ မြစ်ကမ်းနံဘေးက စားသောက်ဆိုင်တွင်
ချစ်ဇနီးနဲ့ မနက်စာထွက်စားစဉ် ရိုက်ခဲ့တဲ့ပုံပေါ့။ ပရိတ်သတ်များခင်ဗျား။
အခုဖတ်နေရတဲ့ စာကတော့ အခုရိုက် အခုရေးပြီး အခုတင်လိုက်တဲ့
ဘလော့ဂ်စာတပုဒ်ပါပဲ။ ပုံမှာ မြင်နေရတာကတော့ သင်္ဘောတွေပေါ့။ ဟေ ။
ဘာသဘောပါလိမ့်။ အော်..။ ချက်ချင်း ဘာပြောရမှန်းမသိတာနဲ့ တွေ့ရာ
ပြောမိတာပါ။ ပြောချင်တဲ့အကြောင်းကလည်း သင်္ဘောနဲ့ ဆက်စပ် နေလို့ပါ။

ဒီသင်္ဘောတွေက ကိုယ်ပိုင်အပျော်စီးသင်္ဘောတွေပါ။ အမေရိကန်များကတော့
ဒီလိုသင်္ဘောတွေကို ဒုတိယအိမ်လို့ သမုတ်ကြပါတယ်။ သူတို့ခင်မျာ အားတာနဲ့
သင်္ဘောပေါ် လာနေကြတော့တာပါပဲ။ အားတဲ့အခါ ရေပေါ်မှာနေပြီး ပျော်ရာ
ပျော်ကြောင်း ရှာဖွေကြတဲ့ ယဉ်ကျေးမှုလို့ပဲ ပြောကြပါစို့ရဲ့။ သင်္ဘောတစီးရဲ့
တန်ဘိုးကလည်း အိမ်တလုံးစာလောက် ကျတာပါ။ ဒို့ဆီက အင်းသူအင်းသား
တွေနဲ့တော့ ကွာပါ့။













အခုမြင်ရတဲ့ ပုံကတော့ မနေ့ညက အပြင်ထွက်ရင်း တရုတ်စားသောက်ဆိုင်
တခုထဲမှာ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး စံပယ်တော်မူနေတာ တွေ့
လိုက်လို့ ဖြတ်ကနဲ မှတ်တမ်းတင်လိုက်တဲ့အခါ လက်တုန်သွားလို့ မြင်တဲ့အတိုင်း
ထွက်လာပါတော့တယ်။ (စကားမစပ် အခုဖတ်ခဲ့ရတဲ့ ၀ါကျက အတော်ရှည်
သားနော့) လက်တုန်လို့ ပုံပျက်သွားတယ်ဆိုပေမဲ့ အရောင်စုံတွေ လှုပ်ရှားနေတဲ့
သဘော တမျိုးတဖုံ ကြည့်လို့ကောင်းသဟဲ့လို့ ယူဆပြီး ပရိတ်သတ်များကို ပြသ
တော်မူလိုက်ရခြင်း ဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့တန်ခိုးတော်ကြောင့် အခုလို
ပုံပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။












အခုမြင်ရတဲ့ပုံကတော့ မနက်စာစားတဲ့ စားသောက်ဆိုင် အပေါ်ထပ်ကနေ လှမ်း
မြင်ရတဲ့ ရှုခင်းပါ။ ဘာရယ်လို့မဟုတ်ပါဘူး။ ပြုတင်းပေါက်တွေ ကြီးတာနဲ့ လှမ်း
ရိုက်လိုက်တာပါ။ တခါတလေမှာ အဲဒီ ဘာရယ်လို့မဟုတ်တဲ့ ကိစ္စတွေက ကမ္ဘာ
ကျော်အောင် ဖြစ်တတ်တာတွေ ရှိခဲ့တယ်မဟုတ်လား။

အခန်းအနားအစီအစဉ် အမှတ်ငါးအရ နောက်ဆုံးပိတ်အနေနဲ့ နိဂုံးချုပ်ချင်တာက
တော့။ မြစ်ချင်းပြီးဆိုတဲ့ ကိစ္စပါပဲခင်ဗျား။ မြစ်ချင်းပြီးဆိုတာက ဗိန္တောဆေးလောက
သုံး စကားပါ။ လတ်တလောရှိနေတဲ့ ဆေးမြစ်တခုထဲနဲ့ ရောဂါသက်သာအောင်ကုသ
တဲ့ သဘောပါ။ ယခုလည်း ဘာထူးသတုံး။ ဓါတ်ပုံကို အခုရိုက်၊ စာကိုအခုရေးပြီး
မနက်စာစားရင်း စားသောက်ဆိုင်ထဲကနေ တခါထဲတင်လိုက်တဲ့ ဘလော့ဂ်စာမို့
မြစ်ချင်းပြီးစာတမ်းလို့ပဲ ဆိုလိုက်ပါရစေတော့။ ခေတ်ကာလတရားက လုပ်ချင်တိုင်း
လုပ်လို့ရတဲ့ ခေတ်ကို ရောက်နေပါပေါ့လား။ ဟား..ဟား..ဟား..။

3 comments:

သက်ဝေ said...

ခေတ်ကာလတရားက လုပ်ချင်တိုင်း
လုပ်လို့ရတဲ့ ခေတ်ကို ရောက်နေပါပေါ့လား...

အသေအချာပဲ... But...
Good or Bad, Hard to say... :)

*** အခုပဲ ပုဇွန်တွေကို Tempura နဲ့ ကြော်နေတယ်... ပြီးတာနဲ့ ဓါတ်ပုံရိုက်ပြီး ဖဘ မှာ တင်မယ်... လာစားလှည့်... အဲ.. အဲ... လာကြည့်လှည့်...း))

ABC said...

ခုတင် WARNER TV မှာကြည့်လိုက်ရတဲ့ V- for Vendetta ဇတ်ကားထဲက ဇတ်ကောင် V ပြောတဲ့ စကားလေးကို ကြိုက်လို.ဘယ်မှာရေးရမလဲ စဉ်းစားနေတုန်း ဒီဘလော့ကိုဖတ်လိုက်တော့ ဆိုင်ဆိုင် မဆိုင်ဆိုင်ရေးချင် စိတ်ပေါက်လာပါတယ်

သူပြောတာကတော့ ...

violation is good for use for justice

တိုင်းပြည်မှာ အဖိအနှိပ်ခံရတဲ့ ပြည်သူတွေရဲ့
justice လိုချင်ရင် violation က လုပ်ကို လုပ်ရမဲ့လုပ်ငန်းစဉ်များ ဖြစ်နေ မလားလို. မဆီမဆိုင်တွေးမိပြီး မသင့်လျော်စွာ ဒီပို.မှာ မန်.မိပါကြောင်း၊

Moe Cho Thinn said...

အော်..ဗိန္တောလဲ ရသလားးး :D