Saturday, July 16, 2011

အခုတော့လည်း အချစ်ဦးကို ကောင်းကောင်းမေ့တတ်နေပါပြီ



















အိမ်သာတက်ရင်း ဖတ်ဖြစ်တဲ့စာတပုဒ်မှာ “အချစ်ဦး” ဆိုတဲ့ အသုံးအနှုန်းတခုကို
ပျောက်နေတဲ့ပစ္စည်း ပြန်တွေ့သလို ဖတ်မိခဲ့ပါတယ်။ အချစ်ဦးဆိုတာ ဒို့လောက
မှာ အရေးကြီးပုံရတယ်။ တချို့ တွေများ သီချင်းတွေစပ်လို စပ်။ ကဗျာတွေဖွဲ့လို
ဖွဲ့ ။ ၀တ္ထုတွေရေး၊ ရုပ်ရှင်တွေရိုက်။ တခန်းတနားနဲ့ တသီးတသန့် နေရာပေးကြ
တယ်။ ငါ့မှာတော့ အချစ်ဦးကို မေ့လို့နေတာ ကြာပေါ့။

သေချာတာကတော့ အခုအတူနေသူ ချစ်ဇနီးက အချစ်ဦး မဟုတ်ပါ။ ချစ်ဇနီးရဲ့
အချစ်ဦးကလည်း အီဖေကို မဟုတ်ပါ။ အချစ်ဦးနဲ့လက်ထပ်တဲ့သူ မိတ်ဆွေတွေ
ထဲမှာ ရှိသလား။ ပြန်စဉ်းစား။ ပြန်စဉ်းစား။ လောလောဆယ် တယောက်မှ မတွေ့။
အချစ်ဦးနဲ့လက်ထပ်တာက ကောင်းတာလား။ ပြန်စဉ်းစား။ ပြန်စဉ်းစား။

အချစ်ဦးဆိုတာ ဘာလဲ။ ကိုယ်ကချစ်ခဲ့ရတဲ့ ပထမဆုံးလူကိုပြောတာလို့ ထင်တယ်။
ကိုယ်ကပဲချစ်ပြီး သူက ပြန်မချစ်ရင်ကော။ အဲသဟာကို အချစ်ဦးလို့ ပြောလို့ရ မရ။
သူက ပြန်ချစ် မချစ် မသိရတာကိုရော အချစ်ဦးလို့ ပြောလို့ရ မရ။ မသိဘူး။ သေချာ
တာကတော့ ငါပထမဆုံးချစ်ခဲ့တဲ့ ကောင်မလေးက ငါ့ကို ပြန်ချစ်လား မချစ်လား
မသေချာဘူး ဆိုတာပဲ။ ကဲ..ငါ့အချစ်ဦး အခု ဘယ်မှာလဲ။

ပြန်စဉ်းစားမိရသလောက် လေးတန်းကျောင်းသားဘ၀မှာ အချစ်ဦးနဲ့ တွေ့ခဲ့ရတာပါ။
ပြောရင်းဆိုရင်း အခုမှ မျက်လုံးထဲ ပြန်ပေါ်လာတော့တယ်။ နာမည်သုံးလုံးနဲ့။ ကရင်
နာမည် ဘယ်လိုခေါ်တယ်တော့ မသိ။ ဖြစ်ချင်တော့ကျောင်းသားတွေက ဆော့လွန်း
လို့ဆိုပြီး ဆရာမက ဒဏ်ပေးတဲ့အနေနဲ့ မိန်းကလေးနဲ့ ယောက်ကျားလေး တယောက်
ခြားစီ ထိုင်ခိုင်းတယ်။ အဲဒီမှာပဲ အချစ်ဦးနဲ့အနီးကပ်ဆိုက်ဆိုက်မြိုက်မြိုက် ဆုံရလေ
တော့တယ်။ ကဲ.. အခုတော့ ငါ့ရဲ့ အချစ်ဦး နင် ဘယ်မှာလဲ။

Facebook မှာ ရှာသော်လည်း မတွေ့။ Google ကလည်း မကယ်နိုင်။ သူငယ်ချင်း
တွေကို မေးတော့လည်း မရ။ နိုင်ငံခြားကို ရောက်တယ်လည်း မကြား။ အချစ်ဦး နင်
ရှိမှ ရှိသေးရဲ့လား။ မှတ်မိသေးတယ်။ နင်က ကျစ်ဆံမြီးလေးနဲ့။ စကားပြောရင်လည်း
ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း။ ငါ့ထက်လည်း စာတော်တယ်။ နင်လည်း အတော်
ဆော့တာပါပဲဟာ။ ဒို့မိဘတွေက ၀င်ထမ်းတွေဆိုတော့ ဟိုပြောင်းဒီပြောင်းနဲ့
အလယ်တန်းလောက်မှာပဲ ဝေးခဲ့ရတယ်။

