Tuesday, November 23, 2010

တိုရှည်
















ခေတ်က သိပ်မြန်တယ်။ အချိန်မရှိဘူး။ မြန်မြန်လုပ်။ သတင်း
ခေတ်မှာ နှေးရင် ငတ်မယ်။ လူတိုင်း သတင်းသမားဖြစ်ကုန်ပြီ။
အခုဖြစ်၊ အခုသိ၊ အခုမြင်၊ အခုကြားရပြီ။ သုံးသပ်တာတွေ၊
ကုန်းဟပ်တာတွေ နောက်မှလုပ်။

ဘာဖြစ်သလဲ။ ဘာပြောချင်သလဲ။ ရေးစရာရှိတာ မြန်မြန်ရေး။
လိုရင်း၊ တိုရှင်း ရေး။ ဘခြောက်လုံးကုန်အောင် ရှောက်ရေးမနေနဲ့။
ဝေ့နေ ၀ိုက်နေရင် မဖတ်တော့ဘူး။ နင်ရှည်သမျှ လိုက်ဖတ်ဖို့ ငါ့မှာ
အချိန်မရှိဘူး။

တိုတိုနဲ့တုတ်တုတ်လုပ်ကြ။ တိုတာက ရှင်းတယ်။ တုတ်တာက
ဘာလဲ။ အချက်အလက်စုံအောင် ရေးခိုင်းတာဖြစ်မယ်။ ၀တ္တုတွေ
တောင် သတင်းပုံစံနဲ့ရေးကုန်ပြီ။ ရှည်လျှားပေများရင်ေ၀၀ါးမယ်။
အင်တာနက်ကြောင့် လူတိုင်းစာရေးဆရာဖြစ်ကုန်ပြီ။ သဘောပေါက်။
ဖွဲ့ နေ နွဲ့ နေရင် ရေးရတာလည်း ကြာတယ်။ ဖတ်ရတာလည်း ကြာ
တယ်။ ဒဲ့သာ ဆော်လိုက်တော့။ ရှည်မနေနဲ့။

တိုတိုင်းလည်း ကောင်းတာမဟုတ်ပြန်ဘူး။ ထိအောင်၊ မိအောင်
လည်း ရေးကြဦး။ ပေါ်တင်ကြီးရေးရင်လည်း အဆဲခံနေရဦးမယ်။
သတိထား။ ချစ်ရင်တော့ ချစ်တယ် မြန်မြန်ပြော။ တောင်တောင်အီ
အီ လုပ်မနေနဲ့။ ကြားကားဆွဲသွားမယ်။ နှလုံးသားကိစ္စမှာ တို၊ထိ၊မိ၊
ကောင်း ဆိုရင် လူတွေလက်ခံတယ်။

ဖတ်ရသွက်အောင် ရေး။ စိတ်ဝင်စားဖို့ကောင်းအောင် ရေး။ ဒါက
အနုပညာကိစ္စ။ ပါရမီနည်းရင် မြန်မြန်ဖြည့်။ စု၊တု၊ပြုတွေ မြန်မြန်
လုပ်။ အနုပညာနည်းရင် ဈေးကွက်မ၀င်ဘူး။ စိတ်ဝင်စားအောင်
မဖန်တီးတတ်ရင် လူတွေကျော်ဖတ်သွားလိမ့်မယ်။ နင်ရေးတာ
အလကားပဲ။

(ဒေါ်စုနဲ့သူ့သားငယ် ပြန်ဆုံ။ လက်မောင်းမှာ အလံနဲ့။ လူပျိုအပျို
ခိုက်ကြတယ်) သတင်းက ဒါပဲ။ ဖွဲ့ ကြ နွဲ့ ကြဦးမလား။ မြန်မြန်ဖွဲ့  ၊
မြန်မြန်နွဲ့ ကြ။ ဓါတ်ပုံတွေရော၊ ဗီဒီယိုတွေရော အကုန်မြင်နေရပြီ။
ဘာပြောချင်သေးလဲ။

ယူကျူ့ ကို ကိုးကွယ်။ ဖေ့စ်ဘုခ်နဲ့ မျက်နှာသစ်။ တွစ်တာနဲ့ နှစ်ပါးသွား။
လက်ကိုင်ဖုန်းက သတင်းပေး။ အားရင် ဘလော့ဂ်ရေး။ ဒါဟာ လူ
တကာလုပ်နေတဲ့ နေစဉ်ဘ၀။ ရှည်နေဖို့ အချိန်မရှိဘူး။ လို၊ တို၊ တုတ်၊
ရှင်း၊ မြန်၊ ကောင်း။ ဒါမှ နင့်ဟာကို လူဖတ်မယ်။ မဟုတ်ရင်တော့
ရေးမနေနဲ့ ။

