Sunday, June 26, 2011

ကုလားကျော်ဟိန်း ဂျပန်ရန်အောင်နဲ့ တရုတ်မေသန်းနု










မြန်မာ့ရုပ်ရှင်နဲ့အဆက်ပြတ်နေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ မနေ့တုန်းက
“အဲဒါ ကုလားဒွေး မဟုတ်လား” လို့ အသိတယောက်ရဲ့ ပြောသံကို ကြား
လိုက်ရပြီး နောက်ပိုင်း မြန်မာ့ရုပ်ရှင်အကြောင်း စဉ်းစားမိတော့တာပါပဲ။
သူက အိန္ဒိယရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ဓါတ်ပုံတွေကိုကြည့်ပြီး ပြောနေ
တာပါ။

ဒွေးရဲ့ရုပ်ရှင်ကို တခါမှ မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ဒွေးဆိုတာ ကျော်ဟိန်းနဲ့
အမျိုးတော်စပ်သူ။ လူကြိုက်များတဲ့ သရုပ်ဆောင်။ အသားညိုညိုနဲ့ ဗမာ
ဆန်သူတဦးလို့ သိထားပါတယ်။ ဒီပုဂ္ဂိုလ်နဲ့ရုပ်ချင်း ဆင်တဲ့ အိန္ဒိယ သရုပ်
ဆောင်တဦးကို ရွှေမြန်မာများက ကုလားဒွေးလို့ ကင်ပွန်းတတ်လိုက်ပုံ
ရပါတယ်။ ကျော်ဟိန်းတုန်းကလည်း ကုလားကျော်ဟိန်းဆိုပြီး ရှိခဲ့တယ်
မဟုတ်လား။

တခါကလည်း ဂျပန်ရုပ်သံဇတ်လမ်းတွဲတွေထဲမှာ အမျိုးသားသရုပ်ဆောင်
တဦးကို ဂျပန်ရောက်မြန်မာတွေက “ဂျပန်ရန်အောင်” လို့ခေါ်တာ ကြားခဲ့ဖူး
တယ်။ ရန်အောင်နှင့်တူသော ဂျပန်သရုပ်ဆောင်ပေါ့လေ။

နောက်တကြိမ်ကတော့ ရင်းနှီးတဲ့ မိတ်ဆွေတဦးနဲ့ အိမ်မှာအတူ ရုပ်ရှင်
ကြည့်ကြရင်း ကြားမိတာပါပဲ။ တရုတ်မင်းသမီး “ဂေါင်လီ” ပါဝင်တဲ့ဇတ်ကား
ပါ။ ဂေါင်လီကိုလည်း မြင်ရော မိတ်ဆွေက “ဟာ..တရုတ်မေသန်းနုပဲ”တဲ့။

ပြုံးရုံတင်မကပဲ ရယ်မိတဲ့အဆင့်ထိ ရောက်သွားပါတယ်။ မြန်မာမှုပြုတယ်
ဆိုတာ ဒါမျိုးကိုပါ ခေါ်လေမလားလို့လည်း စဉ်းစားမိပါတယ်။ မြန်မာသရုပ်
ဆောင်နာမည်တွေ အတတ်ခံရသူတွေကို ပြန်ကြည့်လိုက်တော့ အာရှသား
တွေချည်းပဲကိုး။ ဟုတ်မှာပေါ့။ အာရှသားတွေက ကိုယ်နဲ့ခပ်ဆင်ဆင်တွေ
ပဲလေ။

အမေရိကန်ကျော်ရဲအောင်တို့၊ ဗြိတိန်စိုးမြတ်သူဇာတို့ ဆိုတာတွေမှ မရှိကြ
ပဲ။ လူဖြူ၊ လူမည်း သရုပ်ဆောင်များ မြန်မာမှု အပြုမခံရရှာပါ။ ဒါတောင်
ကိုယ်က မြန်မာ့ရုပ်ရှင်နဲ့ အဆက်ပြတ်နေလို့။ မြန်မာမှုအပြုခံထားရတဲ့
အာရှသရုပ်ဆောင်သစ်တွေ ဘယ်လောက်ထပ်ရှိနေပြီလဲ မသိဘူး။

မကြာခင်ကြည့်ကြရတော့မယ့် ရုပ်ရှင်ဇတ်လမ်းထဲမှာတော့ တရုတ်မင်း
သမီး “မစ်ရှဲ ယို”က ဒေါ်အောင်ဆန်းစုကြည်နေရာမှာ သရုပ်ဆောင်ထား
တယ်။ ဒီအတိုင်းဆို “ တရုတ်ဒေါ်စု”လာတော့မယ်ပေါ့။ လောလောဆယ်
ထွက်နေတဲ့ ဓါတ်ပုံတွေမှာ မြင်ရတာတော့ မစ်ရှဲ ယိုက ဒေါ်စုနဲ့ အတော်
တူနေသကိုး။

တရုတ်သိန်းစိန်တို့၊ မလေးရှားသန်းရွှေတို့၊ စင်္ကာပူခင်ညွန့်တို့ ဆိုတာတွေ
လည်း နောက်ပိုင်း ရှိမလာဘူးလို့ မပြောနိုင်ဘူး။ နာမည် မကြီးအောင် နေ
ထားမှ တော်ခါကျမယ်။ မဟုတ်ရင် “အင်ဒိုနီးရှား ဘလူးစကိုင်း” ဆိုပြီး
ကင်ပွန်း အတတ်ခံနေရဦးမယ်။ မဖြစ်ချေဘူး...မဖြစ်ချေဘူး...။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

ABC said...

ခင်ဗျားဘလော့အမည်က skyforest ကယ်ပေလို.ပဲ၊

blue တစ်ခုတည်းဆို ဟိုလိုလိုဒီလိုလိုနဲ. ပရိတ်သတ်တွေ ၀င်လာမစဲ တသဲသဲ ဖြစ်နေမှာကို မြင်ယောင်မိပါရဲ့

ဘလူးစကိုင်းအား အင်ဒို အံ့ကျော်လို. အမည်ပေးနေပါဦးမယ်၊

မှတ်ချက်။ အံ့ကျော်သည် အောင်မြင်ကျော်ကြားသည့် အကယ်ဒမီဆုပိုင်ရှင်ဖြစ်ပါသည်။

blueskyforest said...

အံ့ကျော် သိပ်ကြိုက်တယ်။ သရုပ်ဆောင် သိပ်ကောင်းလို့။ ဒီနေ့ ခေတ်မြန်မာ့ရုပ်ရှင်လောကမှာ အံ့ကျော်လို တော်သူ၊ အံ့ကျော်ထက် တော်သူ ရှိနေပြီလား မသိဘူး။ ရှိရင် ပြောကြပါဦး။ ကြည့်ချင်လို့။