Thursday, February 9, 2012

ဥပဒေစိုက်ခင်း
















 

မြန်မာပြည်ဆိုတာ ဘယ်တုန်းကမှ ဥပဒေစိုးမိုးမှုရှိခဲ့တဲ့နိုင်ငံ မဟုတ်ဘူး။
ဥပဒေဆိုတာ စကားလုံးအနေနဲ့တော့ ရှိတယ်။ အသက်မရှိတဲ့ ဥပဒေ။
ဘက်လိုက်တဲ့ ဥပဒေ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ဥပဒေ။ ဥပဒေလို့
ပြောလို့မရတဲ့ ဥပဒေ။ အားကိုးလို့မရတဲ့ ဥပဒေ။ အလကား ဥပဒေ။

ဥပဒေဆိုတာ တရားမျှတမှုတခုထဲအတွက် လူတွေဖန်တီးထားတဲ့အရာ။
တရားမျှတမှုမှန်သမျှ မရှင်သန်နိုင်တဲ့ မြန်မာပြည်မှာ ဥပဒေဆိုတာ ရယ်
စရာလည်း ဖြစ်တယ်။ ငိုစရာလည်း ဖြစ်တယ်။ ကြောက်စရာလည်း ဖြစ်
တယ်။ ရွံစရာလည်း ဖြစ်တယ်။ ပြည်သူအများနဲ့ မဆိုင်တဲ့အရာလည်း
ဖြစ်တယ်။ ဒီနေရာမှာ “ဖြစ်တယ်”လို့သုံးရတာက အခုချိန်ထိ ဖြစ်နေ
သေးလို့ပဲ။

ဒို့မြန်မာများ အားနည်းချက်ကတော့ ဥပဒေဆိုတာတောင် မြန်မာစကား
မရှိရှာဘူး။ ပါဋိစကားကို သုံးတယ်။ အဓိပ္ဗါယ်ကိုလည်း အဘိဓါန်မှာ နှစ်
မျိုးဖွင့်တယ်။ (၁)အစဉ်အဆက်လိုက်နာခဲ့သော စည်းမျဉ်း။ (၂) အများ
ပြည်သူတို့လိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ပြဌာန်းထား
သည့် စည်းမျဉ်းတဲ့။ ဒီအဓိပ္ဗါယ်ဖွင့်ဆိုချက်တွေကိုက ခံတွင်းတွေ့စရာ
မရှိဘူး။

အစဉ်အဆက်လိုက်နာခဲ့တိုင်း အခုဆက်ပြီး လိုက်နာရမှာလား။ အာဏာ
ပိုင်က ပြဌာန်းတဲ့အရာကို ပြည်သူကပဲ လိုက်နာရမှာလား ။ အာဏာပိုင်
ကရော မလိုက်နာဘူးလား။ စောတကတက်စရာတွေ ရှိနေတယ်။ ဒို့မြန်
မာတွေ ဥပဒေအရာမှာ သိပ်အားနည်းတယ်။ ဒီအချက်ကို အသေအချာ
စဉ်းစားသင့်တယ်။ ဆွေးနွေးသင့်တယ်။ ငြင်းခုံသင့်တယ်။ ပြုပြင်ပြောင်း
လဲသင့်တယ်။ တိုးတက်ခေတ်မှီအောင် လုပ်သင့်တယ်။ မြန်မာပြည်ဟာ
မျိုးရိုးအစဉ်အဆက် ဥပဒေရေးရာ ဆွံ့အ၊ နုံချာခဲ့တဲ့တိုင်းပြည်ဖြစ်တယ်။

အခုလည်းကြည့်ဦး။ ဒကာစိန်အစိုးရက အတိုက်အခံတွေကို လျှော့တာ
လိုလို၊ ပေါ့တာလိုလို။ ပြည်သူ့စကား နားထောင်တာလိုလို၊ လိုက်လျော
တာလိုလို။ (သူတို့အသုံးအနှုန်းအတိုင်းဆိုရင်တော့ “ပြုပြင်ပြောင်းလဲ”
သမှုကို ပြုနေသပေါ့) အဲသလိုလေးတွေ လုပ်ပြလာတော့ အတော်များ
များက ပျော်တော်မူကြပါတယ်။

အနောက်နိုင်ငံများကလည်း အရင်က တင်းထားတဲ့ ကြိုးတွေကို အပြိုင်
အဆိုင် လျှော့ဖို့ ပြင်ကြပါတယ်။ (တကယ်တော့ လျှော့ချင်နေကြတာ
ကြာပြီ။ သူတို့အတွက် စားပေါက်တခု ပိတ်နေလို့) အနောက်နိုင်ငံ အစိုး
ရများက မြန်မာအစိုးရကို အပြစ်မမြင်တော့ပါဘူး။ လိမ္မာလာပြီပဲလို့ အသိ
အမှတ်ပြုတယ်လည်းဆိုရော၊ သူတို့ဆီက စီးပွါးရေးလုပ်ငန်းရှင်ကြီးများက
ဆပ်ကပ်ထဲက ဂျွမ်းသမားတွေလို တ၀ှီးဝှီးနဲ့ မြန်မာ့မြေပေါ် ဂျွမ်းပုံစံမျိုးစုံနဲ့
လှိမ့်ပြီးဝင်ဖို့ ပြင်ကြပါလေရော။

