Monday, March 26, 2012

တန်ခူးလဆန်းနေ့လည်ခင်း













ကိုင်းဖျား ကိုင်းနား မကျန် နွေဦးမှာ ပန်းတွေ ပွင့် ဝေ နေ ခိုက်
နေ့ နေ့ ည ည ငေး ငေးပြီး မောရ လောကတေးသွားနဲ့လွင့်
မျော အံ့ သြရင်း မိနစ်ပိုင်း နာရီပိုင်း အတွင်း အခင်း အကျင်း
တွေက လှ ပ ဆန်း ပြား အရောင် အသွေးတွေ စုံမှစုံ အဖူးတွေ
အငုံတွေ အပွင့်တွေ အခက်တွေ အရွက်တွေ အကိုင်းတွေ စို
စွတ် စိမ်း လန်းလို့ ကောင်းကင် အမျိုးမျိုး လေတိုက်ပုံ အမျိုးမျိုး
နေ လ ကြယ် အ၀င် အထွက် နောက်ခံ အရောင် အမျိုးမျိုးမှာ
အပင်တွေ အပင်တွေ...(ဆောင်းအခါက သရဲတွေလို မည်းပြီး
ခြောက်သယောင်း နေခဲ့တဲ့ အပင်တွေ) ဒီနွေဦးမှာ လှုပ်လို့ တခါ
ငြိမ်လို့ တလှည့် ဖူး ပွင့် ကြွေ ၀ဲ လို့ မြေသားထုပေါ် တ အိ အိ နဲ့
ဆင်းတဲ့ အခါ မြေပြင် တလွှား ပန်းချီကား ဖြစ်ရ ပြန်ပေါ့ လေလွှာ
အလှုပ် အယမ်းမှာ ၀တ်မှုန် ညှာတံ ပွင့်ဖတ် အခက် အညွန့်တို့
ဟို ဟို ဒီ ဒီ ၀ဲ ဝေ့ လှုပ် လွင့်ကာ လေပြင် တကြော အရောင်တွေ
တ ဝေ ဝေ  တ လွင် လွင် ရော ယှက် မျောလို့  ရှဥ့် ရောင်စုံတွေက
တ ခုန် ခုန်  တ လွှား လွှား  ငှက် ရောင်စုံတွေလည်း အသံစုံ ပေး
တွန် ကျူး ပျံသန်း လိပ်ပြာ မျိုးစုံ လေထဲမှာ တောထလို့ လောက
တခို စို ပြေ နေပုံများ ဘုရားတွေတောင် ရူးလောက်တယ်...(အာမင်)

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

Anonymous said...

ဘုရားတွေတောင် ရူးလောက်တယ်....လို့ ဘုရားမဟုတ်တဲ့သူတွေ တွေးကြည့်ကြတာပါ။