နင်မှတ်မိသေးရဲ့လား။ ငါတို့တွေ လူပျို အပျိုဖြစ်ခါမှ ပြန်တွေ့ကြသေးတယ်လေ။
နင်က ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့ ငါဝမ်းနည်းရတယ်။ ငယ်ငယ်တုန်းက
လောက် မရင်းနီးကြတော့သလိုပဲဟာ။ ရှိုးတို့ရှမ်းတန်းဖြစ်ကြတယ် ထင်ပါရဲ့။ ငါ နိုင်
ငံခြားကို မသွားခင် နင်တို့တက်တဲ့ ဗိုလ်အောင်ကျော်လမ်းက ဘုရားကျောင်းမှာ ပြန်
ဆုံခဲ့တာ နောက်ဆုံးပဲ။ အဲဒီတုန်းကလည်း ငါက အလုပ်ရှုပ်နေတော့ နင်နဲ့ ကောင်း
ကောင်း စကားမပြောခဲ့ရဘူး။

နင့်ကို ငါချစ်တဲ့အကြောင်း ငယ်ငယ်တုန်းက ဆရာ့ဆီထပ်တဲ့ နင့်စာအုပ်ထဲ ငါနဲ့
မောင်မောင်စန်း အပျော်သဘောနဲ့ စာရေးခဲ့တာ နင်မှတ်မိတယ် မဟုတ်လား။
ငါကတော့ မမေ့ဘူး။ နင်က ဆရာ့ကို သွားတိုင်လို့ ငါတို့နှစ်ကောင် အရိုက်ခံခဲ့ရ
တာကိုး။ အဲဒီတုန်းက အပျော်သဘောဆိုပေမဲ့ နင့်ကို ငါက တကယ်မချစ်ရင်
ဒီလိုဘယ်ရေးမှာလဲဟ။

အခုဆို နင်လည်း အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေဘာတွေ ရနေရော
ပေါ့ဟာ။ နင့်အကြောင်း ငါ့ချစ်ဇနီးကို ပြောပြရဦးမယ်။ နင်နဲ့ပြန်ဆုံရင် မိတ်ဆက်
ပေးမယ်လေ။ နင်တို့တွေ ခင်ကြမှာပါ။ အဲဒီအခါ ငါ့ကိုစိတ်မဆိုးဖို့ ကြိုပြီးပြောထား
ရဦးမယ်။ ချစ်ဇနီးရေ..သူကတော့ ကိုယ့်ရဲ့ အချစ်ဦးပဲလို့ မိတ်ဆက်ပေးရမှာကိုး။

ဒါနဲ့ စကားမစပ်။ ငါ့အထင် နင့်ရဲ့ အချစ်ဦးဟာ ငါများဖြစ်နေမလားပဲ။ ဟုတ်တယ်
ဆိုရင်လည်း ရှက်မနေပါနဲ့တော့ဟာ။ ငါ့မိန်းမကို ပြန်ပြောပြလိုက်ပေါ့။ ငါကလည်း
နင့်ရဲ့အချစ်ဦးပဲဆိုတာ။ စဉ်းစားရတာနဲ့တောင် တော်တော်ပျော်ဖို့ ကောင်းနေပါပြီ။
သူငယ်ချင်း အချစ်ဦးလေး ကျန်းမာပါစေဗျား။

(ရုပ်ပုံ၊ ဂူဂလ်)

6 comments:

ကလူသစ် said...

"အခုအတူနေသူ ချစ်ဇနီးက .." ဆိုတာကို နားမလည်ပါ။ အတူမနေတဲ့ ချစ်ဇနီးရှိသေးတယ်ဆိုတဲ့သဘောလားမသိ။ နားလည်ရခက်ပါဘိ။

blueskyforest said...

ကလူသစ်က မြွေမြွေချင်းဆိုတော့ ခြေမြင်သကိုး။

ABC said...

အချစ်ဦးနဲ.ပြန်ဆုံတွေ.ရင် အရင်ကလို ရင်ခုန်ဦးမှာလား

ခုတလော လင်ယောကျာင်္းဖြစ်သူတွေကို မိန်းမတွေက ဖြတ်တာတွေ၊ သတ်တာတွေကြားမိနေတော့ ဘလူးစကိုင်းအတွက် ရင်လေးမိပါဘိ ...

blueskyforest said...

ကြောက်တောင်လာပြီ အေဘီစီရယ်။ ရင်တော့ အနည်း အကျဉ်း ခုန်ပါရစေဗျာ။ စတိအဖြစ်ပေါ့။း)

ABC said...

အချစ်ဦးအတွက် တိတ်တိတ်လေး ရင်ခုန်ပေါ့ ၊ အိမ်က အချစ်ဆုံးတော့ မသိစေနဲ.ပေါ့၊

တော်တော်ကြာဖြတ်လိုက်လို. (လက်ပါ)၊ ကီးဘုတ်ကိုမနှိပ်နိုင်လို. ပို.စ်တွေ မတင်နိုင်ပဲ ဖြစ်နေဦးမယ်၊

ဘလူးစကိုင်းရဲ့ အိမ်က အချစ်ဆုံးရဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုတော့မသိဖူး၊ ကျွန်တော့်အိမ်က အချစ်ဆုံးဆိုတာကတော့ အချစ်တွေဆုံးနေလို.ပါ၊

ပျော်ရွှင်ပါစေဗျာ ....

Amber said...

LMAO yee ya tae bae` :P