Thursday, June 17, 2010

ဘောပွဲကြည့်ရ ငါ့ဘဝ












အီဖေကိုက ဘောပွဲခရေဇီ မဟုတ်။ သို့သော် ဘောခရေဇီတိုင်းပြည်တခုမှာ
ရောက်နေတုန်း ကမ္ဘာ့ဘောပွဲကြီးနဲ့ကြုံနေပါလေရော။ အခုထိုင်းဝန်ကြီးချုပ်
အဘီဆစ်ကိုယ်တိုင်ကလည်း ဘောခရေဇီတဲ့။ သူ့ထက်ပိုပြီး ခရေဇီသူကတော့
သူ့အရင်ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဆရာသတ်ဆင်ပဲ။ အခု ပြည်ပြေးဖြစ်နေရသူ
ပေါ့။ အင်္ဂလန်က ဘောလုံးအသင်းကိုတောင် ၀ယ်ခဲ့သေးတာတဲ့ဗျား။

ထိုင်းတွေကမ္ဘာ့ဖလားမှာ ၀င်ကန်ကြရင်တော့ နေလို့ကိုရမှာမဟုတ်တော့ဘူး။
ဘယ်လောက်များ ရူးလိုက်ကြမယ်မသိ။ နိုင်ငံအလိုက် ဘောလုံးအသင်း အကျီ င်္
တွေရောင်းတဲ့ဆိုင်တွေလည်း မနည်းဘူး။ ၀တ်တဲ့လူတွေလည်း မနည်းဘူး။ ဘာ
ပဲပြောပြော အာရှသားတွေ အားကစားကို ခရေဇီဖြစ်တာတော့ အီဖေကိုကြီး
အားပေးသကွယ်။

ဟိုတနေ့ကပဲ အာရှသားတွေနဲ့လက်တင်အမေရိကန်တွေ ကန်တဲ့ပွဲမှာ ဘောပွဲ
အကြောင်း ကောင်းကောင်းမသိတဲ့ငါ။ အာရှသားကိုပဲ မျက်စိမှိတ်ပြီး အားပေး
ခဲ့သေးတယ်။ မြောက်ကိုရီးယားနဲ့ ဘရာဇီးလ်ပွဲပေါ့။ ဖြစ်ချင်တော့ ကိုယ်အား
ပေးခါမှသူ့ခမျာ ရှုံးရရှာတယ်။

ဒါပေမဲ့ ဘရာဇီးလ်လို ဘော်လုံးဖက်မွေးလာတဲ့ နိုင်ငံကို ၂ဂိုး၁ဂိုးနဲ့ရှုံးရတာကိုပဲ
ပြန်ပြီးဂုဏ်ယူလိုက်ပါတယ်လေ။ ဘရာဇီလ်းကိုတလုံးပြန်သွင်းနိုင်တာ နည်းတာ
မှတ်လို့။ ဒါမှငါတို့ရဲ့ မြောက်ကိုရီးယားကွ။ အချဉ် မဟုတ်ဘူးဟေ့။ အာရှသားတဲ့
နော်။ နျူကလီးယားလည်း ရှိသဟ။ ညိမ်ညိမ်နေကြ။












ပြောခဲ့တယ်မဟုတ်လား။ ဘောပွဲစိတ်မပါသူက အခုဘောပွဲ ကြည့်နေရတယ်ဆို
တာကို။ အဲဒီအကြောင်းရှင်းပြချင်လို့ ဒီစာကိုရေးရတာ။ ကြည့်ချင်လွန်းလို့ တက်
ကြွပြီးကြည့်နေတာ မဟုတ်။ တနိုင်ငံက တနိုင်ငံကိုပြောင်းနေရတာဆိုတော့
အချိန်ကွာသမို့လား။Jet Lag ဖြစ်နေတာ။ အချိန်နဲ့အညီခန္တာကိုယ်က လိုက်မ
ပြောင်းနိုင်တာပေါ့။













ညသန်းခေါင်ဆို နိုးပြီ။ နေ့လည်ခင်းဆို ငိုက်ပြီ။ ဆိုတော့ ကမ္ဘာ့ဘောပွဲကြီးနဲ့
အီဖေကို တည့်တည့်ကြီးကို တိုးကြလေသတည်းပေါ့။ အဆိုးထဲက အကောင်း
ပြန်တွက်ပြီး ကမ္ဘာ့ဖလားပွဲကြည့်ရ နည်းသလားဆိုတဲ့ စိတ်နဲ့ အားပေးနေရ
ကြောင်းပါဗျား။ အောင်မယ်။ ကိုယ်လိုလူ(နေ့ငိုက် ညပြူး)သမားတွေက အများ
သားနော့။ သူတို့ကတော့ Jet Lag သမားတွေမဟုတ်ဘူးဗျို့ ။ ဘောပွဲကြည့်ချင်
လွန်းလို့ကို အိပ်ရေးအပျက်ခံပြီး တက်ကြွရရှာသူတွေပေါ့။ အော်...ဘောပွဲ...
ဘောပွဲ..။ စွဲသူတွေလည်း ရူးလောက်အောင် စွဲကြပေသကိုး။

(ရုပ်ပုံ၊ အီဖေကိုနဲ့ဂူဂလ်တို့ ပူးတွဲတင်ဆက်သည်) (ငါ့ဟာ ၂ပုံ ။ ဂူဂလ် ၁ပုံ)

5 comments:

:P said...

အပေါ် (၂)ပုံ ငါ့ဟာ... အောက်ပုံ ဂူဂဲလ်.... :P

သက်ဝေ said...

"ဘောလုံးပွဲ ကြည့်ချင်လွန်းလို့ကို အိပ်ရေးအပျက်ခံပြီး တက်ကြွရရှာသူတွေပေါ့..."

ဒါက ဘာသဘောလဲ... စောင်းပြောနေတာလား တည့်တည့်ပြောနေတာလား... သေချာ ပြောဘာာာာာ...

(ဘောလုံးပွဲကြည့်ရက် တန်းလန်းနှင့် မြန်မြန် ရန်လုပ်ပြီး ပြန်သွားသည်... )

နေ၀သန် said...

း))).. ဘယ်ကနေ ဘယ်ကိုပြောင်းနေတာလဲဗျ...


ခင်မင်တဲ့
နေ၀သန်

blueskyforest said...

အနောက် မှ အရှေ့  သို့ ။

ye lin aung said...

ဟုတ်​တာ​ပေါ့
နေ့ငိုက်​ညပြူး​ပေါ့