Wednesday, March 14, 2012

စိန်စိန် ( ပြည်သူ့ဆန္ဒ )




















စိန်စိန်ကပြောတယ် ပြည်သူ့ဆန္ဒ အဓိကတဲ့ ။ ဒါဆိုလည်း NLDကို
အာဏာလွှဲပေးလိုက်ပေါ့ ။ ၁၉၉၀ကတည်းက ပြည်သူတွေရဲ့ဆန္ဒကို
ကမ္ဘာသိအောင် ပြပြီးသား။ စိန်စိန်တို့ လိမ်လိမ်ပြီးပြောနေတာ ကြာပြီ ။
ယုံတဲ့လူကလည်း ယုံတယ်။ အနေချောင်အောင် ယုံပြတဲ့လူလည်းရှိ
တယ်။ စစ်အုပ်စုကို ကိုးကွယ်မှ ဘ၀လုံခြုံမယ်လို့ထင်သူတွေကလည်း
မျက်စိမှိတ်ပြီးယုံတယ်။ ပြည်သူအများကတော့ မယုံကြပါဘူး။ စိန်စိန်တို့
လိမ်နေမှန်းသိပါတယ်။

၁၉၈၈ခုနှစ် စစ်အာဏာသိမ်းတုန်းက စိန်စိန်ဘာလုပ်နေသလဲ။ ပြည်
သူ့ဆန္ဒအတွက် ဘ၀မှာစိန်စိန်ဘာတွေလုပ်ခဲ့သလဲ။ ပြည်သူတွေက
ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီကိုတောင်းတာကို ရက်ရက်စက်စက်
စစ်တပ်က နှိမ်နင်းနေတဲ့အချိန်။ ပြည်သူ့ဆန္ဒအတွက် စိန်စိန်ဘာလုပ်
ပေးခဲ့လဲ။ ၉၀ရွေးကောက်ပွဲမှာ စိန်စိန်ဘယ်သူ့ဘက်ကရပ်ခဲ့လဲ။ အခု
ရော ဘယ်သူ့ဘက်မှာ ရပ်နေလဲ။ လိမ်မနေနဲ့ စိန်စိန်။ အားလုံးက သိ
နေတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်လောကမှာ ရာထူးတိုး
တယ်ဆိုတာက လူကြီးကကြိုက်တဲ့သူမှ ဖြစ်တာ။ လူကြီးကြိုက်ပုဂ္ဂိုလ်
ဆိုတာက ပြည်သူ့ဆန္ဒကို အပီအပြင်ဆန့်ကျင်ရဲတဲ့သူ၊ စစ်အာဏာရှင်
ကို အသက်ပေးပြီးကာကွယ်မယ့်သူကိုခေါ်တယ်။ အပိုးကျိုးတဲ့ စိန်စိန်
က လူကြီးကြိုက်လေးတဦး ဖြစ်ခဲ့ရှာပါတယ်။

ဗိုလ်ချုပ်ကြီးအဆင့်အထိ စိန်စိန်ရာထူးတိုးခဲ့တယ်။ ၀န်ကြီးချုပ်လည်း
ဖြစ်ခဲ့တယ်။ အခုလည်း မဲတွေလိမ်ပြီး သမ္မတတက်လုပ်နေတယ်။
“ပြည်သူ့ဆန္ဒ၊ ပြည်သူ့ဆန္ဒ” ဆိုပြီး သွေးဆေးရောင်းတာလိုလို၊ ငန်း
ဆေးကြော်ငြာတာလိုလိုနဲ့ လွှတ်တော်ထဲကနေ အရှက်မရှိ အော်အော်
နေတဲ့ စိန်စိန်။ မဆိုးတော့ မဆိုးဘူး။ သူခေါ်တဲ့နောက် ကောက်ကနဲ
ငေါက်ကနဲ ထပြီးလိုက်ကြတဲ့သူတွေကလည်း ရှိလေတော့ စိန်စိန်တို့က
တိန်တိန်ကို မြည်လို့။ အောင်မြင်ပုံများ ပြောပါတယ်။

