Wednesday, January 19, 2011

မြင်တဲ့အတိုင်း
















အဖြစ်ကတော့ မြင်တဲ့အတိုင်းပဲ။ ဆန်ဖရန်စ္စကို တရုတ်တန်းမှာ
ရောင်းနေတဲ့ စွတ်ကျယ်ဆိုင်ကပုံပါ။ ကွန်မြူနစ်သမ္မတကြီး “ဟူ ”
အမေရိကားကို အလည်ရောက်နေပါတယ်။ အကြွေးရှင်မို့
အကြွေး လာတောင်းတာ မဟုတ်ပါ။ အမေရိကားကို အကြွေး
ထားရတာ သူတို့အတော် ဂုဏ်ယူနေပုံရပါတယ်။

အမေရိကန်ကလည်း အခုတော့ အကြွေးရှင်ကွန်မြူနစ်ကြီးကို
လိုလိုလားလား။ ဖက်လဲတကင်းနဲ့။ နိုင်ငံရေးဆိုတာ ဒါပဲ။
ထာဝရ ရန်သူ မရှိ။ ထာဝရ အကျိုးစီးပွါးသာ ရှိ။ အိုဘားမားရဲ့ 
အစိုးရအဖွဲ့ ထဲမှာ တရုတ်အရာရှိကြီး သုံးဦးတောင် ထည့်ထား
တယ်။

နိုင်ငံရေးသမား၊ တိုင်းပြည် ခေါင်းဆောင်ဆိုတာ ဈေးသည်လို
လည်း ဖြစ်ဖို့လိုတယ်။ အိုဘားမားက ပြောတယ်။ ကျနော်တို့က
တော့ တရုတ်ကို ရောင်းလို့ရတာမှန်သမျှ အကုန်ရောင်းချင်နေ
တာပါတဲ့။ ပေါ်တင်ပဲ။ အိမ်ဖြူတော်က “ဟူ” နဲ့တွဲလုပ်တဲ့ သတင်း
စာရှင်းလင်းပွဲမှာ ပြောလိုက်တာ။

တရုတ်နှစ်သစ် ကူးတော့မယ်။ လာမှာက ယုန်နှစ်တဲ့။ အိုဘား
မားက တရုတ်ကို ဘယ်လောက် ယုံသလဲတော့ မသိဘူး။
စီးပွါးရေးသမားတွေကတော့ တရုတ်အမေရိကန်ဆက်ဆံရေး
ပိုကောင်းလာမယ်၊ နှစ်နိုင်ငံပေါင်းပြီး စီးပွါးတွေတက်လာကြ
လိမ့်မယ်လို့ ယုံနေကြပြီ။

ယုန်နှစ်မှာမွေးဖွါးသူတွေဟာ ယုံကြည်စိတ်ချရတယ်။ ကျင်
နာမှုရှိတယ်။ အေးဆေးသူတွေဖြစ်တယ်လို့ ဆိုတယ်။ ယုန်နဲ့
မတည့်သူက ခွေး ဆိုပဲ။ ယုန် တောင်ပြေး ခွေး မြောက်လိုက်
ဆိုတာလည်း ကြားဖူးတယ်။ သမ္မတအိုဘားမားကတော့
တရုတ်တန်းက စွတ်ကျယ်ဆိုင်မှာ မြင်တဲ့အတိုင်းပဲ။ အရင်း
ရှင်နဲ့ ကွန်မြူနစ်ပေါင်းတော့ အရင်းနစ် ဖြစ်သွားတာပေါ့။

ကိုင်း ။ ယုန်နှစ်ကို ယုံယုံကြည်ကြည်နဲ့ပဲ ကြိုဆိုကြစို့။
မယုံလည်း သူက ယုန်တော့မယ်ဆိုတာကိုး။ မဟုတ်ဘူးလား။

(ရုပ်ပုံ ၊ ငါရိုက်)

2 comments:

zarny win said...

တောရောက် တောင်ရောက် ကော်မန့်  ပေးလိုက်မယ်။

အိုဘားမားက နွားနှစ်ဖွား။
ယုန်သမားကို ရှောင်ရမယ် ဆိုပဲ။
Avoid: dragon, horse, sheep, dog, rabbit တဲ့။

စကားမစပ် - ဒီ T shirt က အရောင်းသွက်ပါ့မလား
http://www.sportbikes.net/forums/politics-religion/426007-communist-obama-t-shirt-tussle.html
မှာ ပါတဲ့ တီရှပ်က ပို ပြီး အာရှဆန်မယ် ထင်တယ်။

ညီမလေး said...

ဟုတ်တယ် နိုင်ငံရေးဆိုတာ အဲ့ဒါပဲ အားလုံးကတော့ ကိုယ်လိုဘနဲ့ကိုယ်ဆက်ဆံ ကြတာပဲ ။ ရှဉ့်လဲ လျှောက်သာ ပျားလဲစွဲသာ အခြေအနေမျိုးနဲ့ မှန်မှန်ကန်ကန် ကိုယ်စီကိုယ်စီ ကိုယ့်တိုင်းပြည်အတွက် ကျန်အောင် ပညာရှိဖို့ပဲ လိုတယ်လားလို့........