
ကြက်အကြောင်း ရေးမိတော့ မိတ်ဆွေဘလော်ဂါ အဖေါ်သဟာ
တချို့ က အချွန်လေးနဲ့ မပြီး တောင်းဆိုသမှု ပြုလာကြပါတယ်။
အတောင်မပါတဲ့ ကြက်တွေအကြောင်းလည်း ရေးပါဦးတဲ့။
အဟမ်း ။ အတောင်မဲ့ကြက်တွေအကြောင်း ရေးမယ်ဆိုလည်း
ရေးစရာတွေက ရှိတော့ရှိပါရဲ့ ။ ဒါပေသိ ရေးဖို့ရာ လက်တွန့်နေ
သေးသမို့ သည်းခံတော်မူကြပါဦး ငါ့အရှင်တို့။
လောလောဆယ် ကြက်တို့ရဲ့ အတောင်ပံတွေအကြောင်းပဲ ရသေ့
စိတ်ဖြေ ဖတ်တော်မူထားကြပါလို့ ချွေးသိပ်လိုက်ရပါတယ်။
လူအတော်များများ သိထားကြမယ်လို့ထင်ရတဲ့ ပုံတိုပတ်စ တခုနဲ့
စပါရစေ။
တခါက..တဲ့။ တိုးတက်ရနိုးနိုးဖြစ်လာတဲ့ မြန်မာပြည်မှာ။ ဇီးကွက်
စီးပွါးရေးဆိုတာကို ကျင့်သုံးမယ်တကဲကဲနဲ့ ခရီးသွားနှစ်ဆိုတာ
ကြီးကို အစိုးရကဦးဆောင်လို့ ဆင်ယင်ကျင်းပကြပါလေရောတဲ့။
ကမ္ဘာလှည့်ခရီးသွားတွေ အုံနဲ့ကျင်းနဲ့ မြန်မာပြည်ကို ရောက်လာရင်
ဒေါ်လာတွေရွှင်လေမဟဲ့ ဆိုပြီး အပိုင်ကြံမယ့် စီးပွါးကွက်ပေါ့။
ကမ္ဘာလှည့်တွေလာမယ်ဆိုတော့ ကမ္ဘာဆန်အောင်ပြင်ထားကြဖို့
အစိုးရမင်းများက နိုးဆော်ပါတယ်။ ဘိုလိုအပြောတွေ ကျင့်ကြ။
ဘိုအကြိုက် အပြင်အဆင်တွေ မွန်းမံကြ။ဟိုတယ်တွေဆောက်ကြ။
အင်းတွေ၊ မိုတယ်တွေထောင်ကြ။ခရီးသွားလုပ်ငန်းတွေ ထောင်ကြနဲ့
စီးပွါးတက်လို တက်ငြား အပြိုင်အဆိုင် လုပ်ခဲ့ကြပါလေရောတဲ့။
အဲဒီအထဲမှာ ကမ္ဘာလှည့်တွေကို ပစ်မှတ်ထားပြီးဖွင့်တဲ့ စားသောက်
ဆိုင်တွေလည်း ပါတာပေါ့။ အခုပြောမှာက အဲဒီလိုစားသောက်ဆိုင်
တွေထဲက ရယ်စရာ အဖြစ်အပျက်တခုအကြောင်းပါ။
ဆိုင်ရဲ့ နာမည်ကလည်း ဘိုနာမည်။ စားသောက်ဖွယ်ရာ စာရင်းကို
လည်း မြန်မာလိုမရေးပဲ ဘိုလိုရေးထားပါသတဲ့။ ဖြစ်ချင်တော့ ကမ္ဘာ
လှည့်တွေက မလာရှာဘူး။ မြို့ ခံလူတချို့ ပဲ တချက်တချက် ရောက်
လာတတ်သတဲ့။
တရက်သား။ ညနေခင်းတခုမှာ ရွှေဧည့်သည်နှစ်ဦး ဆိုင်ကိုကြွလာ
ပါရော။ မီနျူးကိုကြည့်တော့ ဘိုလိုတွေပဲတွေ့ သတဲ့။ စားပွဲထိုး
ကောင်လေးကလည်း အနောက်တိုင်းပုံစံ ၀တ်စားထားသတဲ့။
မင်းတို့ဆိုင်မှာ ဗမာလိုမီနျူးမရှိဘူးလားလို့ မေးတော့။ မရှိပါဘူးလို့
ဖြေသတဲ့။
အဲဒါနဲ့ ရွှေဧည့်သည်နှစ်ဦးက ဘီယာအရင်ချလို့ မှာလိုက်သတဲ့။
စားပွဲထိုးက ခပ်သွက်သွက်ပဲ ဘာအမြည်းယူဦးမလဲအကိုလို့ မေးပြန်
သတဲ့။ ရွှေဧည့်သည်က မီနျူးကိုကြည့်ပြီး Chicken Wings တပွဲပေးကွာ
လို့ ဆိုသတဲ့။ စားပွဲထိုးကထွက်သွားပြီး လမ်းတ၀က်က ပြန်လှည့်လာသတဲ့။
ပြီးတော့ အကိုတို့ Chicken Wings ကို ဘာသားနဲ့စားချင်သလဲလို့ မေး
တော့ ရွှေဧည့်သည်နှစ်ဦးလည်း ဘာဆက်ပြောရမှန်းမသိဘူး ဖြစ်သွားပါ
လေသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ (မူရင်းအတိုင်း မဟုတ်ပါ) ဒီအကြောင်းရေး
တဲ့သူက ကျော်ရင်မြင့်လို့ ထင်တာပဲ။ အမှတ်မှားရင် ခွင့်လွှတ်ပါ။
အမေရိကားမှာ ကျွဲတောင်ပံတွေ နာမည်ကြီးပါတယ်။ ဘိုလိုတော့
Buffalo Wings လို့ခေါ်သပေါ့။ နယူးယောက်ပြည်နယ် ဘဖဲလိုးမြို့ 
က ကြော်ပြီးရောင်းတဲ့ ကြက်တောင်ပံတွေပါ။ အရသာ တမူထူးပြီး
ကောင်းမွန်လေသောကြောင့် ဤအမည် တွင်လေသတတ်။ မြန်မာ
လိုဆိုရင် ကျွဲတောင်ပံလို့ နားလည်မှု လွဲသွားနိုင်သကိုး။
ကြက်တို့ရဲ့ အတောင်ပံဟာ သီးသန့်အစားအစာတခုပါ။ အထူးသဖြင့်
ဘီယာနဲ့မြည်းကြပါတယ်။ ကြက်တောင်ပံကြော်ကို အစပ်အဟပ်
မျိုးစုံနဲ့ လုပ်စားကြပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် ကြက်တောင်ပံ
ကြော်က သိပ်ထူးခြားမှု မရှိလှပါဘူး။ ထိုင်းမှာတော့ ကြက်တောင်ပံ
အတွင်းမှာ အစာသွပ်ပြီး ကြော်ပါတယ်။ တရွာတပုဒ်ဆန်းဆိုသလို
ကြက်တောင်ပံကြော်နည်း မျိုးစုံရှိပါတယ်။ အားလုံး စားလို့ကောင်း
တာချည်းပါပဲ။
အမြင့်ကိုပျံလိုသူများနဲ့ အခွပ်ကောင်းလိုသူများ ကြက်တောင်ပံ
များများစားပါလို့ ညွှန်ကြားချက်မျိုးတော့ မကြားဖူးပါခင်ဗျား။
ပညတ်သွားရာ ဓါတ်သက်ပါဆိုတာကို ယုံကြည်သူတွေတော့
ကြက်တောင်ပံတွေ များများစားကြလိမ့်မယ်လို့ ယူဆရပါတယ်။
အသိမိတ်ဆွေတွေထဲမှာ မြောက်ကြွမြောက်ကြွနဲ့ ခပ်စွာစွာလုပ်
တတ်တဲ့သူရှိရင် ဒီလူ့ ကို မေးကြည့်ပါ။ ကြက်တောင်ပံကြော်
ကြိုက်သလားလို့။
(ရုပ်ပုံ ၊ ဂူဂလ်)
6 comments:
အရသာရှိတဲ့ အရေးအသားတွေပါပဲး)
ဒါပြီး ဘာလာအုံးမလဲ။ ကြက်သားသုတ်? ကြက်ဥမီးကင်?
ကြက်ဥမီးကင်ကို ထိုင်းမှာ ၀ယ်စားခဲ့သေးလား။
လမ်းဘေးဆိုင်မှာလေ။
အရသာရှိသော စာပေါ့...း))
ဒီပိုစ့်ကို မနက်ထဲကတွေ့တယ်... စားစရာအကြောင်းပဲ ဖြစ်မျာမို့ နေ့လည်စာ စားလို့ဝမှ လာဖတ်တယ်...
Chicken Wing ကို ဘာသားနဲ့စားမလဲ ဆိုတာ ထိတယ်ဗျာ...
အတောင်ပံပါရင်မင်းဆီကို... :)
ကြက်တောင်ပံ ဆိုတာကို
လူတွေ ဘာလို့
အရမ်း ကြိုက်ကြတာလည်း
စဉ်းစားလို့ကို မရဘူး ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
Bufflo wings တော့ကြိုက်တယ်..အချဉ်က Bufflo မှာစားတာတော့ မရိုးနိစ် နဲ့ စားတာ၊ တရုပ်နံနံအရိုးလိုအပင်..အဲ..အင်္ဂလိပ်လို နာမည်မေ့သွားပြီ..super market ရောက်မှပြန်ကြည့်လိုက်ဦးမယ်.နဲ့တွဲစားတာ..
မြန်မာပြည်က..မြန်မာဆိုင်တွေ ( တရုတ်ဆိုင်များ မူလ ပေါ့လေ) က..မီနူးက.. ၀က်သားဘိစတိတ် ကိုလည်း သတိရ သွားပါကြောင်း..း))
Post a Comment