4 years ago
Thursday, June 2, 2011
ခရီး
မှောင်နေတဲ့အိမ်ပေါ်
ကယ်တင်ရှင်မျှော်အတွေးနဲ့
ကိုယ့်သမိုင်းကို မရေးလိုဘူး ။
မရဏဆီသွားတဲ့ခရီးမှာ
ပိုးစုန်းကြူးတကောင်လို
ကိုယ့်အလင်း ကိုယ်စီးပြီး
သေခြင်းကို မြည်းမယ် ။
(ခိုင်မျိုး)
( ပန်းအလင်္ကာ စာပေမဂ္ဂဇင်း ၂၀၁၁ မတ်လ )
ဒီလိုပုံစံ ဒီလိုအဖွဲ့အနွဲ့တွေက မြန်မာ့ကဗျာလောကမှာ ဖန်တရာတေလွန်း
လှပြီ။ ဒါပေမဲ့ အခုပြန်ဖတ်မိတော့လည်း ဟုတ်နေတာပဲ။ ဒီကဗျာဟာ
ပုံသဏ္ဍန်ရော အကြောင်းအရာရော အသစ်မဟုတ်ဘူး။ တကယ်တော့
ကဗျာမှာ ( အနုပညာမှာ) အသစ်ဖြစ်ရေးက အဓိက မကျလှဘူး။ လှတ
ပတ ဖြစ်ဖို့က အဓိက ပိုကျတယ်။
“ခရီး” ကဗျာကို ဆရာခိုင်မျိုးက ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုခံစားချက်
နဲ့ ရေးခဲ့တယ် မသိ။ (ဒါက သူ့ကိစ္စ)။ ငါကတော့ ဒီလိုခံစားမိတယ်။ (ဒါက ငါ့ကိစ္စ)
မြန်မာပြည် ဒုက္ခမျိုးစုံ ကြုံနေရတာ ကြာပြီ။ (မှောင်နေတာ ကြာပေါ့) အမှောင်ထု
ကြီးကို လင်းလာအောင် လုပ်ကြမယ့်အရေးမှာ အမေရိကန်လို အနောက်ဒီမိုကရေ
စီ နိုင်ငံကြီးတွေရဲ့ အကူအညီနဲ့ အလင်းရလာနိုး မျှော်ကိုးပြီး မနေချင်ဘူး။
ပြည်ပကို သူရဲကောင်းဆန်ဆန် ထွက်ခွါသွားကြတဲ့ သူရဲကောင်းဆန်ဆန်တွေရဲ့
အကူအညီတွေနဲ့လည်း အလင်းဓါတ်ရနိုးနိုး မျှော်လင့်ပြီး မနေချင်ဘူးကွာ။
ကုလသမဂ္ဂလို၊ အာစီယံလို “ကရေကရာ” လောက်မှ မရေရာလှတဲ့ အဖွဲ့အစည်း
တွေရဲ့ ဖိအားလိုလို ညှိအားလိုလို အရာတွေနဲ့လည်း ဒို့ပြည်သူတွေအတွက်
အလင်းဓါတ်ရလာဖို့ အားမကိုးချင်ပါဘူး။
အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ အရှုံးချင်းထပ်လို့ တစက်မှ မမြတ်ရင် နေ။
ပြည်တွင်းမှာ ရှိတဲ့အားနဲ့ ငါတို့တွေ ခံတိုက်ရင်း တော်လှန်ရေးဆိုတဲ့ အရသာကို
ရေဆုံးရေဖျား မြည်းသွားစမ်းမဟေ့။
ကဗျာဆရာ ခိုင်မျိုး ကျေးဇူးတင်ပါတယ် ။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment