Monday, November 7, 2011

တိတ်ဆိတ်ခြင်းဖြင့် ကူညီပါ

                                                     
                   


















                              သိပ်ဆူတယ် ။






                            တိုးတိုးပြောကြပါ ။






ဖြစ်နိုင်ရင်              ဘာ         သံ          မှ               မထွက်ပါနဲ့ ။



                           


                                တောင်းပန်ပါတယ် ။





တိုးတိုးပြောသံတွေ များလို့ ဆူညံလာခဲ့ပြီ။ လောကဆိုတာ ဆူညံတတ်
တဲ့အရပ်မှန်း သိပါတယ်။ တိတ်ဆိတ်မှုလည်း ရှိတဲ့အရပ်ပါ။ လိုအပ်လို့
တိတ်ဆိတ်မှုကို တောင်းဆိုနေတာ။ တောင်းဆိုလို့ မရရင် တိုက်ယူရ
မှာလား။ တိတ်ဆိတ်မှုအတွက် တိုက်ပွဲဝင်ရဦးမှာလား။

တချို့တွေက တိတ်ဆိတ်တာကို မခံနိုင်ကြဘူး။ တိတ်ဆိတ်တာကို
ကြောက်စရာ၊ လန့်စရာလို့ သတ်မှတ်တယ်။ တိတ်ဆိတ်ခြင်းသည်
အကျယ်လောင်ဆုံး အသံလို့ ဆိုတယ်။ တိတ်ဆိတ်မှုကြောင့်ပဲ စိတ်
တွေ ချောက်ခြား လွင့်ပါးခဲ့ရတယ်။ တိတ်ဆိတ်မှုကြောင့်ပဲ ရူးသွပ်ခဲ့ရ
သူတွေ တကယ်ရှိတယ်။ သူတို့တွေအတွက် အသံတွေ လိုတယ်။
စကားပြောဖေါ်တွေ လိုတယ်။ သူတို့ကိုရှာပြီး စကားတွေ သွားပြော
ပေးကြပါ။ သူတို့နားမှာ သွားဆူကြ ။

တရားရိပ်သာ မဟုတ်ပါ။ ဒါပေမဲ့ တိတ်တိတ်လေး နေပေးပါ။ သိပ်ဆူ
တယ်။  ကျောပူတာကိုပဲ ခံမယ်။ နားပူတာတော့ မခံနိုင်ဘူး။ ဟိုဟာ
မကြိုက်ဘူး။ ဒီဟာ မကြိုက်ဘူး။ ဟင်းရည် နည်းနည်းလောက်။ သပိတ်
သပိတ်မှောက် မှောက် ။ ဆူးလေကို ဆူးလေကို။ ရှေ့ကလူတွေ ထိုင်
ပေးကြပါ။ လာထား လာထား ကုန်တော့မယ် ကုန်တော့မယ်။ ကျမကို
မထိနဲ့။ သောတရှင်များခင်ဗျား ။ မသိဘူး မသိဘူး။ လိုချင်ရင် ထပ်လျှော့
ပေးမယ်လေ။ ကလေးကို တယောက်ထဲပစ်မထားနဲ့။ သမီးကို ခွင့်လွှတ်
ပါ အမေ။ သဘာပတိကြီးခင်ဗျား။ ဟီးဟီး ဟားဟား။ ကျန်းမာပါစေရှင်။
ရဲတွေရောက်လာပြီ။ နှမချင်းစာနာပါ။ ဟိတ်ကောင်။ မီးပျက်သွားပြီ။
တော်ပါတော့ဗျို့။ ကျနော်တို့ကို မသတ်ပါနဲ့။ ဒို့အရေး ဒို့အရေး။ လေဒီးစ်
အန် ဂျန်းတလ်မင်း။ သနားကြပါ။ ပြည်သူ့သဘောထား။ စည်းကမ်းရှိပါ
စည်းကမ်းရှိပါ။ ဟိုဟာလေ ဟိုဟာ။ ရရင် ရ ၊ မရရင် ချ။ ပြေး....ပြေး ။
ကျေးဇူးပဲနော် ။ အဲဒါ ငါ့ဟာ။ ဟလို...ဟလို..။ သေတော့မှာပဲ။ ငါ့လခွီး ။

ကြားနေရတဲ့ အသံတွေ။ နားထဲကို အသံတွေရောက်လာတာ မဟုတ်။
စိတ်ထဲမှာ ကြားနေရတာ။ အသံဆိုတာ စိတ်နဲ့လည်းနားထောင်လို့ ရ
တယ်။ စိတ်က အသံတွေကို ဖမ်းထားတယ်။ စိတ်အသံဖမ်းစက်ကို
ဘယ်သူ ဖွင့်တာလဲ။ ဆူတယ် ။ ဆူတယ် ။ ဆူလွန်းတယ် ။

မလိုအပ်ပဲ စကားကို အကျယ်ကြီး မပြောကြပါနဲ့။  စိတ်အေးအေးထား
ပါ။ စိတ်ကောင်းကောင်း မထားနိုင်ရင်တောင် စိတ်အေးအေးထားနိုင်ဖို့
ကြိုးစားကြပါ။ ကိုယ့်ပတ်ဝန်းကျင်ကို အေးအေးဆေးဆေးဖြစ်အောင်
တိတ်တိတ်ဆိတ်ဆိတ် နေပေးပါ။ အွန်လိုင်းမှာလည်း ဆူညံနေတာပဲ။
အပိုတွေ သိပ်မပြောကြပါနဲ့။ အပေါ်ယံတွေ ထားလိုက်ပါ။ တိတ်ဆိတ်
ခြင်းရဲ့အရသာကို အေးအေးဆေးဆေး မြည်းရအောင် ။

အပူလောင်သူလို ပြာပြာသလဲ အသံတွေ ထွက်မနေကြပါနဲ့။ ဘ၀တွေ
ပျက်ကုန်ကြပြီလား။ နားအေးပါးအေး မကြိုက်ဘူးလား။ တိတ်ဆိတ်
ငြိမ်းချမ်းအောင် ဘယ်လောက် နေထိုင်တတ်သလဲဆိုတာ ပတ်ဝန်းကျင်
ကို ပြသပါ။ ထိုအရာကို ယဉ်ကျေးခြင်းဟုခေါ်သော် ရ၏။ အနုပညာဟု
ခေါ်သော် ရ၏။ ငြိမ်းချမ်းခြင်းဟုခေါ်သော် ရ၏။ မိတ်ဆွေ...တိတ်ဆိတ်
ခြင်းဖြင့် ကူညီပါ။ ကျေးဇူး အထူးတင်ပါသည် ။ တိတ်တိတ်နေစမ်းပါ ။

(ရုပ်ပုံ ၊ ဂူဂလ်)

3 comments:

T T Sweet said...

ကူညီချင်ပါတယ်။ ဘလော့ဂ်မှာ ပို့စ်ကလေးတော့ တင်ပါရစေနော်။း)

ရေးထားတဲ့ အသံတွေဖတ်ရတာ မြန်မာပြည်ကို သိပ်သတိရတာပဲ။ဘာတဲ့ ဆူးလေကို၊ ဆူးလေကို။့ ကျွန်မကို မထိနဲ့။ မီးပျက်သွားပြီ။
တကယ်ကို သတိရသွားတယ်။

Kay said...

တိတ်ဆိတ်သော်လည်း ကြားနိုင်သည်

သက်ဝေ said...

ဟုတ်တယ်.. တိတ်ဆိတ်ခြင်းတွေ တကယ်လိုအပ်နေတာပဲ... ကိုယ်လည်း တိတ်တိတ်ပဲ နေတော့မယ်...