
သင်္ကြန်ဆိုတာ အိုက်တဲ့အချိန် ရေထပက်ကြတဲ့ကိစ္စပါ။ ဘာသာရေးနဲ့ မဆိုင်ဘူး။
လူမျိုးရေးလည်း မဟုတ်ဘူး။ နိုင်ငံရေးလည်း မပါဘူး။ အိန္ဒိယလည်း ပက်တယ်။
တရုတ်လည်း ပက်တယ်။ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ အိမ်နီးချင်းနိုင်ငံတချို့မှာလည်း
ဒီအလေ့အထရှိတယ်။သင်္ကြန်သမိုင်းအစ ဘယ်နိုင်ငံကမှန်း မသိဘူး။ အရေးကြီး
တာက ပျော်ဖို့ပဲ။ အေးဖို့ပဲ။
အိုက်လို့ ရေထပက်ကြတဲ့ကိစ္စကို တချို့က အရောင်ဆိုးချင်တယ်။ ဘာသာရေးပွဲ
လိုလို၊လူမျိုးရေးပွဲလိုလို လုပ်ချင်ကြတယ်။ အမှန်က အိုက်တဲ့သူမှန်သမျှ (လူကြီး၊
လူငယ်၊ ကျား၊မ၊ ဂေး မရွေး။ လူမျိုး၊ ဘာသာ မရွေး) ရေသဘင်ပွဲကို ၀င်ဆင်နွှဲလို့ရ
တယ်။ ဒီိလိုပဲဖြစ်သင့်တယ်။ စတုဒီသာတွေ၊ လူကြီးတွေကို သန့်ရှင်းရေးလုပ်ပေး
တာတွေ၊ ဘေးမဲ့လွှတ်တာတွေက သင်္ကြန်နဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ကာလရွှေ့လျှော
လာတော့ ရောပြီးပါလာတာ။ ဒါတွေကလည်းပြဿနာ ထူးထူးခြားခြား တက်လာနိုင်
စရာ မရှိတဲ့အရာတွေမို့ လက်ခံလို့ရပါတယ်။
တချို့တွေက မြန်မာဗုဒ္ဓဘာသာတွေရဲ့ပွဲလိုလို ထင်ကြတယ်။ ထင်အောင်လုပ်ကြ
တာတွေလည်း တွေ့ရတယ်။ တကယ်တော့ မဟုတ်ဘူး။ ဘာသာရေးနဲ့ လုံးဝမဆိုင်
ဘူး။ တိုင်းပြည်မှာနိုင်ငံရေးက အခြေအနေမကောင်းတော့ သင်္ကြန်ကိုပါ အရောင်ဟပ်
သေးတယ်။ ဗုံးခွဲရတာနဲ့။ အစိုးရမဏ္ဍပ်၊ကြံ့ဖွတ်မဏ္ဍပ်၊နိုင်ငံရေးပါတီမဏ္ဍပ်ဆိုတာတွေ
ရှိလာတယ်။ အပျော်သက်သက် ရေမပက်ချင်ကြဘူး။
သိပ်အိုက်တယ်မဟုတ်လား ဧပြီလဆိုတာ။ ကမ္ဘာ့ရာသီဥတု ဖေါက်ပြန်လာတော့ ပို
အိုက်တာပေါ့။ ပိုအိုက်ရင် ရေပိုပက်ပြီး ပိုပျော်ဖို့ပဲ ရှိရမှာပေါ့။ အပျော်လွန်ပြီး ကိစ္စချော
ကုန်တာတွေလည်း ရှိကြပါတယ်။ သင်္ကြန်တွင်း အရက်ကလည်း တယ်သောက်ကြ
သကိုး။ ထိုင်းမှာလည်း သေကြတယ်။ မြန်မာပြည်လည်း သေကြတယ်။ သင်္ကြန်တွင်း
ပျော်ရင်းသေတဲ့ကိစ္စ တန်သလား၊ မတန်သလား မသိဘူး။
တနှစ်မှာ တခါပဲ ပူတုန်းအိုက်တုန်းလေး ပျော်ရာပျော်ကြောင်း ကြံကြတဲ့အခါ ပျော်ဖို့
သာစဉ်းစားကြပါလို့ (မေ့သွားမှာစိုးလို့) သတိပေးချင်ပါတယ်။ သုံးလေးရက် ရေထ
ပက်ကြတဲ့ကိစ္စ။ ပျော်ပျော်ပါးပါး အမှတ်တရပေါ့။ မှုတ်ဘူးလား။
ကျနော်များရဲ့ ရွှေပြည်ဝေးမဏ္ဍပ်လည်း သင်္ကြန်အကြိုနေ့က စပြီးဖွင့်ဖို့ ပြင်ထားပါ
တယ်။ပြည်ပရောက် ဘလော်ဂါတွေ အပျော်သဘော စုပြီး သံချပ်လေးဘာလေး
ထိုးကြတာပါ။ ဘလော်ဂါ မဟုတ်လည်း (သိသိ မသိသိ) ၀င်ပျော်နွှဲလို့ ရပါတယ်။
သင်္ကြန်အခါတွင်း အပျော်သက်သက်ပါခင်ဗျား ။ ကျန်းမာကြပါစေ။
(ရုပ်ပုံ ၊ ဖလခ်ကာ)
1 comment:
သံချပ်လေး ဘာလေး စတော့ လေဗျာ...း))
Post a Comment