
မကဖူးတဲ့သူ မရှိဘူးလို့ထင်တာပဲ။ ဘုန်းကြီးတွေတောင် လူဘ၀က
ကဖူးကြလိမ့်မယ်။ ချိုမိုင်မိုင်ဆိုတာ လူ့အကရဲ့  အစပေါ့။ တဖြည်း
ဖြည်းနဲ့ ချိုမိုင်မိုင်အဆင့်ကနေ ချဉ်မိုင်မိုင်၊ ငန်မိုင်မိုင်၊စပ်မိုင်မိုင်တွေ
ဖြစ်လာပြီး ဒိုးဒိုးဒွန့်ဒွန့်နဲ့ ကွေးကွေးကောက်ကောက်တွေ ကလာ
ကြတာ။ ဒါပေမဲ့ တကယ်တမ်း ကတတ်တဲ့သူကျတော့ နည်းနေ
ပြန်ရော။
တေးသွားနဲ့လိုက်ပြီး ဟိုလှုပ်၊ဒီလှုပ် လုပ်နေတာကို ကတယ်လို့
ခေါ်သလား။ ဒါဆိုရင် ကတတ်ပြီလား။ အကပညာကို လေ့လာ
သင်ယူ တတ်ကျွမ်းထားတဲ့သူ ကမှပဲ တကယ့်အကလို့ ခေါ်တာ
လား။ ၀ါသနာရှင်အဆင့်နဲ့ ကျွမ်းကျင်သူအဆင့် ကတာခြင်း
မတူနိုင်ပေမဲ့ ကတာဟာ ကတာပါပဲ။
ပြောချင်တာက လူဟာ မကြာမကြာ ကနေဖို့လိုအပ်တယ်
ဆိုတာပါ။ လူအများစုက အဆိုများပြီး အကနည်းကြတယ်။
ကတာက အလုပ်ပိုရှုပ်လို့ ဖြစ်လိမ့်မယ်။ သီချင်းဆိုတာကတော့
အိမ်သာတက်ရင်းပဲ ဖြစ်ဖြစ်၊ စက်ဘီးနင်းရင်းပဲ ဖြစ်ဖြစ်၊ ဟင်း
ချက်ရင်းပဲ ဖြစ်ဖြစ် လုပ်လို့ရပေမဲ့။ ကတာကတော့ အဲသလို
လုပ်ရင် သိပ်အဆင်မပြေလှဘူး။
ပြောချင်တာက ဆိုလည်းဆို ကလည်းက လုပ်ကြရင် လူ့
ဘ၀ကြီး ပိုပြီးသာယာလာနိုင်တယ် ဆိုတာပဲ။ အခုခေတ်
က အလုပ်ပိုရှုပ်တဲ့ခေတ်ဆိုတော့ စိတ်လည်းပိုရှုပ်တယ်။
အရှုပ်တွေကို ရှင်းကြတဲ့နည်းတွေထဲမှာ တရားထိုင်၊ ဖဲရိုက်၊
ဘုရားသွား၊ အရက်သောက်၊ ပုတီးစိပ်၊ရုပ်ရှင်ကြည့်ဆိုတာ
တွေလို တေးဂီတနဲ့ ကတာဟာလည်း ထိရောက်တဲ့နည်း
တခုပဲလို့ မိတ်ဆွေတို့ကို ထပ်ပြီး သတိပေးလိုက်ပါတယ်။
ခေတ်က ပိုရှုပ်လာတော့ သီချင်းဆိုတာလောက်နဲ့တင် မရ
တော့ဘူး။ အဆိုရော အကရော တွဲပြီးရှင်းမှ တော်ကာကျမယ့်
အနေအထားရောက်လာပြီလို့ ဆိုလိုချင်တာပါ။ အခုကိုပဲ ကွန်
ပြူတာရှေ့ မှာ တရက်တရက် အချိန်တော်တော်ပေးပြီး ထိုင်
နေရတာ အညောင်းမိတတ်လာပြီကိုး။ ကမှဖြစ်တော့မယ်
ကိုယ့်လူ။
ကိုင်း..ဒါဆိုရင် ဘယ်မှာ ကကြမလဲ။ ဘယ်လို ကကြမလဲ။
ကြုံတဲ့နေရာမှာ ကြုံသလိုပဲ ကကြမလား။ ဟုတ်ကဲ့။ ဒီနည်း
က အကောင်းဆုံးလို့ ထင်ပါတယ်။ ဒစ္စကိုသွားပြီး ကတာ
လည်း တမျိုးကောင်းတာပါပဲ။ အေရိုးဘစ်ကစားရင်း ကတာ
လည်း ကောင်းတာပါပဲ။
ခက်တာက မြန်မာပြည်က လူအများစုက ကရမှာ ၀န်လေး
တတ်ကြတဲ့ အချက်ပဲ။ ကတဲ့အလေ့အကျင့် သိပ်မရှိကြလို့
ဝန်လေးတယ်လို့ ထင်ပါတယ်။ သင်္ကြန်လိုအခါရောက်မှ မူး
