Thursday, March 10, 2011

အသံမစဲ ပဌာန်းပွဲ













တနေ့က။ မိတ်ဆွေတဦး အိမ်ကိုအလည်ရောက်လာတယ်။ လမ်းကြုံလို့ ၀င်လာတာဆိုပဲ။ ပြောကြဆိုကြရင်း ခဏနေတော့ အလှူခံပါရော။ သူက ဘုန်းကြီးတွေ လိုက်စုနေသတဲ့။ သပိတ်မှောက်ဖို့လားဆိုတော့ မဟုတ်ဘူးတဲ့။ အသံမစဲ ပဌာန်းပွဲလုပ်မလို့တဲ့။ အဲဒီနေ့က
သူ့အလှူခံ မအောင်မြင်ခဲ့ရှာဘူး။

လွတ်လပ်စွာကိုးကွယ်ခွင့်ကို လုံးဝထောက်ခံတယ်လို့ အရင်ပြောထားပါ့မယ်။ ကိုယ်တိုင်
လည်း လွတ်လပ်ချင်လို့ ဘာကိုမှ မကိုးကွယ်ပါဘူး။

သဒ္ဒါကြည်လင် ပါရမီရှင်တွေအတွက်တော့ ပဌာန်းပွဲဟေ့ဆိုရင် လှူချင်တန်းချင်စိတ်တွေ
ဖွါးကနဲ၊ ဖွေးကနဲ ပေါက်သွားနိုင်လောက်တယ်ဆိုပေမဲ့ အီစကို့အတွက်တော့ ပဌာန်းပွဲဆို
တဲ့ အသံကြားတာနဲ့ တွန့်ကနဲ ဖြစ်မိပါတယ်။ ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းပြပါ့မယ်ဗျား။

စာရေးသူ အီစကို မြန်မာပြည်မှာ နေစဉ်ကပေါ့။ ဘာသာတရားများရဲ့နှိပ်စက်မှုဒဏ်ကို
အတော်ခံခဲ့ရပါတယ်။ မူလအစ ပထမကပြောရရင် စကားပြောတတ်စအရွယ်မှာပဲ မိဘ
ဆွေမျိုးများက သံဗုဒ္ဓေဂါဌာကို အတင်း သင်ပေးကြပါတယ်။ ဘာကြီးမှန်း လုံးဝမသိပေမဲ့
လူကြီးများကြိုက်အောင် အလွတ်ဆိုတတ်ခဲ့ရရှာပါတယ်။

အိမ်ကိုဧည့်သည်လာရင် မုန့်တွေ၊ကော်ဖီတွေနဲ့အတူ အီစကို့ရဲ့သံဗုဒ္ဓေကိုပါ တွဲပြီး ဧည့်ခံ
ပါတယ်။ မိဘဘိုးဘွားများနဲ့အတူ နေ့ရောညရော ဘုရားရှိခိုးရပါတယ်။ တော်တော်ပျင်းဖို့
ကောင်းတဲ့ကိစ္စပါ။ တခါတခါ ပျင်းတဲ့အဆင့်ကိုလွန်ပြီး စိတ်ညစ်တဲ့အဆင့်ကို ရောက်သွား
တတ်ပါတယ်။

ကြုံလို့ပြောရဦးမယ်။ လွန်ခဲ့တဲ့နှစ်က ဆွေမျိုးတချို့နဲ့ဆုံတုန်း အဒေါ်တယောက်က သူ့
သမီးလေး ဘွဲ့ရပြီဆိုတဲ့အကြောင်း။ မြန်မာစကားလည်း ပြောတတ်နေတုန်းပဲ ဆိုတဲ့
အကြောင်း။ ပြောတတ်ယုံတင်မက ငယ်ငယ်က သင်ပေးထားတဲ့ သံဗုဒ္ဓေကို မမေ့သေး
ဘူး ဆိုတဲ့အကြောင်း တဂုဏ်တယူပြောပါတယ်။ ပြောရင်းဆိုရင်း သူ့သမီးကိုခေါ်ပြီး
သံဗုဒ္ဓေ ရွတ်ခိုင်းပါလေရော။ဖြစ်မှ ဖြစ်ရလေ။ သနားလိုက်တာ။ ကောင်မလေးကတော့
မပီကလာ ပီကလာနဲ့ ပြုံးပြုံးလေး ရွတ်ပြရှာပါတယ်။ အခုရွတ်သွားတာ ဘာအဓိပ္ပါယ်လဲ
သိလားလို့မေးတော့ ခေါင်းခါပြတယ်။ သူ့မိဘတွေကတော့ ပြုံးလို့။ အီစကိုတော့ စတွန့်
သွားတယ်။ လာပြန်ပြီ တယောက်ပေါ့။

