
ပြီးသွားခဲ့တဲ့ သင်္ကြန်မှာ ဗုံးမကွဲဘူးဆိုတော့ ၂၀၁၀ သင်္ကြန်ထက် တိုးတက်လာတဲ့
သဘောပေါ့။ ကောင်းလေစွ။ ဒါတောင် သင်္ကြန်မတိုင်ခင် ရက်ပိုင်းအလို ဆူးလေ
ဘုရားနားမှာ ချိန်ကိုက်ဗုံးတွေ့လို့တဲ့။ လူတွေ မလန့်ပဲနေမလား။ အရာရာ ဈေးကြီး၊
အန္တရယ်ကလည်း များ။ ရေကလည်း ရှားဆိုတော့ လူတွေခင်မျာ ထင်သလောက်
မပျော်နိုင်ရှာဘူးတဲ့ ။ မကောင်းလေစွ။
အခုနောက်ပိုင်းသင်္ကြန်တွေမှာ သူငယ်မတွေ သိပ်“ဖေါ်”လာကြသတဲ့။ ကောင်းလေစွ...
အဲ့လေ...မကောင်းလေစွလို့ပဲ ပြောလိုက်ပါတော့မယ်။ လူငယ်တွေ ကျားရော မရော
အရက်တွေသိပ်သောက်ပြီး သိပ်မူးလာကြသတဲ့။ တဘက်မှာလည်း သင်္ကြန်တွင်းမှာ
တရားစခန်းတွေ လူသိပ်စည်ဆိုပဲ။ အဲဒီမှာလည်း လူငယ်တွေက အများစုတဲ့။ မြန်မာလူ
ငယ်တွေ ဘယ်ကိုဦးတည်နေကြသလဲ ခန့်မှန်းရ ခက်ပါဘိ။
နေပြည်တော်သင်္ကြန်ကို မစည် စည်အောင် အတင်းလုပ်ထားတော့ စည်သပေါ့လို့ပဲ
ဆိုပါရစေ။ စည်ရင် စည်တယ်လို့ မှတ်ပေါ့။ အစိုးရသစ်က သင်္ကြန်မကျခင်လေး ပေါ်
လာခဲ့တော့ သင်္ကြန်ပတ်ဝန်းကျင်မှာ ကောင်းကောင်းကန်းကန်းလေးတွေ လုပ်လိမ့်
မယ်လို့ အကောင်းတွက်ပြီး မျှော်လင့်ကြသူတွေ သိပ်ပြီး ဆုတောင်းမပြည့်ကြရှာပါဘူး။ နိုင်ငံအရေးအကျဉ်းသားတွေ လွှတ်ပေးလိမ့်မယ်လို့ တွက်ထားကြတာကိုး။ ချိတ်ထမီ
ဂိုဏ်းက ထမီရောင်စုံဝတ်ပြတာကလွဲလို့ သိပ်လည်းထူးထူးခြားခြား လုပ်မယ့်ပုံ မပေါ်ဘူး။
ထားပါတော့။ အစိုးရဆိုတာက အစိုးမှ မရတာကိုး။
မြန်မာသင်္ကြန်ကတော့ ကမ္ဘာမှာတဖြေးဖြေးချင်း နယ်ချဲ့လာပါပြီ။ ထိုင်းနိုင်ငံ ဇင်းမယ်
မြို့မှာ မြန်မာတွေရဲ့သင်္ကြန်ပွဲ ဒီနှစ်မှာတရားဝင်နွှဲခွင့်ရခဲ့ကြပါတယ်။ သင်္ကြန်အလှပြ
ကားကြီးတွေနဲ့ မြန်မာပြည်မှာအတိုင်း လှည့်ခဲ့ကြတာပါ။ ကားပေါ်မှာ ငွေငန်းရုပ်ကြီး
လှုပ်တုပ် လှုပ်တုပ်နဲ့။ ယိမ်းသမလေးတွေလည်း လှုပ်တုပ် လှုပ်တုပ်နဲ့။ ထုံးစံအတိုင်း
အုပ်စုကွဲတာရှိတယ်ဆိုပေတဲ့ ပျော်ကြတယ်ဆိုပဲ။ ကောင်းလေစွ။
ရွှေပြည်ဝေးမဏ္ဍပ်ထောင်ခဲ့တာ သင်္ကြန်သုံးကြိမ်ရှိခဲ့ပါပြီ။ ဒီနှစ်မှာလည်း အတိုင်း
အတာတခုအထိ လူစည်ကားပါတယ်။ သံချပ်ထိုးသူအရေအတွက် ကျသွားတယ်ဆို
ပေမဲ့ လာရောက်ကြည့်ရှုအားပေးသူအရေအတွက် သိသိသာသာ တိုးလာခဲ့ပါတယ်။
ကောင်းလေစွ။ နှစ်စဉ်မပျက် သံချပ်လာထိုးကြသူ အဖေါ်သဟာ ဘလော်ဂါ မှော်ဆရာ
များအားလုံးကို “ရှဲ့ရှဲ့နီ” လို့ အလေးအနက် ပြောပါရစေ။
ထုံးစံအတိုင်း နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်ဗျား။ အားလုံး
ကျန်းမာကြစေသောဝ်...။ ဒူ....ဝေ...ဝေ....။
(ရုပ်ပုံ ၊ ဂူဂလ်)
4 comments:
ကောင်းလေစွ...း))
နောင်နှစ်ကိုလည်း ဆည်းလို့ကြိုကွယ် မောင်ကြီး လာပါမယ်... လာပါမယ်...
(သင်္ကြန်အရှိန်မကုန်သေးလို့ သီချင်းဆိုပြသွားတယ်... သင်္ကြန်ပြီးတော့ လည်ချောင်းတွေနာပြီး ၂ ရက်တောင် ဖျားသွားသေးတယ်... တကယ်... တကယ်...)
Happy Newyear Par. ...
ကြိုတင်အစိုးရဖြစ်နေတဲ့အတွက်
ကိုယ်လုပ်ချင်တာကြီးလုပ်မရတာနားလည်ပေးပြီး....
...
မန်းဒတ် ပိုင်ရှင်.. အရင်းတော့ ကျေပုံပဲ..း)
ကျေတယ်ဆိုရုံပါပဲ ကျောင်းအမရယ်။ ဟဲ..ဟဲ :)
Post a Comment