ဒါပေမဲ့ အနောက်နိုင်ငံအများစုက အရှက်အကြောက်ကြီးဟန်တော့ ပြ
ကြရှာတယ်။ တရုတ်လို အရှက်မရှိ အချောင်ဝင် မနှိုက်ဘူး။ သူတို့လုပ်
ကြမယ်ဆိုရင် မြန်မာပြည်မှာ ဥပဒေက ဘယ်လိုတွေရှိသလဲဆိုတာကို
အရင်စုံစမ်းတယ်။ သူတို့ရဲ့ရင်းနှီးမြုတ်နှံမှုတွေအတွက် မြန်မာ့ဥပဒေ
တွေက စိတ်ချရရဲလား။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ သိပ်ဆိုးနေ
သလားဆိုတာမျိုးကို အရင်လေ့လာတယ်။

ဟိုတရက်ကပဲ အစီရင်ခံစာတစောင် ထွက်လာလေရဲ့။ ဗြိတိန် လေ့
လာရေးအဖွဲ့တခုက ထုတ်ပြန်တာပါ။ မြန်မာပြည်ဟာ နိုင်ငံခြားရင်းနှီး
မြုတ်နှံသူတွေအတွက် လုံးဝ စိတ်မချရ။ စီးပွါးရေးလုပ်ငန်းတွေအတွက်
တရားဥပဒေအရ အကာအကွယ်ပေးတဲ့နေရာမှာ မြန်မာဟာ ကမ္ဘာမှာ
အဆိုးဆုံးနိုင်ငံပါတဲ့။ မှတ်ကရော။

တကာစိန်တို့ သဘောပေါက်ထားဖို့က ပြုပြင်ပြောင်းလဲရေးဆိုတာ
သတင်းကျွတ်ကာလ မီးရှူးမီးပန်းများဖေါက်သလို ဟေးလေးဝါးလေး
လုပ်ပြရတဲ့အရာ မဟုတ်ဘူးဆိုတာပဲ။ ဥပဒေတွေကို ပြောင်းလဲပစ်မှ။
ပြောင်းလဲလိုက်တဲ့ ဥပဒေကလည်း ခေတ်နဲ့စံနစ်နဲ့ ညီဦးမှ။ ဒီဥပဒေ
တွေကို လက်တွေ့အသုံးချပြီး ထိရောက်အောင် ကျင့်သုံးမှ ပြုပြင်
ပြောင်းလဲရာ ရောက်တယ်ဆိုတာပဲ။ တိုင်းပြည်ကို တကယ်ပဲ စေတနာ
ရှိရင် အလုပ်ဖြစ်မယ့်ဥပဒေတွေကို ပြဌာန်း၊ ကျင့်သုံးရလိမ့်မယ်။

ခက်နေတာက မြန်မာတနိုင်ငံလုံး တရားမျှတတဲ့ ဥပဒေစိုးမိုးမှုကို
ဘယ်သူကမှ၊ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးလေတော့။ ဥပဒေရဲ့
အရောင်အသွေး၊ အနံ့အရသာကို အစိုးရလုပ်သူရော၊ ပြည်သူက
ရော အပီအပြင် မသိနိုင်ပဲဖြစ်နေကြတဲ့ကိစ္စပဲ။ တိုင်းပြည် ကံခေတဲ့
အထဲမှာ ဥပဒေမရှင်သန်နိုင်တာလည်း တခုပါတယ်။ ထားပါတော့။

ငဒို့မြန်မာတွေ ဥပဒေကို လေ့လာမှ ဖြစ်မယ်။ အားနည်းချက်၊ အား
ကောင်းချက်တွေ။ လိုတာ၊ ပိုတာတွေကို ရှာဖွေကြရမယ်။ ဥပဒေ
အရေး ဆွေးနွေးပြောဆိုမှုတွေ အသက်အရွယ်မရွေး ပြောကြရလိမ့်
မယ်။ ဥပဒေပြောင်းမှ၊ ပြောင်းတဲ့ဥပဒေကို အသက်ဝင် ရှင်သန်အောင်
ကျင့်ကြံမှ မြန်မာပြည်ပြောင်းလဲမယ်။ ဒါမှ တကယ့်အပြောင်းအလဲဖြစ်
မယ်။ မဟုတ်ရင်တော့ မဟုတ်ဘူး။ အာပလာပဲ။ အပြောင်းအလဲ
အကြောင်း လာမပြောနဲ့။ ခပ်ဝေးဝေးမှာ နေကြ။ အာပုတ်စော်နံတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

1 comment:

Hmoo said...

ဥပဒေနောက်တမျိုးမတိုးလိုက်ပါနဲ့
ဒို့ တွေကြောက်တတ်တဲ့အမျိုးပေမို့
သူ့အမေလိုး

ဆရာကြီးသခင်ကိုယ်တော်မှိုင်း

.....သိန်းစိန်တို့ကိုကြိုသိနေတယ်၊အံ့ရောအံ့ရော