ပိုက်ဆံမယူပဲ အကြံပေးရရင်။ မိန်းမအတွင်းခံဘောင်းဘီလို လှတ
ပတ၊ တိုတိုရှင်းရှင်းနဲ့ အရေးကြီးတာကို အုပ်မိအောင် ရေးနိုင်ရင်
အောင်မြင်မယ် မှတ်။

မရှည်ဖို့အကြောင်း ခပ်ရှည်ရှည်ပြောလိုက်တာ မောတောင်မော
သွားပြီ။ ငါရေးသလို လိုက်မရေးကြနဲ့နော်။ လူအမြင်ကပ်လိမ့်မယ်။
ငါလည်း ကျင့်နေတုန်း။ ဒါပဲဟေ့။

(ရုပ်ပုံ ၊ ဂူဂလ်)

12 comments:

သက်ဝေ said...

ကောင်း...

(ကြောက်ကြောက်နှင့် လိုတိုရှင်း မန့်သွားသည်)

ကလူသစ် said...

ရှည်ရှည်ရေးမိတာ လာတောင်းပန်သွားပါတယ် :)

TZA said...

ကြိုက် (တအား)

ကူးလွေ့ said...

ထိမိပါ့ဗျာ။

ညီမလေး said...

မိုက်စ် ..
(ကိုယ်တို့လဲ တိုတိုတုတ်တုတ်ပဲး)

Anonymous said...

အိုင် ကျွန်ုပ်သည် တိုရှည် ဟူသော စာကို အစားအသောက်အကြောင်း ရေးသည် ထင်မှတ်သဖြင့် ဖတ်ရှုမိလိုက်သည်။

မစားရလည်း ဖတ်ရသပေါ့ဟု ငတ်ကြီးကျစိတ်ထားပြီး သကာလ အဆုံးအစွန် နိဂုံးအထိ၊ ထိုမှ တဆင့် ဘလော့သို့  ရောက်လာသူတချို့  ရေးသား လက်ဆော့သွားလေသော ကော်မန့်  (အင်းဂလိပ်လို comment) များတို့ ကိုပါ ဖတ်လိုက်ခြင်း ဖြစ်တော့သည်။

သို့ ပါသော်လည်း ဘလော်ဂါ ပြည်ပရောက် တောအုပ်နှင့် မိုးကောင်းကင်တို့ နှစ်ယောက်သား ပူးပေါင်း တင်ဆက်ကြသော ဤဘလော့ကြီးရှိ ဤပို့စ်သည် အစားအသောက်နှင့် လုံးဝ လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း မချင့်မရဲ တွေ့ရသည်။

မှန်တာပြော ချမ်းသာပါစေ၊ တကယ် ချမ်းသာပါစေ၊ အစားအသောက်အကြောင်း မဟုတ်သော်ငြားလည်း စိတ်ထဲတွင် ဒီ ပို့ စ်ကို အလွန်တရာ နှစ်ခြိုက်ခြင်း ခံစားချက် ပေါ်လာမိသည်။

ရေးသားချက်များကို ၁၀၂ ရာခိုင်နှုန်း ထောက်ခံသည် ဟုပင် ကြေညာချက် ထုတ်ပြန်လိုက်လိုသေးသည်။

အကယ်၍သာ ပြည်တွင်း (မြန်မာပြည်တွင်းကို ဆိုလိုသည်) ပြည်ပ (မြန်ပြည်၏ ပြင်ပကို ဆိုလိုသည်) မှ မြန်မာပြည်သား စာနယ်ဇင်းသမား ကြီးကြီးငယ်ငယ်တို့  လိုရင်း တိုရှင်း သတင်းရေးနည်းကို ကျင့်ကြံ အားထုတ် အပတ်တကုတ် ဆည်းပူး လေ့လာကြမည် ဆိုပါက စာဖတ်သူပရိသတ်တို့ အတွက် လွန်စွာမှ အကျိုးဖြစ်ထွန်းပေမည် ဟု ခပ်တိုတို ပြောလိုပေသည်။

ပုံ -
ရဲဘော်ကြီး ဇာနည်ဝင်း

blueskyforest said...

မဆိုးဘူး။ ဒီပို့စ် အစဉ်းငယ်အောင်မြင်တယ်။ မှတ်ချက် ခြောက်စောင်တောင် ရတယ်။

Soe Mya Nandar Thet Lwin (Borros Roxo) said...

မိုက်တယ်။ ပြတ်တယ်။ :)))

မြတ် said...

ရိုက်ထ် ..း)

White Dream said...

ဒီပို့စ် တကယ်ကောင်း၊ ဒေါက်တာသန်းထွန်းကို သတိရမိ၊ ထို့ငေ့် န၀မမြောကွန်မန့်တ် ရေး၏။

N/A said...

မိုက်တယ်..

Raymond.Kyaw Minn Naing said...

"တိုရှည်" ဆိုလို့... စားစရာ လဲမပါဘူး။ :(