Tuesday, March 29, 2011

လေဒီဂါဂါ ထမီကျွတ်ခြင်း












အို..ထာဝရဘုရား ။ အကျွန်ုပ်၏ ပဌာနာကို နားထောင်တော်မူပါ။ အကျွန်ုပ်အော်ဟစ်ခြင်း
အသံသည် ရှေ့တော်သို့ ရောက်ပါစေသော။ ဘေးရောက်သည့်ကာလ၌ မျက်နှာတော်ကို
အကျွနု်ပ်မှ လွှဲတော်မမူပါနှင့်။ အကျွနု်ပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန်
ထူးတော်မူပါ။ အကြောင်းမူကား...။ ဆာလံကျမ်းမှာ ဒီလိုလာတယ်။ အပြင်မှာ မှောင်နေပြီ
ငါ့ကောင်။ အရည်မရ အဖတ်မရ နင့်ပါးစပ်ကို ပိတ်ထားစမ်း ဝေပုံကျအနမ်းဆိုတာ အန်
ချင်စရာ ကဗျာ ကယ်တော်မူကြပါ။ တွေ့လား...တွေ့လား..တွေ့လိုက်လား... ညိုတိုတို
လေးကို တွေ့လိုက်လား ချစ်ခြင်းဖွဲ့တေးများ မသိရင် မသိဘူးပြော ဟော... ချစ်ကြပါပြီ
ဗျား ဟုတ်ကဲ့ အမိန့်ရှိပါ ။ ငါ..ဆောင့်ကန်လိုက်ရ ခွေးဝမ်းသာအောင် လေလည်ပြ ပုရိမာ
ပုရိမာ ရှေးကဖြစ်တဲ့ ကုသလာ ဓမ္မာ ကုသိုလ်တရားဟာ ပစ္ဆိမာနံ ပစ္ဆိမာနံ နောက်မှဖြစ်တဲ့
ကုလသာနံ ဓမ္မာနံ ကုသိုလ်တရားကို အနန္တရပစ္စယေန သံသရာအဆက်သဘောနဲ့ ပစ္စယော
ကျေးဇူးပြုတယ်လို့ ပဋ္ဌာန်းက ဆိုလေရဲ့။ ဒီည ဒီမှာသာအိပ်လိုက်ပါတော့ မိချို။ စဉ်းစားပြီး
မရွှင်နိုင်ပါခင်မျာ...ယှဉ်ပြိုင် ကစရာ နှမကညာ လိုသဗျ။ ဟိုဘက်ခန်းက မသာတွေ မသေ
နိုင်သေးဘူးလား။ အခု တဖန်.. အန်..အန်... အလှည့်ကျတဲ့..အဲ့..အဲ့..တေးသံရှင်အင်..အင်..
ကတော့...အော့..အော့..။ တမျိုးဝဋ်ကြမ္မာ ဆန်းကျယ်တဲ့ ငနဲမှာဖြင့်၊ ပုဆိုးချွတ်ကာ လမ်း
လယ်၌ လှဲလိုက်ချင်တော့၊ မင့်ကိုယ်က ကဲတာကြောင့် အခြေရိုင်းဘဟယ် (အမယ်လေး)
တင့်အပျိုနှင့် လွဲရချည်ပေါ့ ရွှေမှိုင်းရယ် ။ အခုလို နားဆင်အားပေးကြတဲ့အတွက် အထူးပဲ
ကျေးဇူး တင်ရှိပါတယ် ပေါ့နော် ။ ။

။ ဂျပန်ဒုက္ခသည်တွေကို လေဒီဂါဂါက ( သနားလို့ ) ဒေါ်လာ တသန်းခွဲ လှူထားပါသတဲ့ ။

(ရုပ်ပုံ ၊ ဂူဂလ်)

3 comments:

kay said...

ခွက်စုတ်ကလေး နဲ့ ပက်တာလောက်တော့.. ရီတာ ပေါ့...


( ဒန် ... စာ .... ကို....ဒန်...မန့်... လိုက်တယ်...)း))

သက်ဝေ said...

စာသားတွေကတော့ အလန်းတွေပဲ...
မကြုံစဖူး ထူးကဲ...
ဒါနဲ့ စကားမစပ် ဘာသံစဉ်နဲ့ ဆိုရမှာလဲ ပြောသွားအုံးလေဗျ...

Anonymous said...

တခါမှ ထမီ မ၀တ်ဖူးသောသူ ထမီကျွတ်ခြင်းက ထူးဆန်းနေသလို-တခါမှ အလှုကြီး မလှုဖူးသောသူ လှုခြင်းကလည်း ထူးဆန်းနေတာကို ပြောချင်တာလား။တခါမှ ထမီ မ၀တ်ဖူးသောသူ ဗမာပြည်အာမီနာဇီများ ချိတ်ထမီဝတ်ကြလေသောအခါ “လေဒီဂါဂါ ယတြာချေတာလား။”ဟု
တခါမှ ချိတ်ထမီ မ၀တ်ဖူးသောသူ လေဒီအာမီများက အာမေဍိတ်သံစုံဖြင့် နာကျည်းလေကြကုန်သတည်း။