Wednesday, February 2, 2011

ယုန်
















ယုန်နှစ်ဆိုလို့ ကဗျာတပုဒ်ကို သတိရမိတယ်။ သွားလေသူ
ကဗျာသမား မောင်ချောနွယ်ရဲ့  “ ကိုက်လမ်း ” ဆိုတဲ့ နာမည်
ကြီး ကဗျာတပုဒ်ပါ။ လူအများ သိပြီးသားဆိုပေတဲ့ တိုက်ဆိုင်မှု
နဲ့ အမှတ်တရအဖြစ် မောင်ချောနွယ်ကို ထပ်မံဂုဏ်ပြုလိုက်ပါတယ်။
ကိုချောနွယ် ရောက်ရာအရပ်မှာ ပျော်ပါစေ။

“ ကိုက်လမ်း ”

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေ ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု...
လူနဲ့ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ...
ငါ့သစ္စာတရားဟာ ငါ့အသက်ကိုယူသွားကြပေါ့ ။ ။

(မောင်ချောနွယ်)


ယုန်ကိုချစ်လို့ မွေးကြသူတွေ မကြာခဏ တွေ့ ဖူးတယ်။
ယုန်သားကိုကြိုက်လို့ ချက်စားကြသူတွေလည်း မကြာခဏ
တွေ့ ဖူးတယ်။ ယုန်နှစ်ရဲ့ အစမှာတော့ တရုတ်သမ္မတကြီး
အမေရိကားကို ရောက်လာတယ်။ အီဂျစ်မှာ လူထုကြီး အုံကြွတယ်။
မြန်မာပြည်မှာ လွှတ်တော်ပေါ်တယ်။ ဒေါ်စု အင်တာနက်သုံးတယ်။
မင်းကိုနိုင်တို့လည်း အခုထိ မလွတ်သေးဘူး။

အားလုံး ကျန်းမာကြပါစေ ။ ငါလည်း ဒါပဲတတ်နိုင်တယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

3 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာရေးတာ သဘောကျလို့ အမြဲလာဖတ်ပါတယ်။ ကိုယ်တတ်နိုင်တာလေး ကိုယ်လုပ်ကြတာပေါ့။

:))

pandora said...

ယုန်လိုက်ရတဲ့နှစ်
ယုံလိုက်ရတဲ့နှစ်
ယုန် တောင်ပြေးသွားတဲ့နှစ်
ယုံတောင် ပြေးသွားတဲ့နှစ်
ယုံတောင် မယုံနိုင်တဲ့နှစ်
ယုန်တောင် ယုံအောင် ယုန်ကိုတောင် ငုံထားတဲ့နှစ်

ညီမလေး said...

ကိုဘလူးစကိုင်း စာရေးတယ် ။ ညီမလေးစာလာဖတ်တယ် ။ ကိုက်လမ်းကို ကြိုက်တယ် ။ ရီပို့တွေရေးနေရတာကိုလဲ မုန်းတယ် ။ ခုတော့ ဦးနှောက်တွေ ငြောင်းလို့ သီချင်းနားထောင်နေတယ် ။ ငါတတ်နိုင်တာ ငါလုပ်တဲ့သဘောပဲးD