
သင်္ဘောတွေ ကားတွေ ဆိုင်ကယ်တွေ
အိမ်ခေါင်မိုးပေါ် ရောက်လာတဲ့နေ့က
ရထားတွေ အတွဲလိုက် အတွဲလိုက်
ရွံ့တွေအောက် ပျောက်သွားတဲ့နေ့က
လေယာဉ်ပျံတွေ ကုန်သတ္တာကြီးတွေ
ငါတို့လမ်းထဲ ၀င်လာတဲ့နေ့က
တံတားတွေ ဈေးတွေ လမ်းမတွေ
ကျောင်းတွေ ရုံးတွေ အော်သံတွေ
ရေလှိုင်းနဲ့အတူ လိုက်သွားကြတဲ့နေ့က
ငါတို့အားလုံး
အမှတ်မထင် သေဆုံးခဲ့တဲ့နေ့က
ကောင်းကင်ကြီးဟာ
အရင်နေ့တွေလို
ကြည် လို့
သာ လို့
ပြာ လို့ ။ ။
2 comments:
စိတ်မကောင်းစရာ ဂျပန်ရုပ်ရှင်တွေ လာကြည့်တယ်...
အစက တွေ့တော့ ရုပ်ရှင် (၁)
နောက်တခေါက်တွေ့တော့ (၇) ဆိုတော့ မျက်စိများမှားသလားလို့...
အမှန်တော့ ကောင်းကင်ကြီး ကျိတ်ငိုနေတာရယ်...
Post a Comment