သလိုလို၊ ရူးသလိုလိုနဲ့ ရောရောယောင်ယောင် ကတတ်ကြ
တာကိုး။ အလေ့အကျင့်ဆိုတာ လေ့ကျင့်ပြီးယူရတာမျိုးပါ။
ကတဲ့ အလေ့အထမရှိသူတွေက ကိုယ့်ကိုကိုယ် မကတတ်
ဘူးလို့ သတ်မှတ်ထားကြတော့ ကရမှာကို ရှက်ကြတယ်။
ကြောက်ကြတယ်။ ကကြရအောင်လို့ခေါ်ရင် ငါ မကတတ်
ဘူးလို့ ပြောတတ်တယ်။ ကိုယ့်ထက်ပိုပြီး အကကောင်းသူ
တွေရှေ့ မှာဆို လှုပ်ဖို့တောင် မတတ်တော့သလို ဖြစ်ကုန်တယ်။
တကယ်တော့ ငါကလည်း ကတတ်လို့ ရေးနေတာ မဟုတ်ဘူး။
ကမှဖြစ်မယ့်ခေတ်ကို ရောက်လာလို့ နှိုးဆော်လိုက်တာပါ။
နောက်မှပဲ ကကျိုးကကွက်တွေအကြောင်း ဆက်ရေးမယ်။
သီချင်းသံကြားရင် ခဏထပြီး ဟိုလှုပ်ဒီလှုပ် လုပ်ကြည့်စမ်းပါဦး။
ပျော်ဖို့ကောင်းတယ်။ ဟဲ..ဟဲ..။
(ရုပ်ပုံ ၊ ဂူဂလ်)
4 comments:
ကရမှာကိုများ မရှက်ပါဘူး။ ကတာလောက်များ ဟိုလှုပ်ဒီလှုပ် လုပ်ကြည့်စရာလဲ မလိုပါဘူး။
"ပျင်းတောင်ပျင်းသေးတယ်။"
သဘောပေါက်!! ဟတ် ဟတ် ဟတ်
:P
ကမယ်ကမယ်၊ကိုအောင်မျိုးမင်း
အမတ်တွေကိုသင်ထားတဲ့
ရုပ်သေးယိမ်းကမယ်.. :)
ယိုးဒယား အကတော့ မကနဲ့ ။ မြင်သူ အိပ်ပျော်သွားမယ်။
ကုလားလိုလည်း မကနဲ့ ။ ပတ်ပြေးဖို့  ပန်းခြံတခု လိုမယ်။
ဦးရွှေရိုးလည်း မကနဲ့ ။ လိုအပ်တဲ့ ဒေါ်မိုးကို လိုက်ရှာနေရမယ်။ တွေ့ရင်လည်း ဒေါ်မိုးက ကခုန်ချင်အုံးပါမှ။ သူ စိတ်ပါပြီလား၊ အင်း - ပုသိမ်ထီးတလက် လိုပြန်ရော။ နှုတ်ခမ်းမွှေးအတုကတော့ လွယ်ပါတယ်လေ၊ ဆော့ပင် ခပ်ကြီးကြီးတခုရှိရင် ရပြီပေါ့။
ဘရိတ်ဒန့် လည်း မကနဲ့တော့။ ရှေးဟောင်းအက ဖြစ်သွားပြီ။
လွှတ်တော်ထဲ သွားပြီး ဒီမိုကရေစီယိမ်း ကဖို့  စိတ်ကူးနေသလား။ ခက်တာပဲ၊ ခင်ဗျားတို့ က ရွေးကောက်ပွဲ ၀င်ထားတာမှ မဟုတ်ထာ။ နောက်ပြီး - စစ်ဗိုလ်လည်း မဟုတ်လို့ လွှတ်တော်ထဲ အော်တိုမစ်တစ် ရောက်မယ် မဟုတ်။
မြနန္ဒာ ရေညိုညို ရစ်ကာသန်းတော့ ဘာညာတွေ လုပ်မနေနဲ့။ ကိုယ်က မန္တလေးသားလည်း မဟုတ်ဘူး၊ သင်္ကြန်လည်း အဝေးကြီး လိုသေးတယ်။ ပြီးတော့ သင်္ကြန်အက ဆိုတာ အမျိုးသမီးတွေအတွက်ပဲ မဟုတ်လား။ ကျနော်တို့က ခံစားရင်ခုန်ရုံသာ။
ဒီတော့ ကွန်ပျူတာရှေ့ ဆက်ထိုင်ဗျာ။ ရေများများသောက်။ အပေါ့ခဏခဏ သွားရလိမ့်မယ်။ မကြောက်နဲ့ ။ ကျန်းမာရေးနဲ့  ညီညွတ်မှာပါ။ အိမ်သာသွားတဲ့လမ်းမှာ ခုန်ပေါက်သွားပေတော့။
ကတယ်....ကတယ်...၊ရိုးရိုးကတာထက် နိုက်ကလပ်သွား
ကတာက ပိုကောင်းတယ်...:)
Post a Comment