Thursday, February 10, 2011

ဝိရောဓိ
















နိုင်ငံခြားမှာ နေတာကြာပေမဲ့ ထမင်းနဲ့ဟင်းကို ကြိုက်နေတုန်း။
မြန်မာ့ရှေးသီချင်း မဟာဂီတဆိုတာကြီးကို မကြိုက်ဘူးဆိုပေမဲ့
ဒိုးပါတ်ဝိုင်းနဲ့ နတ်ဆိုင်းကို ကြိုက်တယ်။

လုံချည်ဝတ်တာနဲ့ ခေါင်းဖြီးတာကို မကြိုက်ဘူးဆိုပေမဲ့ ဘောင်း
ဘီဖင်ကြပ် မ၀တ်ချင်ဘူး။ ဆံပင်အရှည် မထားချင်ဘူး။ (အရင်
က သုံးပေကျော်အောင် ထားခဲ့ဖူးတယ်)။

လက်ပတ်နာရီ မကြိုက်ဘူး။ ဘုရားရှိခိုးတာ မကြိုက်ဘူးဆိုပေမဲ့
ဘယ်အချိန်ရှိပြီလဲလို့ မေးရတာ ကြိုက်တယ်။ ဘုရားကိုလာတဲ့
ကောင်မလေးတွေကို ငေးရတာ ကြိုက်တယ်။(အရမ်းလှအောင်
ဝတ်မထားဘူး။ ဒါပေမဲ့ ကြည့်လို့ကောင်းအောင် ၀တ်ထားကြတယ်)

နိုင်ငံရေးမှာ တပါတီစံနစ်ကို မကြိုက်ဘူးဆိုပေမဲ့ ပါတီတွေများ
နေရင်လည်း မကြိုက်ပြန်ဘူး။ ဆိတ်သားဟင်း မကြိုက်ဘူး။
ဂျော်နီလမ်းလျှောက်လည်း မကြိုက်ဘူး။ ဒါပေမဲ့ အရက်သောက်
တာ ကြိုက်တယ်။ မညှီအောင်လုပ်ထားတဲ့ ဆိတ်သားကင်ဆို
ကြိုက်တယ်။ မုန့်ဟင်းခါးစားရင် ငှက်ပျောအူပါတာ ကြိုက်တယ်
ဆိုပေမဲ့ အဲဒါတွေက သွားကြားညပ်တတ်တော့ မကြိုက်ပြန်ဘူး။

ကုလားဟင်းကို တခါတခါ စားချင်ပေမဲ့ ကုလားပြည်ကို တခါ
တလေတောင် သွားချင်စိတ်မရှိဘူး။ (လမ်းဘေးမှာ အီးပါကြ
တယ်ဆိုလို့) ငါရိုက်ထားတဲ့ ဓါတ်ပုံကို ခွင့်ပြုချက်မတောင်းပဲ
ယူသုံးရင် မကြိုက်ဘူးဆိုပေမဲ့ ငါကိုယ်တိုင် ဂူဂယ်က ပုံတွေကို
ခွင့်ပြုချက်မယူပဲ ထင်တိုင်းကျဲတယ်။

ဒီစာကို ဆက်ရေးချင်သေးတယ်ဆိုပေမဲ့ ပျင်းတာနဲ့ ဒီမှာပဲ ရပ်
လိုက်တော့မယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

4 comments:

သက်ဝေ said...

Post နဲ့ Title နဲ့ တကယ် လိုက်ဖက်ပါပေတယ်...
တခါတခါမှာ အဲလို ဝိရောဓိတွေ သိပ်များတတ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်...

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဟားဟားဟား အသံထွက်အောင်ကို ရီပြီး ဖတ်သွားရတယ်။

အဲလိုမျိုးလေးတွေ ဆက်ရေးပါအုံး အဘရဲ့။

မိုက်တာကို မကြိုက်ပေမယ့် တခါတလေတော့ မိုက်ရူးရဲဖြစ်တယ်။

:))

Anonymous said...

အဲ့လို မကြိုက်တာတွေ ထုတ်ဖေါ်ရတာ
ကြိုက်တယ်..။

ပေါက်

ညီမလေး said...

ဒီလိုပါပဲ ဘဝဆိုတာ အမြီးအမြောက်တည့်ချင်မှ တည့်တယ်...ဝိရောဓိတွေလဲ သိပ်များတယ် ။
ဒါပေမဲ့ ကိုဘလူးစကိုင်းနဲ့ အကြိုက်ချင်းနဲနဲတော့ ကွဲတယ်းP