Friday, March 4, 2011

တိတ်ပြီးဆူတဲ့မြို့











တိုကျိုမြို့မှာ အဲဘိဆု ဆိုတဲ့ရပ်ကွက်ကြီးတခု ရှိတယ်။ အဲဒီရပ်
ကွက်ထဲမှာ လမ်းကြိုလမ်းကြားတွေ အများကြီးပဲ။ ဒီရပ်ကွက်
က အမြဲလိုလို တိတ်ဆိတ်နေတတ်ပေမဲ့ မြို့ပါတ်ရထားတွေက
ငါးမိနစ်ကို တကြိမ်လောက် ဖြတ်သွားဖြတ်လာလုပ်နေတယ်။
ရပ်ကွက်ထိပ်နားမှာလည်း အဝေးပြေး မိုးပျံလမ်းမကြီးတခု။

မြို့နဲ့နီးတဲ့ရပ်ကွက်ဆိုတော့ ဆူတယ်ပေါ့။ လူတွေ မဆူပေမဲ့
ရထားသံ၊ ကားသံ တညံညံနဲ့ပါ။ အဲဒီရပ်ကွက်ထဲက လမ်းတို
တခုရဲ့ဒေါင့်အိမ်မှာ မိသားစု လေးယောက်နေကြတယ်။

အမေက အိမ်ရှင်မသက်သက်။ ချက်မယ်ပြုတ်မယ်။ လျှော်မယ်
ရှင်းမယ်။ အငယ်ဆုံးကောင်လေးက အလယ်တန်း။ ကျောင်းမှာ
မပျော်ဘူး။ ဆရာကို မကြိုက်လို့။ ဆရာကလည်း သူ့ကို မကြိုက်
ဘူး။ အကြီးကောင်က အထက်တန်းအောင်ပြီး တက္ကသိုလ်ဆက်
မတက်ပဲ လတ်လျှားလတ်လျှား။ အချိန်ပိုင်းအလုပ် ရှိတယ်ဆိုပေ
မဲ့ ဒီအလုပ်က ပုံမှန်မရှိပြန်ဘူး။

အဖေလုပ်သူက ဟိုတပါတ်ကပဲ အလုပ်ပြုတ်ထားတာ။ ဒါပေ
မဲ့အိမ်ကို အသိမပေးဘူး။ ပုံမှန်အလုပ်ဆင်းနေသလိုနဲ့ အိမ်မှာ
မနေပဲ တခြားအလုပ်လိုက်ရှာနေတယ်။ သူတို့မိသားစု ဆက်
ဆံရေးက အေးစက်စက်။ ပြဿနာကလည်း အေးစက်စက်။
ဒီအခြေအနေကပဲ ရုပ်ရှင်ဇတ်လမ်းကောင်းတခုကို ဖြစ်စေ
ခဲ့တယ်။

ဒါရိုက်တာက ကိယိုးရှိ ခူရိုဆာဝါ။ သေသွားတဲ့ ဒါရိုက်တာကြီး
ခူရိုဆာဝါနဲ့ ဘာမှ မဆိုင်ဘူး။ ဒီခူရိုဆာဝါက များသောအားဖြင့်
ခြောက်ခြောက်ခြားခြား ရုပ်ရှင်တွေ ရိုက်နေကျ။ အခုကျမှ မိ
သားစုဇတ်လမ်းကို ရိုက်တာ။ ဂျပန်လူမှုဘ၀ကို တကယ်ပဲထင်
ဟပ်စေတဲ့ ရုပ်ရှင်ပါ။ "တိုကျို ဆိုနာတာ" တဲ့။

၂၀၀၈ခုနှစ်က ရုပ်ရှင်ပေါ့။ အမေရိကန်နဲ့ ဥရောပက ဆုတချို့
ရခဲ့တဲ့ရုပ်ရှင်ပါ။ အခုချိန်မှာကြည့်ရင် ဖြစ်နေတဲ့အခြေအနေတွေ
နဲ့ ပိုပြီးလိုက်ဖက်နိုင်တယ်။ အလုပ်ပြုတ်တဲ့ဇတ်လမ်းတွေ များနေ
လို့လေ။ ဒီနေ့ခေတ် မိသားစုရဲ့အဓိပ္ပါယ်က ဘယ်လိုလဲ ဆိုတာကို
လည်း စဉ်းစားမိနိုင်တယ်။

ပြောဖို့ ကျန်သွားတယ်။ အငယ်ကောင်လေးက စန္ဒယားသိပ်တီး
တတ်ချင်နေတာ။ သူ့ရဲ့လက်သံနဲ့ပဲ ဇတ်လမ်းကို အဆုံးသတ်
ထားတယ်။


(ရုပ်ပုံ၊ ဂူဂလ်)

3 comments:

ကူးလွေ့ said...

ဇာတ်လမ်း မိတ်ဆက် နဲ့တင် တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ။
ပြဿနာတွေ စိမ့်ဝင် အေးခဲ ပြီး တိတ်ဆိတ် နေတဲ့ အိမ်ထဲမှာ
အသက်ရှူသံတွေ လဲ ဆူညံနေမှာပဲ။

zarny win said...

ဂျပန်ရုပ်ရှင်တွေ အရမ်းကြိုက်။
ကြိုက်လွန်းလို့  ဂျပန်စကားတောင် သင်ချင်တယ်။
အပျင်းကြီးလို့  ဒီဘ၀ သင်ဖြစ်မယ် မထင်ဘူး။

မနေ့ က (ထင်တယ်) ရေဒီယိုသတင်းတပုဒ်မှာ ကြားလိုက်ရတယ် - ဂျပန်မှာ ပြီးခဲ့တဲ့နှစ်က ဟာရာကီရီပေါင်း အနည်းဆုံး သုံးသောင်းတထောင် ဖြစ်ခဲ့သတဲ့။ အဲဒီထဲက အများအပြားဟာ အလုပ်အကိုင် အခက်အခဲနဲ့  ဆက်စပ်တယ် ဆိုပဲ။။
ဂျပန်ရောက် မြန်မာပြည်သားတွေကတော့ ဟာရာကီရီ မလုပ်ကြဘူးထင်တယ်။

pandora said...

ကြည့်ကောင်းမယ်
လိုက်ဘရီမှာရှာလိုက်ဦးမယ်

လေလောဆယ်တော့ ဂျပန်တွေကို သနားနေမိ