Tuesday, July 5, 2011

တိုလီမိုလီ သွေ့ပူချီ











ချစ်လှစွာသော ဧည့်ပရိတ်သတ်ကြီး သိထားတော်မူကြတဲ့ အတိုင်းပါပဲခင်ဗျား။
ရွှေမြန်မာပြည်ကြီးဟာဖြင့် အိန္ဒိယပြည်ကြီးနဲ့ တရုတ်ပြည်ကြီး နှစ်ခုအကြား
မညပ်ချင်ပဲ ညပ်နေရရှာသော နိုင်ငံငယ်တခုသာ ဖြစ်ချေ၏။ နှစ်ဘက်အညှပ်
ခံထားရရှာသော ဤနိုင်ငံငယ်ကလေးမှာ ဟိုဘက်က ပိသည့်ဒဏ်နှင့် သည်
ဘက်က ဖိသည့်ဒဏ် အစဉ်အဆက် ခံနေရရှာသည်ကိုလည်း အားလုံးအသိ။

သိပြီးသော်ငြား ထင်ရှားအောင် (မလိုအပ်ပဲ) ထပ်ပြီးရှင်းရလျှင် မြန်မာတို့၏
အမျိုးသားဝတ်စုံအား မျက်စိထဲ မြင်ရန် ခေတ္တခဏ အာရုံပြုတော် မူကြပါကုန်။
အပေါ်ဆုံးမှ စလျှင် ခေါင်းပေါင်းစ တလူလူကို မြင်ချေမည်။ ခေါင်းပေါင်းသည်
မြန်မာတို့ခေါင်းပေါ် မည်သို့ရောက်လာသနည်း။ အထင်ပြောရလျှင် အိန္ဒိယပြည်
မှ လာသည်။ အိန္ဒိယတို့သည် ခေါင်းပေါင်းကို အစဉ်အလာကြီးကြီးဖြင့် ပေါင်းလာ
ကြသူများ မဟုတ်လေတကား။

ခေါင်းပေါင်းမှတဖန် အောက်သို့လားသော် တိုက်ပုံဆိုသော အင်္ကျီကို မြင်ရလိမ့်မည်
မဟုတ်တုံလော။ အနှီတိုက်ပုံဆိုသည်ကား အဘယ်က လာသနည်း။ တီယုတ်ပြည်
ကြီးက လာနီးကီးတော်မူလေသည်။ တိုက်ပုံဟူသည်ကား တရုတ်ပစ္စည်း အီစစ် ဧကံ
ဖြစ်တော့သည် ကိုယ့်လူတို့။ တိုက်ပုံမှသည် အောက်သို့ဆင်းပြန်သော် ခါးတွင် ဆီး
နှောင် တုတ်ချည်ထားသော ပုဆိုးဟူသည့်အရာကို မြင်ချိမ့်မည်။ ဤအရာသည်ကား
အိန္ဒိယပစ္စည်းအစစ် ဧကံပင်ဖြစ်တော့သည်။











ရွှေမြန်မာအကြောင်း ပြောလျှင် တရုတ်ကို ချန်လှပ်၍ မရသလို အိန္ဒိယကိုလည်း
မေ့ထားလို့ မဖြစ်ချေ။ တခုခုကို မေ့လေသော် အင်္ကျီသော်လည်းကောင်း၊ လုံချည်
သော်လည်းကောင်း မပါသောသူနှင့် မတူလေပြီတကား။ ရှက်ဖွယ်ပ အဆွေတော်။

ခေါင်းစီးတွင် ဖေါ်ပြထားသည့် စကားလုံးများမှာ အလကား မဟုတ်။ ရွှေမြန်မာတို့
နေ့စဉ်သုံးစွဲနေသော စကားများအတွင်း တကြိမ်မဟုတ် တကြိမ် ပါလေ့ရှိသည့်
အရာများပင်တည်း။ တိုလီမိုလီမှာ ကုလားစကား အစစ်။ သွေ့ပူချီမှာ တရုတ်စကား
အစစ်။ အဲ့သဟာကြောင့် ထိုစကားနှစ်လုံးမှာ မြန်မာစကား အစစ် ဧကံဖြစ်လေပြန်
တော့သည်တည်း။ သွေ့ပူချီကို မြန်မာတို့ လှိုင်လှိုင်သုံးစွဲလာသည်မှာ များမကြာလှ
သော နှစ်ကာလတို့မှ စလေသည်။ တိုလီမိုလီကား ဒို့မြန်မာစကားဖြစ်ခဲ့တာ ကြာပေါ့
လဟယ်။

