ညနေငါးနာရီဆို မှောင်ပြီ။ ပန်းခြံက ညနေခြောက်နာရီမှ ဖွင့်တယ်။
ဝင်ကြေးက အမေရိကန်၁၅ဒေါ်လာ။ ကားနဲ့သာ လည်ပတ်ကြည့်ခွင့်ရှိ။
လမ်းလျှောက်ကြည့်ခွင့် မရှိ။ ပန်းခြံက အကျယ်ကြီး။ မီးထွန်းအရုပ်တွေ
အများကြီး။ ပျော်စရာကောင်း။ ဓါတ်ပုံကို ကားထဲက ရိုက်တယ်။
ကင်မရာမီးကို လုံးဝ မသုံးဘူး။
မီးထွန်းပွဲတော် အ၀င်ဝ ဆိုပါတော့။

ကြိုဆိုသူတွေက တံပိုးခရာတွေမှုတ်လို့။
ဘူတာရုံကို ရထားဝင်လာပြီ။ အချိန်က ည၇နာရီတဲ့။
အချိန်မှန်ရထားပဲ။
ဘူတာရုံနဲ့ မလှမ်းမကမ်းမှာ စစ်တပ်ရှိပုံရတယ်။
မီးထွန်းပွဲကို တချို့ က မြင်းလှည်းနဲ့လာကြတယ်။
တချို့ က ကားနဲ့လာကြတယ်။
မီးလှိုင်ခေါင်းကြီးတွေလည်းရှိတယ်။
ဘုရားကျောင်းလား၊ စားသောက်လား။
ခရစ္စမတ်ဘိုးဘိုးမှာ အမွှာညီအကိုတွေရှိတယ်။
ကုန်းမြင့်တခုမှာ ဒေါင်းတကောင် ကနေတယ်။
ကနေတဲ့ဒေါင်းဆိုတော့ ကဒေါင်းပေါ့ကွာ။
တချို့ ကလည်း အပမ်းဖြေ ငါးမျှားကြတယ်။
တချို့ ကတော့ အပမ်းဖြေ ရွက်လွှင့်ကြတယ်။
ဧည့်သည်တွေကတော့ အစုံပဲ။
ပင်ဂွင်တွေရှိတယ်ဆိုတော့ ရေခဲအောင် အေးတဲ့ဒေသပေါ့။
ကြယ်ပန်းရုံလမ်း။
နှစ်သစ်ကူးမယ့်ညက ငါတို့ဇနီးမောင်နှံ ညပန်းခြံမှာ အပမ်းပြေခဲ့တယ်။
ငါတို့အားလုံး ၂၀၁၁မှာ အဆင်ပြေအောင် လုပ်ကြဦးစို့ကွာ။
4 comments:
Happy New Year ... Cheers!
အဆင်ပြေ ပျော်ရွှင်သော ၂၀၁၁ ဖြစ်ပါစေ...
စာတွေ အများကြီးရေးပြီး ဓါတ်ပုံတွေ အများကြီး ရိုက်နိုင်ပါစေ...း))
လှတာ ပုံလေးတွေး)
excellent.
Post a Comment