Saturday, April 30, 2011

မနက်စာ












လောကကြီးခင်မျာ ဧည့်ဝတ်ကျေရှာတယ်။ ငါအိပ်နေတုန်း သာယာတဲ့အခင်းအကျင်းတွေကို
သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးထားတယ်။ အိပ်ရေးဝလို့ အိပ်ရာကနိုးတဲ့အခါ ငါ့နံဘေးမှာ ချစ်
ဇနီးက ပြုံးလို့။ အိမ်အပြင်မှာလည်း အမည်မသိငှက်တွေက အစည်းအဝေးလုပ်တာလား။ အရောင်းအ၀ယ်လုပ်တာလား။ နှုတ်ဆက်ကြတာလား။ တာဝန်ခွဲနေတာလား။ ဘာလုပ်နေ
ကြမှန်းမသိဘူး နားဝင်ချိုဖွယ် အသံမျိုးစုံထွက်လို့။ ခန်းဆီးကိုဖွင့်ပြီးကြည့်ရအောင် သွေး
ဆောင်နိုင်လွန်းတယ်။

အိမ်ဘေးက သစ်ပင်။ အရွက်တွေ စိမ်းစိုလို့။ အဖူးအပွင့်တွေကလည်း ဝေဆာ။ အကိုင်း
အခက်တွေပေါ် ရှဥ့်တွေက ပြေးလွှား။ ငှက်တွေကလည်း အရောင်စုံ။ အမောက်
တထောင်ထောင်နဲ့ အကောင်လည်းပါ။ ခေါင်းတညိတ်ညိတ် အကောင်လည်းပါ။ ခုန်ဆွ
ခုန်ဆွ ၊ အမြီးတလှုပ်လှုပ် ၊ သူ့အသံကိုယ့်အသံ ကြွားနေသလို။ သံချိုပြိုင်ပွဲ နွှဲနေသလို။
အိုး...အိုး...အိုး သိပ်ကြည့်လို့ကောင်းတယ်။ သိပ်နားထောင်လို့ကောင်းတယ်။

ပတ်ဝန်းကျင်တခုလုံး စိမ်းလို့ လန်းလို့။ နေလည်း မပူ။ မိုးကလည်း အုံ့တယ်ဆိုရုံလေး။
လေပြေလေးကလည်း တဖြူးဖြူး။ အိမ်အပြင်ကို ထွက် ။ ၀ရံတာမှာ ရပ်။ သဘာဝလောက
ကြီးကို ကျေနပ်ပြီး အား...၀ါး...၀ါး...လို့ အကြောဆန့်ရင်း အသံပြု နှုတ်ဆက်လိုက်တော့။
အော်နေတဲ့ငှက်တွေ တိတ်ပြီး သစ်ပင်ကနေ ပျံထွက်သွားကြ။ ပြေးနေတဲ့ရှဥ့်တွေ ခဏရပ်
ပြီး ငါ့ကို ကြည့်ကြ။ ငှက်တွေကို တောင်းပန်မလို့ကြည့်လိုက်တော့ အုပ်စုခွဲပြီး လှပစွာပျံ
သန်းရင်း ကောင်းကင်ထဲမှာ။ အခုရေးတာစာက အိပ်ရာအထမှာ ရေးတဲ့စာ။ ငါ့ရဲ့ မနက်
စာပေါ့။ နာမ်ခန္တာအတွက် မနက်စာ။

ရုပ်ခန္တာအတွက် မနက်စာကိုတော့ မြူစွမ်၊ ကော်ဖီနဲ့ ကိတ်မုန့်စားမယ်။ ရေချိုးပြီးတဲ့အခါ
တောင်တွေရှိတဲ့နေရာကို သွားမယ်။ ချစ်ဇနီးက ပျော်ပွဲစားထွက်ဖို့ ပြင်နေပြီ။ ဒီနေ့ကိုတော့
ဘိုဆန်ဆန် “ကောင်းသောနေ့ပါဗျား” လို့ပဲ ပြောလိုက်ပါတော့မယ်။ ဒီလိုနေ့မျိုးလည်း
ဒို့ဘ၀မှာရှိရမယ် မဟုတ်ဘူးလား။ အားလုံးကို ကျေနပ်နေပါတယ်။ နွေဦးရဲ့မနက်ခင်းကို
လူတကာဖွဲ့သလို ငါလည်းဖွဲ့ခဲ့ပြီ။ ကျန်းမာတော်မူကြပါစေ။


( ရုပ်ပုံ ၊ ဂူဂလ် )

2 comments:

ကိုအာချောင် said...

အားကျမိလို့ ဒီနေ့ အကို့လိုမျိုး မနက်စာ ကို စားကြည့်မိတယ်..။
အားပါး ......!
ွှအရသာ တော်တော်ရှိသဗျ..။
ဒါပေမယ့်...
အိပ်ရေးဝလို့ အိပ်ရာကနိုးလာတဲ့အခါ ပြုံးပြနေမယ့် ချစ်ဇနီး အနားမှာမရှိလို့ .. ကျနော့ရဲ့မနက်စာ က အချိုမှုံ့ လိုနေသလို ပဲဗျာ..။
ကျနော့ ဇနီး နဲ့ ခလေးတွေက ဟိုးးးးးအဝေးမှာဗျ.း(

ညီမလေး said...

ကြည်နူးစရာလေး..း))