
" အလ္လာဟ်... အာ့ခ်ဘာ" ဘုရားသ္ခင်သည် ကြီးမြတ်တော်မူ
ပေ၏ ။ ရင်တမမနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ရတဲ့ အီဂျစ်
တော်လှန်ရေး။ အောင်ပြီ...အောင်ပြီ...အောင်ပြီ...။ " အလ္လာဟ်..
အာ့ခ်ဘာ" ဘုရားသ္ခင်သည် ကြီးမြတ်တော်မူပေ၏ ။
နှစ်ပေါင်း၃၀ကြာ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ ၈၂နှစ်အရွယ် အာဏာ
ရှင် မူဘာရက်။ ပြည်သူတွေရဲ့ ဆန္ဒကို နောက်ဆုံးအချိန်ထိ နည်းမျိုး
စုံနဲ့ ကလိန်ကကျစ်လုပ်ဖို့ ကြိုးစားခဲ့သူ။ ၁၈ရက်ကြာ နေ့ညမဆဲ
လူထုတိုက်ပွဲ နွှဲခဲ့လို့ အာဏာကို စွန့်ခဲ့ရပြီ။
ဒီတိုက်ပွဲမှာ လူသုံးရာကျာ် အသက်ပေးခဲ့ရတယ်။ ဖေဖေါ်ဝါရီ
၁၁ ရက်။ သောကြာနေ့ ။ ညနေခင်း ၀တ်ပြုချိန်။ ကိုင်ရိုမြို့ 
တော်က လွတ်မြောက်ရေးရင်ပြင် သပိတ်စခန်းမှာ ခဏတာ
တိတ်ဆိတ်သွားခဲ့တယ်။ ဆန္ဒပြသူတွေရဲ့  ရင်ထဲမှာ ခဏတာ
အေးချမ်းခဲ့တယ်။ သူတို့ရဲ့ စိတ်အာရုံတွေကို တမန်တော်မြတ်
ဆီပို့ပြီး ခဏတာ စုစည်းခဲ့ကြတယ်။
မနေ့က ၁၇ရက်ကြာတဲ့အထိ အာဏာရှင်က မလျှော့တမ်း
ထိမ်းချုပ်နေတုန်းမို့ အီဂျစ်ပြည်သူတွေရဲ့  ဒေါသကို ကြွသ
ထက်ကြွအောင် ဆွပေးသလိုဖြစ်ခဲ့တယ်။ သောကြာနေ့မှာ
လူထုအင်အား ပိုများလာခဲ့တယ်။
မြို့ တော်ရဲ့ လမ်းမတွေပေါ်မှာ တင့်ကားတွေ၊ စစ်သားတွေ
အချိန်ပြည့်ရှိနေတယ်။ ဒုသမ္မတကလည်း ဆန္ဒပြမှုတွေ ရေ
ရှည်ဖြစ်လာတာကို အစိုးရက စိတ်ရှည်မှာ မဟုတ်ဘူးလို့
ချိန်းခြောက်ထားတယ်။
ငြိမ်းချမ်းတဲ့ လူထုတိုက်ပွဲကို ဘယ်အချိန်မှာ အကြမ်းဖက်
ဖြိုခွဲမလဲ။ စစ်တပ်က အစိုးရနဲ့ပြည်သူအကြား ဘယ်လောက်
ကြာအောင် ကြားနေပေးနိုင်မလဲ။ အစိုးရလက်ကိုင်ဒုတ်တွေရဲ့ 
တိုက်ခိုက်မှုအသစ်တွေ ဘယ်လိုပေါ်လာဦးမလဲ။
"အို....ထာဝရဘုရားသ္ခင်..အလ္လာဟ်ရှင်တော်မြတ်"
အာဏာရှင်ကို ဖြုတ်ချရေး အသက်ပေးသူတွေ မျက်မြင်
ကိုယ်တွေ့ ရှိခဲ့ပြီ။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေလည်း အဖမ်း
ခံထားရပြီ။ ကျွန်တော်မျိုးတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံး သိ
နေပြီ။ ကြည့်နေပြီ။ နောက်မဆုတ်ဘူး။ နောက်မဆုတ်ဘူး။
ဘယ်တော့မှ နောက်မဆုတ်တော့ဘူး။ ကျွန်တော်မျိုးတို့ရဲ့ 
တော်လှန်ရေးကို ထာဝရဘုရားသ္ခင် စောင့်ရှောက်တော်မူပါ။
" အလ္လာဟ်... အာ့ခ်ဘာ"
ဘုရားရှင်ကို ၀တ်ပြုခဲ့တဲ့ သောကြာနေ့ ညမှာပဲ အီဂျစ်က
အာဏာရှင် ဟူစနီ မူဘာရက် သမ္မတအဖြစ်က စွန့်လွှတ်
သွားခဲ့ပါတယ်။ အီဂျစ်ပြည်သူတွေရဲ့  ပျော်လွန်းလို့ ငိုကြတဲ့
ပုံတွေကို မျက်ရည်ဝဲပြီး ထိုင်ကြည့်နေခဲ့တယ်။
အို....အမိမြန်မာပြည်...သင်သည် ကံဆိုးလှပေစွ...။
(ရုပ်ပုံ ၊ ဂူဂလ်)
No comments:
Post a Comment