Tuesday, November 1, 2011

စာ
















သို့
နန်စီ
ကဗျာအပုဒ်ရေ ခုနှစ်သောင်း
လှမောင်နှင့် ထည့်ပေးလိုက်သည် ။

ထွေလီကာလီ
အီစီကလီ
မထီတရီကဗျာများလည်းပါမည် ။

တောင်တောင်အီအီ
ကြောင်ကြောင်စီစီ
ပုပ်အဲ့အဲ့ကဗျာများလည်းပါမည် ။

ပေမမီ ဒေါက်မမီ
ဗုံမဟုတ် ပတ်မမည်
ကဗျာနဲ့တူရင်ပြီးရော
ရေရောထားသောကဗျာများလည်းပါမည် ။

ကဗျာငစနူ
ငြူစူစူ
အူတူတူကဗျာများလည်းပါမည် ။

ကလူ၏သို့ မြူ၏သို့
ညှီစို့စို့ကဗျာတွေလည်းပါမည် ။

နင့်သားသမီးများ နေကောင်းလား
ငါ့သားသမီးများ နေကောင်းသည် ။

နင်ကြိုက်တဲ့ စာသားများနဲ့
ကဗျာပါးပါးလေးတွေ
မီးဖုတ်ပေးလိုက်သည် ။

နင်မှာထားတဲ့
ကဗျာအလုံးတွေလည်း
အိမ်ရှေ့အပင်မှာ မှည့်နေတုန်း
ခူးထည့်ပေးလိုက်သည် ။

နင့်ယောက်ျားအကြိုက်
ကဗျာပူပူ
ဖင်စူစူလေးတွေလည်း
ဆီစိမ်ပြီး ပေးလိုက်သည် ။

နင့်ကလေးများအတွက်
ကဗျာတွေကို ဆားနဲ့နယ်
အခြောက်လှန်း
ငြုပ်ဆီဖြန်းလို့
ကဗျာခြောက်စပ်
ကြပ်တိုက်ပေးလိုက်သည် ။

နင့်အမေစားဖို့
ဝါးစရာမလို
ကဗျာအမှုန့်ထောင်းများလည်းပါသည် ။

လွန်ခဲ့တဲ့ နှစ်က
ငါတို့မြို့မှာ ကဗျာခေါင်၏ ။

ဆရာတော်တွေ ပင့်ဖိတ်ပြီး
ကဗျာသုတ်တွေရွတ်ရ၏ ။

မြို့ခံတွေအားလုံး
ကဗျာဓါတ်စာ
ထပ်တရာတွေ စားရ၏ ။

မြို့သူတွေအားလုံး
ကဗျာလွတ် ကရ၏ ။

မြို့သားတွေအားလုံး
ကဗျာနပမ်း လုံးရ၏ ။

ဒီနှစ်တော့
ကဗျာတွေ ပုံမှန်ပြန်ရပြီ ။

တချို့တွေ အပျော်လွန်ပြီး
ကဗျာတွေအမူးသောက်လို့
ကဗျာဖေါ ဖေါနေကြပြီ ။

ကဲ
နန်စီ
ငါ့စာ ဒီမှာ ဆုံးတော့မည် ။

နင်တို့မြို့ထွက် ကဗျာရှည်တွေ
ကဗျာအပေအတေတွေ
ကဗျာစို၊ ကဗျာတို၊ ကဗျာချိုတွေ
ကဗျာပြင်းပြင်း၊ သင်းသင်းတွေ
ခေတ်ပေါ်ကဗျာ
ခေတ်အောက်ကဗျာတွေ
ခေတ်လွန်ကဗျာ
ခေတ်မွှန်ကဗျာတွေ
လူကြုံရှိရင်
ငါဆီ ပို့ဦးလေ ။

နန်စီနဲ့ မိသားစု
ကျန်းမာပါစေ
ချမ်းသာပါစေ ။

(ရုပ်ပုံ ၊ ဂူဂလ်)

6 comments:

Hmoo said...

ကြားဖြတ်သတင်း၊၊ လှမောင်ပြည်ဝင်ခွင့်စာမေးပွဲမအောင်သေးပါ :)
စာနဲနဲထပ်ဖတ်ရဦးမည်... :)

သက်ဝေ said...

ကဗျာဆရာက ကဗျာကရာနဲ့ ရေးလိုက်တဲ့
နန်စီ့အတွက် ကဗျာစာပါလား... မိုက်၏။

blueskyforest said...

ကဗျာကရာဆိုလို့ ကရေကရာတောင် မစားရတာ ကြာပေါ့ သက်ဝေရယ် ။

ဟုတ်သပ ဆရာမှုးရေ ။ လှမောင်နဲ့ အပေါင်းအပါ တချို့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ရှာဘူး ။ ပြည်တော်ပြန်ရေး ဝေး..ဟေး..ဟေး ဖြစ်နေရှာတယ် ။ ကုသိုလ်ကံပေါ့လေး) သီးလေးသီးဇတ်ထဲ ၀င်ကရင် အထဲမြန်မြန်ရောက်ကိန်းရှိတယ်။ လူပေါင်းမှားတာ မသိရှာဘူးထင်တယ်။း)

ပိုးပိုးရဲ့ရိုက်ချက် said...

ကဗျာကို ဖတ်ရင်း ပြုံးမိတယ် :P

Hmoo said...

ကိုဘီလူးကပြောတတ်တယ် :)

Hmoo said...

ကိုဘီလူးကပြောတတ်တယ် :)