Wednesday, April 27, 2011

ချစ်တဲ့...ချစ်တဲ့...ရှမ်းရိုးမ












မြန်မာ့ဂီတလောကမှာ အံ့သြဖို့ကောင်းတဲ့ ရှမ်းအနုပညာရှင်တွေရှိခဲ့တာ ၀မ်းသာစရာပဲ။
စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ်။ သူတို့သုံးဦးက အထူးထင်ရှားလှတဲ့ အနုပညာ
သမားတွေမို့ သူတို့ရဲ့ဖန်တီးမှုနယ်နိမိတ်တွေကိုကျော်ပြီး သူတို့ရဲ့ ပုဂ္ဂလိက ဘ၀တွေအထဲ
အထိ ပရိတ်သတ်က လိုက်ကြည့်ချင်ကြတာ သဘာဝပဲ။

သူတို့ဘ၀နောက်ခံက ဘယ်လိုလဲ။ ဘယ်လိုအသိုင်းအ၀ိုင်း၊ ဘယ်လိုပတ်ဝန်းကျင်မှာ ကြီး
ပြင်းလာသလဲ။ ဘယ်လိုအခြေအနေတွေက သူတို့ကို အောင်မြင်တဲ့အနုပညာသမားတွေ ဖြစ်အောင်အကြောင်းဖန်ခဲ့သလဲ။ ဒေါက်တာစိုင်းခမ်းလိတ်က ဆရာဝန်လုပ်ရင်း သီချင်း
ကောင်းတွေ ဘာကြောင့်အများကြီးဖန်တီးနိုင်တာလဲ။ စိုင်းထီးဆိုင်က နိုင်ငံရေးလှုပ်ရှားမှု
တွေမှာ ဘာကြောင့်ပါဝင်ခဲ့တာလဲ။ စိုင်းဆိုင်မောဝ်က တောခိုဖူးတယ်ဆို။ စသဖြင့်။

ဒီပုဂ္ဂိုလ်တွေက ရှမ်းလူမျိုးတွေဆိုတော့ ရှမ်းသီချင်းတွေလည်း ဖန်တီးသီဆိုကြတာပေါ့။ ရှမ်း
သီချင်းတွေရဲ့ အဓိပ္ဗါယ်ကရော ဘာတွေလဲ။ ဘယ်လိုအကြောင်းကို အဓိကထားပြီးရေးဖွဲ့
သီဆိုကြသလဲ။ ရှမ်းလူမျိုးတွေကရော ဘယ်လောက်အားပေးကြသလဲ။ ဗမာလိုဆိုတဲ့
သူတို့ရဲ့သီချင်းတွေနဲ့ ရှမ်းလိုဆိုတဲ့သီချင်းတွေ ဘယ်ဟာပိုကောင်းသလဲ။ စသဖြင့်။

ရှမ်းရိုးရာယဉ်ကျေးမှုနဲ့ ဘာသာစကားကိစ္စတွေမှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါက်
တာစိုင်းခမ်းလိတ်က ဘာကြောင့် ရှမ်းအမျိုးသမီးနဲ့အိမ်ထောင်မပြုသလဲ။ စိုင်းဆိုင်မောဝ်က
မိန်းမ များတယ်ဆို။ စိုင်းထီးဆိုင်က မူးယစ်ဆေးသမားလား။ စသဖြင့်။ သူတို့ရဲ့ အနုပညာ
ဖန်တီးမှုနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ကိစ္စတွေကိုပါ ပရိတ်သတ်များက စိတ်ဝင်တစားရှိခဲ့ကြ
တာပါ။

သိချင်စရာ မေးခွန်းတွေများသလောက် အဖြေမှန်တွေရနိုင်ဖို့က မြန်မာပြည်အခြေအနေ
ကြောင့် သိပ်မရှိခဲ့ပါဘူး။ စာနယ်ဇင်းတွေမှာ ဖေါ်ကြတာရှိပေမဲ့ မပြည့်စုံပါဘူး။သိလိုသူတွေ
အတွက် အာလျှမပြေပါဘူး။

မိတ်ဆွေတဦးရဲ့ လက်တို့မှုကြောင့် သူတို့သုံးဦးအကြောင်း မြန်မာစာနယ်ဇင်းတွေမှာ တွေ့
ဖို့မလွယ်တဲ့ အချက်အလက်တွေကို တတ်နိုင်သမျှ စုဆောင်းပြီးရေးဖွဲ့ထားတဲ့ စာမျက်နှာ
တခုကိုဖတ်ခွင့်ရခဲ့ပါတယ်။ စိတ်ဝင်စားသူတွေ သွားကြည့်ကြပါဦး။
http://shanviews.com/archives/category/popular-shan
အမျိုးသားရေးစိတ်နဲ့စုဆောင်းထားတာ ၀မ်းသာစရာပါ။ အရေးပါထင်ရှားတဲ့ ရှမ်းပုဂ္ဂိုလ်
ကျော်များအကြောင်း၊လူစွမ်းကောင်းများအကြောင်း၊ ပညာရှိများအကြောင်း သိချင်လှပါ
သေးတယ်။ ရှမ်းမဟုတ်တဲ့ တခြားတိုင်းရင်းသား အနုပညာရှင်တွေလည်း မှတ်တမ်းတင်
လောက်အောင်ရှိတာကို သိပါတယ်။ သူတို့အကြောင်းကိုလည်း သိချင်တာပါပဲ။ အဆက်
အသွယ်ရှိရင် လက်တို့ကြပါ။ ကျန်းမာတော်မူကြပါစေ။


(ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

kay said...

နိုင်ဇော် ရေး တဲ့ စိုင်းထီးဆိုင် ၏ ပုံတူ ကောက်ကြောင်း ထွက်ထားတယ်။ သိပ်ကောင်းတယ်။ ကျမ တောင် အညွှန်း လေး ရေးမလို့..။ မရေးဖြစ်သေးတာ။ အီးဘွတ်ခ် ရှာဖတ်..

blueskyforest said...

အဲဒီ အီးဘွတ်ခ်ဆိုတာကြီး တွေ့ရင်ပြောပါနော့။

kay said...

တလောက.. ဖဘ မှာ တွေ့လိုက်မိတယ်..။
ရှာဖတ်.. (သို့) မှာဖတ်

kay said...

အမြည်း လာပေးပါတယ်..း)

http://kthwe.blogspot.com/2011/10/blog-post.html