Monday, March 28, 2011

တော်လှန်ရေးခရီး အဆက်












တော်လှန်ရေးရပ်ကွက်၏ အတွင်းကျကျ တနေရာအရောက်တွင် သင့်ကို ဧည့်လမ်း
ညွန်က“အသင့်ပြင်ထား ၊ လူမကွဲစေနဲ့” ဟု သတိပေးလိမ့်မည်။ အချိန်မှီ မပြင်ဆင်နိုင်
ပါက အော်ဟစ်ချီတက်လာသော လူအုပ်ကြီးအတွင်း သင်မျောပါသွားလိမ့်မည်။

လူအုပ်ကြီးသည် လက်သီးလက်မောင်းတန်း၍ အော်ဟစ် ကြွေးကြော်နေကြ၏။ နဖူးစည်း
များ၊ လက်မောင်းစည်းများ၊ အလံများနှင့် ပိုစတာများကိုလည်း ကိုင်ဆောင်ထားကြ၏။ ထို
အချိန်၌ သင်လုပ်ရမည့် အလုပ်မှာ ၎င်းတို့နှင့်အတူ တက်ကြွစွာ လိုက်အော်ရေးပင်တည်း။
သင်၏ မကျေနပ်ချက်များကို အားကုန် အော်ဟစ်၍ တောင်းဆိုရေးပင်။ ထိုအရာသည်
လူအများကြိုက်လှသည့် ဆန္ဒပြပွဲပင် ဖြစ်တော့သည်။တော်လှန်ရေးရပ်ကွက်သို့ ဧည့်သည်
များ လာရောက်ကြသည့် အဓိကအချက်မှာ ဆန္ဒပြပွဲကို ဆင်နွှဲလို၍ ဖြစ်၏။

ဆန္ဒပြပွဲ၏ အရှိန်အဟုန် မြင့်မားလာသောအခါ လုံခြုံရေးတပ်ဖွဲ့များ ရောက်လာလေသည်။
ဆန္ဒပြမှုကို ရုတ်သိမ်းဖို့ သတိပေးဟန့်တား၏။ ဆန္ဒပြသူတို့နှင့်ပဋိပက္ခဖြစ်၏။ လုံခြုံရေးများ
က နံပါတ်တုတ်၊ ရာဘာကျည်ဆံနှင့် မျက်ရည်ယိုဗုံးများကိုသုံးကာ ဆန္ဒပြပွဲကို ဖြိုခွင်း၏။
ဆန္ဒပြသူများ ဘက်ကလည်း အုတ်ခဲ၊ကျောက်ခဲများ၊ ရေပုလင်းများဖြင့် ပစ်ပေါက်ကာ
ခုခံတိုက်ခိုက်ကြ၏။ အော်ဟစ် ဆဲဆိုကြ၏။

တင်းမားမှုအရှိန် မြင့်မားလာသောအခါ အာဏာပိုင်များဘက်က အင်အားသုံး၍ ဖြေရှင်း
လာတော့သည်။ ပဋိပက္ခအသွင်မှ တိုက်ပွဲအသွင်သို့ တမဟုတ်ချင်း ကူးပြောင်းလာတော့၏။
ဆန္ဒပြသူအချို့ကား အနာခံ၍ နောက်ဆုတ်မပေးပဲ တင်းခံနေ၏။ အချို့ကား ရှေ့သို့ပင်
တိုးဝံ့ကြလေသည်။ အချို့ကား ဒဏ်ရာများဖြင့် အလဲလဲ အပြိုပြို။ အချို့ကား ဘေးလွတ်ရာ
သို့ ထွက်ပြေးကြကုန်၏။ အချို့ကား အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံကြရလေသည်။

ထွက်ပြေးသူအချို့သည် တော်လှန်ရေးရပ်ကွက်အတွင်း ကြုံသလို ပုန်းခိုကြရသည်။ အချို့
သည်ကား ရပ်ကွက်အပြင်ထိ ရောက်အောင် ထွက်ပြေးကြလေသည်။ ထိုသို့ အခြားရပ်ကွက်
များအထိ ပြေးကြသည်ကို “တောခိုခြင်း” ဟုခေါ်လေ၏။ တောခိုသူများက လွတ်မြောက်
နယ်မြေကို ရောက်သည်ဟု ဆိုကြလေသည်။ ကံအဆိုးဆုံး ကြုံရသူများမှာကား အဖမ်းခံကြရ
သူများပင်တည်း။ ၎င်းတို့ကို “နိုင်ငံရေးအကျဉ်းသား”ဟုခေါ်လေသည်။

စင်စစ် တော်လှန်ရေးခရီးစဉ်တွင် ကံအဆိုးဆုံးကြုံရသော နိုင်ငံရေးအကျဉ်းသားများသည်
ကံအကောင်းဆုံး ပုဂ္ဂိုလ်များပင် ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးအကျဉ်း
သားအဖြစ် အဖမ်းအဆီးခံရသူများကို တော်လှန်ရေးရပ်ကွက်က သူရဲကောင်းအဖြစ်သတ်
မှတ်ပြီး ၀င်ကြေးအဖြစ်ပေးခဲ့ရသော ၎င်းတို့၏ဒေါ်လာငါးဆယ်ကို ဂုဏ်ပြုဆုအဖြစ် ပြန်
လည် ချီးမြင့်သောကြောင့်ပင်တည်း။

တော်လှန်ရေးရပ်ကွက်သို့ ဧည့်သည် အများအပြားရောက်လာရန် နိုင်ငံရေးအကျဉ်းသား
ဟောင်းများက ၎င်းတို့၏ စွန့်စားခန်းများကို ဂုဏ်ယူဝင့်ကြွားစွာ ပြော၍ ကြော်ညာပေးကြ
လေသည်။ တော်လှန်ရေးရပ်ကွက်ကလည်း မြိုင်ဆိုင်သော ချီတက်ပွဲများနှင့် စိတ်လှုပ်ရှား
ဖွယ်ဆန္ဒပြပွဲများ မပြတ်ရှိနေကြောင်း ။ ၎င်းတို့၏ တော်လှန်ရေးသည် အမြဲရှင်သန်နေသော
တော်လှန်ရေးပင် ဖြစ်ကြောင်း။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စောင့်ကြည့်
နေရသော တော်လှန်ရေးပင်ဖြစ်ကြောင်း။ သမိုင်းဝင်လှုပ်ရှားမှုများက သင့်အား စောင့်ဆိုင်း
နေကြကြောင်း စသဖြင့် ကြော်ညာထိုး၍ ဧည့်သည်များ လာရန်အလို့ငှာ နှိုးဆော်မျှော်စောင့်
နေကြလေတော့သတည်း။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

ပြူး said...

ငါကိုယ်တော်မြတ်ကြီး ဤစာညွှန့်ကို နှစ်သက်လေ၏။ ဆက်၍သာ ရေးကုန်မူ။