Monday, June 14, 2010

အပျင်းပြေ












ပြင်းနေတာကို ပျော့သွားအောင်လုပ်တာမဟုတ်။ ပြေပြေလည်လည်
ပျင်းရအောင်လည်း မဟုတ်။ ပျင်းတာကို ပြေလျှော့သွားအောင်(အပျင်း
ကို ဖြေလိုက်လို့ ပြေသွားတာကို) အပျင်းပြေလို့ခေါ်သကွဲ့ ။ မသိရင်မှတ်
ထားကြ။ အရေးထဲ သတ်ပုံက မှန်ရဲ့ လားမသိ။ ဖြေတာလား၊ ဖြည်တာလား။
ပြေတာလား၊ ပြီတာလား၊ ပြည်တာလား။ သိတဲ့လူများ ဆုံးမကြပါဦး။

ခရီးရှည်တခုထွက်မှာဆိုတော့ (အဲဒီခရီးမှာလည်း ပျင်းမှာဆိုတော့) ပေါ့ပေါ့
ပါးပါး အပျင်းဖြေနိုင်အောင် ကင်မရာအသေးတလုံး ထပ်ဝယ်လိုက်တယ်။
Canon. G 11. Power Shot. အပျင်းဖြေနည်းကား ရောက်တတ်ရာရာ
အကုန်ရိုက်။ ဘလော့ဂ်မှာတင်။ အဲဒီအစီစဉ်သစ်ကြီးကို အခုပဲ စတင်လိုက်
ပါပြီခင်ဗျား။












ပထမဆုံးသတိထားမိတာကတော့ ပိတောက်ပန်းပဲ။ ဇွန်လထဲရောက်နေပြီ
ပိတောက်တွေက ပွင့်နေတုန်းပဲလားဆိုပြီး ရိုက်လိုက်တာပါ။ ကိုယ်ပိုင်ပိတောက်
ပန်းလည်းရှိသွားရအောင်ပေါ့။ ဘန်ကောက်ပိတောက်ပါ။ ရိုက်ခါနီးမှပဲ အလင်း
ရောင်က နည်းသွားရှာတယ်။ ပိတောက်ပန်းကို မမြင်ရတာ နှစ်တွေအတော်ကြာ
လေပြီ။ အော်... ရွှေပြည်ကြီး....ရွှေပြည်ကြီး။ ဝေးနေတာပဲ အေးတယ်လို့မှတ်ရ
မလား။












လမ်းကြိုလမ်းကြားတခုမှာ အမှတ်မထင် စိန်ပန်းပင်ကိုတွေ့ လိုက်တော့
တနေရာရာကို လွမ်းသွားသလိုပဲ။ စိန်ပန်းပွင့်တွေနဲ့အတူ အဖူးစိမ်းစိမ်းလေး
တွေကိုတွေကိုတွေ့ ရတော့လည်း ငယ်ငယ်က ကြက်ဖခွပ်တန်းကစားတာကို
သတိရပြန်တယ်။ ကြက်ဖခွပ်တယ်ဆိုတာ မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်ပြီး
ခုန်ဆွခုန်ဆွလုပ်တာ မဟုတ်ဘူး။ စိန်ပန်းအဖူးကိုဖွင့်။ အထဲမှာရှိတဲ့ ၀တ်တန်
လေးတွေကို ထုတ်။ ၀တ်တန်လေးတွေက ရှည်ရှည်။ လက်နဲ့ကိုင်လို့ရတယ်။
ဝတ်တန်ရဲ့ ထိပ်မှာ ၀တ်ဆံရှိတယ်။ ၀တ်တန်လေးကို သူတချောင်း ကိုယ်တ
ချောင်းကိုင်ပြီး ၀တ်ဆံချင်းချိတ်။ အပြိုင်ဆွဲ။ ပြုတ်ထွက်သွားသူက အရှုံး။
အဲသဟာကို ကြက်ဖခွပ်တယ်လို့ ခေါ်သတဲ့။

စိန်ပန်းပင်အောက်ရောက်နေတုန်း စိန်ပန်းရွက်လေးတွေ ကြွေကျလာတော့
ကိုချောနွယ်ရဲ့ ကဗျာကို သတိရသွားပြန်ရော။ သူက မန်ကျည်းရွက်တွေ ကြွေတာ
ကိုဖွဲ့ တာပါ။ ရေကန်ထဲကို မန်ကျည်းရွက်တွေ အနှေးကြွေကျနေတာကို မြင်ပြီး
ခံစားရလွန်းလို့တဲ့လေ။ အခုတော့ စိန်ပန်းရွက်သေးသေးလေးတွေ ငါ့အပေါ်ကို
ကြွေကျနေပေါ့။