ငယ်စဉ်က အဖြစ်အပျက်တွေထဲမှာ ဟိုပရိတ်၊ ဒီပရိတ်၊ ဘာဂုဏ်တော်၊ ညာဂုဏ်တော်
တွေ အတင်းကျက်ခိုင်းတာ၊ ဘုန်းကြီးကျောင်းကို အတင်းသွားခိုင်းတာ၊ ကိုရင် အတင်း
ဝတ်ခိုင်းတာတွေလည်း ရှိပါသေးတယ်။ အသက်ကြီးမှ သက်သာရာရအောင် ပြန်တွေး
ကြည့်တော့။ အော်...ဘာသာတရားကို ကလေးတွေဆီရောက်အောင် ဒို့မြန်မာတွေ ဒီလိုပဲ
သွတ်သွင်းတတ်ကြတာပါကလားလို့။ မှတ်သားရတယ်ပေါ့။ နော့။

ကိုင်း။ ပဌာန်းဘက်ကို ပြန်လှည့်ကြဦးစို့ တရားနာ ပိတ်သတ်ကြီးရေ့။ ငယ်ငယ်က
အိမ်ရှေ့အိမ်မှာ ဟိန္ဒူမိသားစုကြီးတခု နေကြပါတယ်။ သူတို့ကလည်း ရွတ်တယ်ခင်ဗျ။
ဘာတွေမှန်း မသိဘူး။ အမွှေးတိုင်တွေရော၊ ပန်းတွေရော မွှန်ထူနေတာပဲ။ မနက်မိုးလင်း
ရင် အိမ်က အဖိုးအဖွါး ဘုရားကျယ်ကျယ်ရှိခိုးကြတာက တမျိုး။ အိမ်ရှေ့အိမ်က
ရွတ်ဖတ် သရစယ်ကြတာက တမျိုး။ မိုးမှ မလင်းသေးဘူး အတော်နားညီးခဲ့ရတာပါ။

အခုမှ ပြန်စဉ်းစားကြည့်တော့ အဖိုးအဖွါးတွေရွတ်တာလည်း ပါဠိလို။ အိမ်ရှေ့အိမ်က
လည်း ဟိန္ဒူလိုဆိုတော့ အိန္ဒိယရောက်နေသလိုပါလားလို့။ မြန်မာတွေခင်မျာလည်း
ကိုယ့်စကားနဲ့ကိုယ် ဘုရားမရှိခိုးနှိင်ရှာသေးဘူး။

ဆွေမျိုးတချို့က ကျောက်မြောင်း၊ တာမွေဘက်မှာ ရှိကြပါတယ်။ မကြာခဏ သွား
လည်တတ်ပါတယ်။ သိကြတဲ့အတိုင်းပဲ။ အဲဒီအရပ်မှာက မူဆလင်တွေ များတယ်။
ပလီဆရာတွေကလည်း အော်ကြတယ်ခင်ဗျ။ စင်ပေါ်တက်ပြီး လော်နဲ့ကိုအော်ကြ
တာနော့်။ တရက်ကို နှစ်ကြိမ် မကလောက်ဘူး။

ပြောချင်တာ တော်တော်နဲ့မရောက်ပဲ ရှည်တော်မူနေလို့ ချုပ်ပါတော့မယ် ပိတ်သတ်
ကြီးရေ့။ အဆိုးဆုံးအခြေအနေကို ရောက်သွားတာကတော့ အသံမစဲပဌာန်းပွဲပါတဲ့။
စာမေးပွဲတွေက နီး။ ရပ်ကွက်တွေမှာက ပဌာန်းပွဲတွေက အပြိုင်။မီးပျက်ရင် အသံစဲ
သွားမှာစိုးလို့ မီးစက်တွေပါ အသင့်ဆောင်ထားကြ။ လော်စပီကာကြီးတွေ အသင့်
ထောင်ထားကြ။ တရပ်ကွက်လုံးတင်မက တမြို့လုံးကြားအောင် ဟဲကြဖို့ မောင်းတင်
ထားကြ။ ဘယ်လို ဓလေ့မျိုးပါလိမ့်။

အီစကိုတို့ခင်မျာမှာ စာတွေက မရသေး။ ပဌာန်းပွဲတွေ မစခင်ကတည်းက သူတို့
ပဌာန်းပွဲ လုပ်ကြတော့မယ့်အကြောင်း။ ရပ်ကွက်ထဲက ပုဂ္ဂိုလ်ကြီးတွေ အလှူခံမဏ္ဍပ်
ဖွင့်ပြီး တယောက်ပြီးတယောက် ဟဲကြပါရောလား။ နားတွေကို အူလို့။ခေါင်းတွေကို
ကြိမ်းလို့။

ခုနှစ်ရက် ခုနှစ်လီမက ပဌာန်းပွဲကြီးများလည်း စရော။ စာမေးပွဲတွေလည်း စပါလေ
ရော။ ဘာပြောကောင်းမလဲ ကျပါလေရောပေါ့။

ဘာသာတရားဟာ အော်ကြီးဟစ်ကျယ် လုပ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုတာလူတွေ
ဘယ်အချိန်ကျမှ သဘောပေါက်ကြလေမလဲ မသိ။ အီစကိုတော့ နိုင်ငံခြားရောက်တဲ့
အထိ အသံမစဲပဌာန်းပွဲဆိုတာကြီး လိုက်လာနေလို့ တချက်တချက် လန့််လန့်နေရတဲ့
အကြောင်း ငြီးတွားတော်မူလိုက်ရပါတယ်ဗျား။

သတ္တ၀ါအပေါင်း အေးချမ်းကြပါစေ...။ မဆူကြပါနဲ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

6 comments:

Unknown said...