ရှေ့တွင် အစီရင်ခံခဲ့သည့် ထိုထိုသော အကြောင်းအရင်းများကို အခြေခံ၍ ဤစာကို
ဆက်ရေးရသော်။ မကြာသေးမီကာလက ဘလူးစကိုင်းဖေါရက်စ် ဘလော့ဂ်တော်
ကြီးတွင် တရုတ်သီချင်းနှစ်ပုဒ်ကို တင်ဆက်ခဲ့သည် မဟုတ်လော။ အထက်တွင် ဆို
ခဲ့သလို တရုတ်ချည်းသက်သက်ကား ထား၍မဖြစ်ချေ။ အိန္ဒိယပါ ပါလေမှ မြန်မာပီ
သပေလိမ့်မလေ။ သို့လေသောကြောင့် ရွှေမြန်မာအများ သိထားပြီးတော်မူအပ်
သော ကုလားသီချင်းတပုဒ်ကို အချိန်မီ တင်ဆက်လိုက်ရပေတော့သည်။

ဤသီချင်းသည်ကား မြန်မာ့ဆိုရှယ်လစ်ခေတ်ကြီးအတွင်း လူကြိုက်အများဆုံး
ကုလားသီချင်းတပုဒ် ဖြစ်ရုံတင်မက ကော်ပီဆရာကြီး တဦးကလည်း ထိုသီချင်းကို
မြန်မာအသက်ဓါတ် အပြည့်သွင်း၍ ကချင်တိုင်းရင်းသူ အဆိုတော်တဦးအား ပေး
ဆိုသမှု ပြုခဲ့လေရာ ပေါက်ချင်းမက ပေါက်၍ မြန်မာပြည်တလွှား ဟိုနားသည်နား
မကျန် တညံညံ ဖြစ်ခဲ့တော်မူထသော အလွန်ကျော်ကြားသည့် ကုလားသီချင်း
တပုဒ်ပင် ဖြစ်တော့သည်။ (စကားမစပ်။ ယခုရေးခဲ့သည့် စာပုဒ်ကို တကြောင်းထဲ
နှင့် ကိစ္စပြတ်အောင် စီရင်ခဲ့သည်မှာ အစဉ်းငယ် အံ့အားသင့်ဖွယ်ပင်။)



ဤသီချင်းကို အမှတ်ရကြပြီ မဟုတ်တုံလော အဆွေတော်တို့။ အနှီသီချင်း
သည်ကား မူလဘူတ၊ အော်ရီဂျင်နယ် သီချင်း မဟုတ်ရပါချေ။ တခေတ်ဆန်း
ပြန်ဆိုတေးသာ ဖြစ်တော့၏။ မူလ အာချား...အာချား သီချင်းကိုကား အောက်
တွင် နားဆင်လော့။ ဘာအကြောင်းဆိုထားတာလဲဟ ဟူ၍တော့ အီစကို့အား
လာ မမေးလေနှင့်။ သိတော် မမူ။ ဂီတဖျော်ဖြေမှု တခုအဖြစ်နှင့်သာ ပျော်ပျော်
ကြီး နားဆင်ကြလေကုန်။ သီချင်းကို ကြိုက်သော် “အာချား..အားချား” နှင့်
လိုက်သာအော်။ သင် ပျော်လာလိမ့်မည်။



(ရုပ်ပုံ ၊ ဂူဂလ်)

6 comments:

TML said...

My Father Liked that song so much... he used to sang the song ...

သက်ဝေ said...

နှင်းဆီ... နှင်းဆီ... နှင်းဆီ... နှင်းဆီ...
အကြောင်း... အကြောင်း... အကြောင်း... အကြောင်း...

နှင်းဆီ... နှင်းဆီ... နှင်းဆီ... နှင်းဆီ...
အကြောင်း... အကြောင်း... အကြောင်း... အကြောင်း...

အသံထွက် မဆိုရသေးဘူး အပေါ်က စာနှစ်ကြောင်း ချရေးလိုက်တာနဲ့တောင် တော်တော်ပျော်လာသလိုပဲ... တော်ပါပေတယ် ကိုဘလူးစကိုင်းရယ်...း))

Anonymous said...

နှင်းဆီ again :D

Anonymous said...

သီချင်းကြိုက်လို.လိုက်အော်တယ်၊

အာချား..အားချား အာချား..အားချား

ဒါနဲ.စကားစပ်လို. ဘလူးစကိုင်းရေးတဲ့ပို.စ်ကိုကြိုက်ရင် ဘယ်လို အော်ရမှာလဲ

အားပါး အားပါး အားပါး အားပါး လို. အော်ရမှာလား

အဘစိုး

blueskyforest said...

အာချားကြသူများ အားလုံး ကျန်းမာပါစေသောဝ်..
ठनक အဲဒါက ဟင်ဒီလို ကျေးဇူးတင်ပါတယ်တဲ့။။ အသံထွက်က (တန်ခ်) ဆိုလားပဲ။

zarny win said...

ရှဲရှဲနီ လို့ ပဲ မေးလှုပ်ပြီး ပြောလိုက်တော့မယ်း)