ကော်ဖီဆိုင်တခုမှာထိုင်ရင်း အပေါ်ကိုမော့ကြည့်လိုက်တော့။ တရုတ်စကားပန်း
တွေ။ ဘယ်နှယ်ကြောင့် တရုတ်စကားလို့ခေါ်တာလဲဆိုတာ ဖတ်ဖူးပေမဲ့ မေ့သွား
ပြီ။ဒီအပင်က ရာသီမရွေးပွင့်ပုံရတယ်။ (မှားရင် ဆုံးမပါဦး) ဒီအပင်မှာ ကြိုက်တာ
က ပန်းပွင့်တွေနဲ့ သူ့ရဲ့ အရွက်တွေက ထင်ရှားပြီး ခိုင်ခန့်တာကိုပဲ။ အရောင်က
လည်းရှင်းတယ်။ အဖြူနဲ့အစိမ်းဆိုပေတဲ့ ပန်းပွင့်ရဲ့ အလယ်မှာ အ၀ါရောင်နုနု
လေးတွေရှိတတ်တယ်။ ဒီအပင်ကို မြင်ရတော့ ငယ်စဉ်က ကျောင်းတက်ခဲ့တာကို
သတိရသွားပြန်ရော။ အဖြူနဲ့အစိမ်းကို ၀တ်ကြရသမို့လား။

ဒီနေ့တော့ ပန်းသုံးမျိုးနဲ့ပဲ အစီအစဉ်သစ်ရဲ့ ပထမပိုင်းကို အဆုံးသတ်လိုက်ပါ
မယ်။ နောက်နေ့မှာ ပန်းမဟုတ်တာတွေ လာမယ်။

အပေါ်ဆုံးက လူသုံးယောက်က ဘယ်သူတွေတုံးဟဲ့လို့ မမေးကြပါနဲ့။ အီစကို
လည်းမသိဘူး။ သူများတွေ တရုန်းရုန်းနဲ့ရိုက်နေကြလို့ ဘာများတုံးဆိုပြီး ၀င်
ရိုက်တာ။ ဘန်ကောက်သူတဦးနဲ့ ဘန်ကောက်သားနှစ်ဦးလို့သာ မှတ်လိုက်
ကြပေရော့။ အားလုံး ပျော်ဇေဗျား။

(ရုပ်ပုံ၊ ဂူဂလ် မဟုတ်။ ငါ့ဟာတွေ)

5 comments:

khin oo may said...

ကတောက်..blueskyforest ဖြစ်ပါစေလို့ဆုတောင်းနေတာ..

အကြံတွေ ကဘာဖြစ်လို့တူတူသွားတာလဲမသိဘူး ဖိုးစိန်နဲ့လဲအကြံတူတယ်။ နောက်ဆို အမြန်တင်မှ. နောက်ကျလို့ဖြစ်ဘူး



အခုလဲမှီပါသေးတယ်လေ။ ခက်တာက အားနာလို့ဘယ်သူမှန်းမသိဘဲတင်မိရင်။

မိုးခါး said...

တရုတ်စကားပန်း အပွင့်ရဲ့ ပုံရော အနံ့ရော ကြိုက်တယ် .. မာန မရှိသလိုပဲ .. ငြိမ်တယ် ..း)

(ထင်ရာ စွတ်ပြောသွားသည် .. :P)

Anonymous said...

အပေါ်ပုံက ကောင်မလေးဘယ်သူလဲသိချင်လို့ တပိုစ့်လုံး သည်းခံဖတ်လာတယ်။ အောက်ဆုံးပိုဒ်ရောက်မှ.....လုပ်ရက်လေခြင်း

ကလူသစ်

သက်ဝေ said...

အော... ဓါတ်ပုံတွေ ရိုက်ပြီး ဘလော့ဂ်မှာ တင်တဲ့ အဖေါ်တယောက်တိုးပြီ... ဝမ်းသာလိုက်တာ....
ကျွန်တော်ဓါတ်ပုံစရိုက်ခါစက ကလူသစ်ပြောဖူးတဲ့ စကားလေး သတိရသွားတယ်...

"အုန်းသီး ရရင် ပထမဆုံးရိုက်ကြတာ ပန်းပုံထင်ပါ့.." တဲ့...

အုန်းသီး = ကင်မရာ
(အုန်းသီးနှင့် အုန်းမောင် ဘာမှမတော်စပ်ပါ...)

ညီမလေး said...

အိမ်ရှေ့က စိန်ပန်းပင်ကြီးရယ် .. တောင်ပေါ်က စကားပွင့်တွေရယ်...အားလုံးကလွမ်းစရာတွေချည်းပါလား...