I like it very much. I also feel the same. Another thing is Singing with loudspeaker for the donation. I wish I could disappear from home. What I want to tell them is I will donate, no singing loudly and go away.

Anonymous said...

ဟုတ်တယ် အဲဒီ အော်ကြီးဟစ်ကျယ် ဘုရားရှစ်ခိုးတဲ့ကိစ္စ ဘာမှန်းမသိပဲ ရှေ့ကလူတွေအတိုင်းလိုက်နာတာတွေ ဘုန်းကြီးတွေကလည်း အမှန်တရားကို ဖုံးကွယ်ထားနေတာတွေ ဘယ်တော့လောက်မှ ရပ်တန့်ကြမလဲမသိပါဘူး. အစွဲတွေ အသိတရားနဲ့မှုတွေ ဗဟုသုတနဲပါမှုတွေ ကိုယ့်အပေါ်ကို တပါးသူ လွှမ်းမိုးခံရမှုတွေ လွတ်ကင်းနိုင်ကြပါစေလို့ပဲ မျှော်လင့်မိပါတယ်ဗျာ..

ညီခဝေ

Soe Mya Nandar Thet Lwin (Borros Roxo) said...

ပိုစ့်ခေါင်းစဉ်တွေ့တော့ ဘာသာရေး လိုက်စားတဲ့အကြောင်း ရေးထားတယ် ထင်လို့ စာရေးသူ အီစကိုရေ။ ဟတ် ဟတ် :P

တို့လဲ မိရိုးဖလာမို့ ဗုဒ္ဒဘာသာအဖြစ် လက်ခံထားပေမယ့် ဘုရားကို တနေ့ဦး၃ကြိမ်တောင် မချဖြစ်ဘူး။ ဘာဘုရားစာမှလဲ မရဘူး။ ကိုယ့်ကို ကိုယ်ပဲ ယုံကြည်အားကိုးတဲ့ မိမိကိုယ်သာ ကိုးကွယ်ရာပေါ့။

မိဘတွေ စိတ်ချမ်းသာစေချင်လို့တော့ သူတို့တွေနဲ့ကျရင် အတူ အလိုက်အထိုက်လောက်ပဲ လိုက်အိရောင်ဝါးဖြစ်တယ်။

ဘုရားရှိခိုးရင် ဘာကြောင့် အော်ကြီးဟစ်ကျယ် ရှိခိုးတာ၊ အလှုခံတို့၊ အဲဒီ ပရိတ်တွေ၊ ပဌာန်းတွေကိုတို့ လော်စပီကာကြီးတွေနဲ့ တမြို့လုံးကြားအောင် ဖွင့်တာ နားလည်လို့ကို မရဘူး။

အဲဒါမျိုးသာ ဒီမှာလာလုပ်ရင် noise and statutory nuisance act နဲ့ ရှင်းလို့ရမှာကို မဟုတ်တော့ဘူးနော့ တရားဟော ဆရာရေ့။

pandora said...

ဒီပို့စ်ကိုတော့ ဘာမှပြောတော့ဝူး
ငြဲကြီးမှာစိုးလို့ :P

Anonymous said...

" ဘုရားရှိခိုးရင် ဘာကြောင့် အော်ကြီးဟစ်ကျယ် ရှိခိုးတာ၊ အလှုခံတို့၊ အဲဒီ ပရိတ်တွေ၊ ပဌာန်းတွေကိုတို့ လော်စပီကာကြီးတွေနဲ့ တမြို့လုံးကြားအောင် ဖွင့်တာ နားလည်လို့ကို မရဘူး။ "

ဟုတ်ကဲ့ ... အော်ကြီးဟစ်ကျယ်လုပ်ရခြင်းမှာ စောက်ထင်ကြီးခံခြင်လို့ ပါ။
တမြို့ လုံးကြားအောင်ဖွင့်ရခြင်းမှာ အလှုငွေများများလိုခြင်လို့ ပါ။

Anonymous said...

ဘာ ရည်ရွယ်ချက်နဲ့  ဒီ post ကိုတင်တာလဲ။ တကယ်ဆိုရင် ကိုယ့် ရဲ့ ဘာသာရေးကို ကိုယ်ကအပြစ်ပြန်ပြောနေတာ သိပ်ဖတ်လို့ မကောင်းဘူး