Tuesday, June 7, 2011

ကျေးဇူးပြု၍ ငါ့ကို သတ်ကြပါ
















ဤအရာကို “အမှု” ဟုခေါ်သည်။ အမျိုးသမီးများတွင်သာမက အမျိုးသားများ
တွင်လည်း “တင်ပါးဆုံ” ရှိကြသည်။ တင်ပါးဆုံကို ခေတ်ကာလအလျှောက်
အမျိုးမျိုး ခေါ်ကြ၏။ ဖင်၊ တင်၊ ကာတစ်၊ ဂျီ....စသဖြင့်။ သမာဒေ၀ နတ်ကောင်း
နတ်မြတ်များတွင်လည်း တင်ပါးဆုံရှိလိမ့်မည်။ သိပ်တော့ မသေချာလှ။

“တင်ပါးဆုံမဲ့ဘုရားသ္ခင်” ဟူသော အသုံးအနှုံးကို သင်တို့ ယခင်က ကြားဖူးခဲ့ပါစ။
မိတ်ဆွေတဦး တင်ပါးဆုံရိုးကျိုး၍ ဆေးရုံတင်ထားရသည်တဲ့။ ထိုမိတ်ဆွေမှာ
ဘုရားသ္ခင် ရှင်တော်မြတ် မဟုတ်ပါ။ ထိုမိတ်ဆွေ၏ ဇနီးသည် လူကောင်သေး
သော်ငြား တင်ပါးဆုံကား ကြီးမားသူဖြစ်လေ၏။

နာမည်ကျော်သီချင်းများကို ရေးဖွဲ့တတ်သူတဦး ကွယ်လွန်သွားခြင်းသည်
“သတင်း” ဖြစ်၏။ ထိုအကြောင်းကို သတင်းလုပ်၍ ငွေရှာသူတို့အတွက်ကား
ထမင်းလည်းဖြစ်၏။ ဟင်းလည်းဖြစ်၏။ အသောက်အစားဖြင့်ပျော်မွေ့သူများ
အတွက်ကား ထိုသီချင်းသမား ကွယ်လွန်မှုသည် အမြည်းကောင်းတခု ဖြစ်
လေ၏။

ထိုသူ ကွယ်လွန်ခြင်းကြောင့် လူတချို့ ငို၏။ လူတချို့ အိပ်ရေးပျက်၏။ လူတချို့
လေယာဉ်ပျံ စီးရ၏။ လူတချို့ငွေကုန်၏။ လူတချို့ ငွေဝင်၏။ လူတချို့ အလုပ်ရှုပ်
၏။ တချို့က ရှုပ်နေသောအလုပ်ကို ရပ်ရ၏။ တချို့က ပြန်ပြောင်း အောက်မေ့ကြ၏။
တချို့က စီးပွါးရေးအရ ဘာအမြတ်အစွန်းထွက်နိုင်သနည်း ဆိုသောမေးခွန်းဖြင့်
စဉ်းစားဆင်ခြင်ကြ၏။ တချို့က ငါ့အလှည့် ဘယ်တော့လဲ ဟူသောမေးခွန်းဖြင့်
စဉ်းစားဆင်ခြင်ကြ၏။

အချိန်တန်သော် နွားပိန်ကန်မည် ဆိုသောစကားသည်။ ဘာအဓိပ္ဗါယ်မျှ မရှိ။
နွားပိန် မကန်သေးလျှင် အချိန်မတန်သေးဟု မှတ်ယူရမည်လော။ နွား၀၀ ဖီးဖီး
ကြီးက ထကန်သော်လည်း အချိန်မတန်သေးဟု မှတ်ယူရမည်လော။ အချိန်နှင့်
နွားပိန် နဘေထပ်ခြင်းသည် နဘေထပ်ခြင်းမှလွဲ၍ ဘာအဓိပ္ဗါယ်မျှ မရှိ။ သို့သော်
လည်း လူတို့မှာ ထိုစကားကို တွင်တွင်ကြီး သုံးနေလေတော့သည်။

အဓိပ္ဗါယ်မရှိသော စကားများ၊ အဓိပ္ဗါယ်မရှိသော အလုပ်များကို လူတို့လုပ်နေ
ကြသည်မှာ ဘာဆန်းသနည်း။ လူ့လောက၏ သဘောသဘာဝ တမျိုးပင်
မဟုတ်လော။ ယခုလည်း ကြည့်ပါဦး။ အဓိပ္ဗါယ်မရှိသော အကြောင်းအရာများ
ကို ကဘောက်ကချာ ဘလော့ဂ်ဆရာက မောက်မာစွာဖြင့် ရေးနေပြန်လေပြီ။
တင်ပါးဆုံ၊သီချင်းသမား၊ နတ်ဘုရားနှင့် နွားပိန်တို့မှာ ဘာမျှ ဆိုင်ကြသည် မဟုတ်။

အို... အသင် စာရှုသူ..။ သင်တို့အား ငါ တောင်းပန်အံ့။ ကျေးဇူးပြု၍ လူကြီးမင်း
များ တင်ပါးဆုံလှုပ်ကြပါ။

(ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

Oomh said...

လှူဎ်တာမရ၊ရိုက်တာရ :((((

Moe Cho Thinn said...

နောက်ဆုံးစာကြောင်းကြောင့် လာဖတ်မိတာ မှားပါပေါ့..

ABC said...

ခင်ဗျားရဲ့ အရေးနဲ. အတွေးကတော့ထူးပါဗျ

ဘာပဲပြောပြော ခင်ဗျားရဲ့ ဘလော့ကို နှစ်သက်မိတာတော့ အမှန်ပဲ

အချိန်တန်ရင် နပိန်ကန် (နွားပိန်ကန်)ဆိုတာ အင်အား မရှိတဲ့ နွားတောင် တစ်ချိန်ချိန်မှာ ထကန်လာနိုင်တယ်ဆိုပြီး စိတ်ပျက်သူတွေ၊ စိတ်အင်အားမထက်သန်သူတွေ ထွင်ခဲ့တဲ့ စကားလို. မှတ်ထင်မိပါတယ်၊ တစ်ချိန်ချိန် မှာ ဖြစ်လာနိုင်တယ်လို. စဉ်းစားမိပြီး အဲဒီ့စကားဖြစ်လာတယ်လို.ထင်ပါတယ်၊ ဟုတ် မဟုတ်တော့ ကိုယ်လဲမသိဖူး၊ မဟုတ်ရင်လည်း ခွင့်လွတ်တော်မူပါ


အဘစိုး (အေဘီစီ)

blueskyforest said...

Oomh... ရိုက်တာရလည်း ရိုက်ယုံပ ။ ခံသာအောင်တော့ ရိုက်ပါဗျ။

Moe Cho Thinn... ပေါ်မလာ အတော်ကြာမှကိုး။ လာဖတ်တာ မတန်ဘူးဖြစ်သွားလို့ အထူးစိတ်ကောင်းပါ။ နောက်ပိုင်းမှာ ပရိတ်သတ်အကြိုက် နှစ်ပါးခွင်နဲ့တင်ဆက် ပေးပါ့မယ်ဗျား။

ABC... နွားပိန်ကန်အနက်ဖွင့်ကို သဘောကျသဗျာ။ ဒီလိုတော့လည်း အဓိပ္ဗါယ်က တယ်ဟုတ်လို့ပါလား အဘစိုးရေ။