
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းဟောင်း သောင်းမြတို့ရေ ။
အခြေမစီလျှော်အပ်လေတဲ့
နေပြည်တော်ဆိုတဲ့အရပ်မှာလ
အတိတ်အရှိန်ရိုင်းတွေနဲ့
ချိတ်တမိန်ဂိုဏ်းတွေက တကျော်ကျော် ။
အသွေးအသစ်ကို မလှန်ပဲ
ရှေးခေတ်ကိုပြန်တဲ့ အ၀တ်အစားတွေနဲ့
ထိမ်းမငြိမ်
သိန်းစိန်ဆိုတဲ့ စစ်သားအိုမှာ
ပြည်သူတွေ အချစ်များပိုလေမလားလို့
အတင်းအဓ္ဓမ
မင်းသမ္မတ တက်ခါလုပ်လေတော့
မြုတ်လေပေါ့ ဒို့တိုင်းပြည်
မျှော်မဆုံးလေဘု ။
ပြည်သူတွေခင်မျာမှာ
ဒရွတ်ဒယက်ဆွဲ
ဖွတ်တက်လို့ မွဲပါပေါ့ ။
အသည်းရယ်နာ
ဆဲ၍သာအော်ချင်တော့
(ချိတ်ထမိန်အမတ်မင်းတို့ရယ်)
ခွေးဇတ်ကို မခင်းကြနဲ့
ဆင်းဟ ချက်ချင်း ။ ။
(အမည်မသိတသိစာဆို)
(ရုပ်ပုံ ၊ ဂူဂလ်)
1 comment:
ဒီကဗျာ ကိုကြိုက်တယ်ဗျာ။ ကွက်စတိပဲ..
Post a Comment