Wednesday, March 9, 2011

ပူနွေးသော လေထု














မြို့တော်ဝန်၏အမည်ကား ဦးခင်မောင်နွေ။ သူ၏တဦးတည်းသော
သမီးလေးကား နွေမ။ နွေမတွင် အမေ မရှိတော့။ သူ့အမေ ဒေါ်နွေ
နွေမြင့်ကား တနယ်တကျေးတွင် နောက်အိမ်ထောင်နှင့်နေ၏။
နေရပ်ပြောင်းရုံသာမက နာမည်ကိုပါ ဆောင်းဦးခင်ဟု ပြောင်း
ထားသည်။

ယနေ့သည် အင်္ဂါနေ့ဖြစ်သည်။ အင်္ဂါနေ့သည် နွေရာသီဖြစ်သည်။
ဤအရပ်၌ ဤတမြို့တည်းသာ နွေရာသီရှိ၏။ ဖြစ်၏။ နွေရာသီကို
ကြုံရန်အလို့ငှာ နွေမြို့သို့ ဟိုမှသည်မှ လူတွေလာကြ၏။

မိုးလင်းသည်နှင့် ချွေးစို့လေပြီ။ နွေမြို့တွင် အရာရာပူ၏။ ရေလည်း
ပူ။ လေလည်း ပူ။ မြေလည်း ပူ၏။ ထို့ကြောင့် နေရာတကာ အရိပ်
ရအောင် (၀ါ) ခံသာအောင် လုပ်ထားရ၏။ အရိပ်အောက်တွင်
လူတို့ ပျော်ရွှင်စွာ အိုက်ကြလေသည်။

နေမြင့်သည်နှင့်အတူ ချွေးတို့လည်း တပြိုက်ပြိုက်ကျသည်။ ချွေး
ထွက်လိုကြ၍ ဤမြို့သို့လာခဲ့ကြခြင်း မဟုတ်လော။ ကျန်းမာရေး
အဆုံးအမများတွင် လူသည် ချွေးထွက်ရန်လို၏ဟု အဟောရှိသည်
မဟုတ်လော။ ကျန်းမာရေးအလို့ငှာ နွေမြို့တွင် ခို၍ ချွေးထုတ်ပွဲ
တော် နွှဲပျော်ကြလေသည်။

နွေမြို့သူမြို့သားများသည်လည်း အရိပ်ဖြင့် စီးပွါးရှာကြသည်။
အရိပ်ပုံစံမျိုးစုံ။ အရိပ်လုပ်နည်းမျိုးစုံ။ ချွေးသိပ်နည်းမျိုးစုံ။ အပူ
ဓါတ်နှင့်လိုက်ဖက်မည့်၊ ကျန်းမာရေးနှင့်လည်း ညီညွတ်မည့်
အစားအစာမျိုးစုံ ပြုလုပ်ကာ စီးပွါးသညာ ရှာကြလေကုန်သည်။

ညနေစောင်းသည်နှင့် နွေမြို့တွင် အပူဓါတ်လျှော့လေပြီ။ ချွေး
ဒဏ်ကြောင့် လူများနွမ်းနေကြသော်လည်း စိတ်ပေါ့ပါး၍နေကြ
၏။ နေ၀င်လုလုအချိန်၌ နွေမြို့၏နာမည်ကျော် ရေသဘင်ပွဲ
တော် စတင်လေတော့သည်။

အရိပ်များအောက်မှ အလျှိုအလျှိုထွက်လာကြကုန်သော လူထီး
လူမ၊ လူကြီးလူငယ် အသွယ်သွယ်တို့ ရေကစားကြရန်အလို့ငှာ
ရေစည်ကြီးများ လမ်းဘေးတွင် အသင့်။ ရေကစားရာတွင် ပိုမို
ပျော်ရွှင်စေရန်အလို့ငှာ သင်္ကြန်တေးသီချင်း ဂီတသံများ တညံ
ညံ။ ပျော်သံ အော်သံများ တလျှံလျှံနှင့် နွေတမြို့လုံး စိုရွှဲသွား
သည်အထိ ရေကစားပြီးကြသော် မိုးမှာ စုတ်စုတ် ချုပ်လေပြီ။

နွေမြို့မှ အရှေ့စူးစူးသို့ လားသော် ဆောင်းဦးပေါက်ရာသီနှင့်
ကြုံလေမည်။ ဗုဒ္ဓဟူးနေ့သည် ဆောင်းဦးနေ့ဖြစ်သဖြင့် နွေမြို့
မှ ဧည့်ပရိတ်သတ်များ ခရီးဆက်ရန် ပြင်ကြပြီ။ အင်္ဂါနေ့အကုန်
နွေမြို့၏ ညဈေး၌ အနွေးထည်များ အပြိုင်အဆိုင်ရောင်းကြ
လေရာ ခရီးသည်များလည်း အလုအယက် ၀ယ်ယူသမှု ပြုကြ
လေတော့သည်။

(ရုပ်ပုံ ၊ ဂူဂလ်)

2 comments:

သက်ဝေ said...

ဖတ်ရင်းနဲ့ ပူအိုက်လာပြီး ရေပြေးချိုးရမလို ဖြစ်နေတုန်း ဆောင်းဦးနေ့အတွက် အနွေးထည် ဝယ်နေကြပြန်တယ် ဆိုတော့ကာ... အင်း...

တတ်လဲတတ်နိုင်တဲ့ လူတွေဗျာ...

ဒါနဲ့ စကားမစပ်... သင်္ကြန်နီးလာပြန်ပြီနော်...း))

pandora said...

သြော် နွေနွေ..
သူတို့မြို့မှာရော သင်္ကြန်ရှိလားဟင်
ဗုံးရောကွဲလား