ပြည်သူ့ဆန္ဒက မြစ်ဆုံစီမန်ချက်ကို ဖျက်စေချင်တာ။ ခဏတဖြုတ် ရပ်စေ
ချင်တာ မဟုတ်ဘူး။ ဒါကို စိန်စိန်က လူလည်ကျပြီး နှစ်ပေါက်တပေါက်ရိုက်
တယ်။ ခဏရပ်ထားမယ်တဲ့။ ဟုတ်တုတ်တုတ်ပဲ။ ရခိုင်ကနေ ပိုက်သွယ်ပြီး
တရုတ်ကို ဓါတ်ငွေ့ရောင်းတဲ့ကိစ္စလည်း ပြည်သူတွေက မကြိုက်ဘူးလို့
ပြောထားပြီးပြီ။ စိန်စိန်က ငြိမ်ငြိမ်လေးနဲ့ မသိချင်ယောင်ဆောင်နေတယ်။
ပြည်သူ့အသံက သိပ်မကျယ်သေးလို့ထင်ပါရဲ့။

ပြည်သူ့ဆန္ဒကို တကယ်ပဲလေးစားတယ်ဆိုရင် ဦးပိုင်လီမီတက်ကို ဖျက်။
အစိုးရနဲ့ပေါင်းပြီး ရိုက်စားနေတဲ့ စီးပွါးရေးသမားတွေကို ဖမ်း။ လယ်လုပ်သူ
ကို လယ်ပိုင်ခွင့်ပေး။ နိုင်ငံရေးအကျဉ်းသားမှန်သမျှ အကုန်လွှတ်။ လူ့အခွင့်
အရေးချိုးဖေါက်သူမှန်သမျှကို အရေးယူ။ ပြည်တွင်းစစ်ကို ရပ်ပစ်။ ကြံ့ဖွတ်
ပါတီကို ဖျက်။ ခေါင်းဆောင်တွေကို ဖမ်း။ လက်ရှိလွှတ်တော်ကို ဖျက်သိမ်း။
စစ်တပ်ကို စစ်တပ်နေရာမှာ ပြန်ထား။ စိန်စိန်တို့အုပ်စုလည်း ကြိုးစင်တက်။
ဒါမှ ပြည်သူ့ဆန္ဒကို လိုက်လျောရာ ကျလေမပေါ့။ ပြည်သူ့ဆန္ဒက အဲသလို
လုပ်မှ ပြည့်တော့မပေါ့။ အဲဒါမှလည်း ပြည်သူတွေရဲ့ သမ္မတဂျီးဖြစ်လေမပေါ့
စိန်စိန်ရယ်။

အော်...အခုတော့များ စိန်စိန်တို့လိမ်သမျှ ပြည်သူဆန္ဒ...ပြည်သူ့ဆန္ဒ ။ အံ့ရော။

(ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

ABC said...

စိန်စိန် စိန်စိန်နဲ. လမ်းထိပ်က မုန်.ဟင်းခါးရောင်းတဲ့ မုဆိုးမ စိန်စိန်လားလို.

စိန်စိန်ပြောင်လို.အမည်ပေးရင်ပိုကောင်းမလားလို.

ဘလူစကိုင်းပြောတာအမှန်တွေပဲ ... ဆက်သာအော် အားပေးတယ်၊

Thu said...

A comprehensive points !
But It needs to verify political and criminal case.
For example Saya Ko Mann Htun (Geography) of Myitkyina Univ. is being in prison for conspiracy of Mandalay's power station explosion.
Most of 5 (A) are freed.

ကိုပေါ said...

လိမ်တော်မူပါ ကိုကိုစိန်ရယ်
ကြိမ်ကြိမ်ကြည်ကြည် ပြောပေမယ့်
ဘကြီးသား သဘောက
စောကြောရွှေဉာဏ် မချိန်မချိန်

blueskyforest said...

ကိုပေါက ဇတ်သမားထင်ရဲ့ ။ အဆိုအဟဲလည်း ကောင်းပုံရတယ်။ သီးလေးသီးနဲ့ပေါင်းရင် အတော်ပဲ။ “လေးသီးတပေါ ဇတ်သဘင်”ဆိုရင် အခုထက်ပိုအောင် မြင်နိုင်တယ်။ စိန်စိန်တို့ကလည်း ပိုပြီးမျက်မုန်းကျိုးလိမ့် မယ်။ (ဆရာပေါ ကျန်းမာပါစေ)