Tuesday, February 15, 2011

ကိုရီးယား နောက်ကြောင်းပြန်











လွန်ခဲ့တဲ့ ၂နှစ် အခုလိုအချိန်က ကိုရီးယားကို ရောက်ခဲ့တယ်။ ထိုစဉ်က
ရိုက်ခဲ့တဲ့ပုံတွေ တနေ့ကပဲ အမှတ်မထင် ပြန်တွေ့ရာက အခုလို နောက်
ကြောင်းပြန်ဇတ်လမ်း ပေါ်ပေါက်လာတော့တယ်။ အခုရှုပ်မှ နောင်ရှင်း။
ကိုရီးယားဆိုတာ တောင်ကိုရီးယားကို ပြောတာနော်။ မြောက်ကိုရီးယား
ကတော့ သွားချင်ပေမဲ့ မရောက်ဖြစ်သေးပါဘူး။

အပေါ်မှာမြင်ရတဲ့ပုံက ဆိုးလ်မြို့ တော်ရဲ့  ဆင်ခြေဖုံးမြို့ နယ်တခုက
လူစည်ကားရာ အရပ်ပေါ့။ နေသာတယ်ဆိုပေမဲ့ ကိုရီးယားဆောင်းရဲ့ 
အေးချက်ကတော့ နားရွက်တောင် ကြွေသွားမလား မှတ်ရတယ်။
မှတ်ထားကြ။ ကိုရီးယားကို ဆောင်းရာသီ သွားမလည်ကြနဲ့။ ဆောင်း
ရဲ့ အလှကို သူတို့ရုပ်ရှင်တွေထဲမှာပဲ အရသာခံကြ။










အေးတဲ့ဒေသရဲ့ သဘာဝအရ စွတ်ပြုတ်တွေ သောက်ကြတယ်။ အပေါ်
မှာမြင်ရတာ စွတ်ပြုတ်အိုးတွေပေါ့။ ကိုရီးယားတွေက ခွေးသားကြိုက်
တယ်။ ခုတ်ထစ်ပြီး ဆိုင်ပေါ်တင်ရောင်းနေတဲ့ ခွေးသားတွေ ဓါတ်ပုံ
တော့ ရိုက်ထားတယ်။ ချစ်ပိတ်သတ်ကြီး ရင်တုန်မှာစိုးလို့ မပြတော့ပါ
ဘူး။ ကိုရီးယားမိတ်ဆွေက ခွေးသားစားမလားလို့ မေးပါသေးတယ်။
သူတို့ရဲ့ အထူးဟင်းလျှာကို မိတ်ဆက်ပေးချင်လို့ မေးတာပါ။ ငါကလည်း
ယဉ်ယဉ်ကျေးကျေးပဲ ငြင်းခဲ့ပါတယ်။











ကိုရီးယားတွေချက်တဲ့ သူတို့ရဲ့ အစားအစာတွေကို တခြားနိုင်ငံတွေမှာ
မကြာခဏစားဖူးတယ်။ ကိုရီးယားမှာစားရတာက ပိုအရသာရှိသလိုပဲ။
ရေမြေသဘာဝ ကွာတယ်ဆိုတာ ဒါကိုပြောတာနေမှာ။ အခုချိန်ထိ မြန်
မာပြည်ကလို အုန်းနို့ခေါက်ဆွဲမျိုး တခါမှ မစားဖူးသေးဘူး။











ရောက်ခဲ့ဖူးတဲ့ တိုင်းပြည်တွေထဲက တက်ခဲ့ဖူးတဲ့ အိမ်သာတွေထဲမှာ
ကိုရီးယားက ဆပ်ပြာသုံးစွဲမှုလို ထူးခြားတာမျိုး မတွေ့ ဖူးပေါင်။ ငါ့မှာ
လက်ဆေးချင်တာတောင် ခပ်လန့်လန့်။











ကိုရီးယားတွေ အရက်ကြိုက်ကြတယ်။ ရာသီဥတုကလည်း အေးလှ
သကိုး။ အမျိုးသမီးတွေလည်း အရက်ကြိုက်တယ်။ ကိုရီးယားတွေနဲ့
အရက်သောက်ရတာ ပျော်ဖို့ကောင်းတယ်။ စတာ နောက်တာတွေရှိ
တော့ ရင်းနှီးမှုပိုရတယ်။ မူးရင်လည်း ကုန်းပိုးပြီးပို့ကြတယ်။ ကိုရီးယား
ဇတ်လမ်းတွေမှာ မြင်ဖူးကြမှာပေါ့။ အဲဒါ တကယ်ပဲ။ အပေါ်က ပုံက
အရက်ဆိုင်လမ်းကြားတခုရဲ့  နေ့လည်ခင်း မြင်ကွင်းပါ။ ဆိုင်တွေ မဖွင့်
ကြသေးဘူး။














ကိုရီးယားရထားတွေက ကျယ်ကျယ်လွင့်လွင့်ရှိတယ်။ သန့်သန့်ရှင်းရှင်း
ရှိတယ်။ ကြော်ညာတွေနဲ့ မျက်စိနောက်မနေဘူး။ ကိုရီးယားအကြောင်း
ပြောမယ်ဆိုရင် ကိုရီးယားမလေးတွေအကြောင်း အပါအ၀င် တော်တော်
များများ ပြောဖို့ရှိသေးတယ်။ အခြေအနေ ကြည့်သေးတာပေါ့။ ကဲ..ကဲ...
ကျန်းမာကြပါစေ..။ အာညောင်ကာဆေးယိုး...။

(ဓါတ်ပုံ ၊ ငါ့လက်ရာတွေပေါ့ကွာ...)

3 comments:

Anonymous said...

ကိုရီးယား မရောက်ဖူးသေးဘူး.။
အရင်သူဌေးမက ကိုရီးယားက..။
အခုအလုပ်ကလဲ ကိုရီးယားနဲ့ဆက်နွယ်နေတယ်။
အသိတွေထဲမှာ ကိုရီးယားကလာတဲ့တရုတ်တွေများတယ်..။
အရင်က ကိုရီးယားစာပဲ စားဖြစ်တာများတယ်.။
သူတို့နဲ့ ကာရာအိုကေသွားရတာလဲပျော်စရာကောင်းတယ်.။
သောက်လိုက်..မူးလိုက် ..ဆိုလိုက်...ကလိုက်..
အော်လိုက်နဲ့ ပဲ..။



ပေါက်

ကူးလွေ့ said...

မရောက်ဖြစ်တာတောင်ကြာပြီ။
နေကောင်းကျန်းမာ ရှိပါရဲ့လားဗျာ။
ကိုရီးယား နောက်ဆက်တွဲက ပိုစိတ်ဝင်စားစရာကောင်းနေလိမ့်မလားပဲ။
ဖတ်ခွင့်ရသွားမလားလို့ အခြေအနေကြည့်နေတယ်။

ကလူသစ် said...

ကိုရီးယားမလေးတွေအကြောင်းရေးပြီးရင် လက်တို့လိုက်စမ်းပါ