Tuesday, June 29, 2010
ကိုယ်ဖေါ့ထားသူများ
ဒို့မြန်မာတွေ ဒုက္ခရောက်တာ ကြာပြီ။ ဒါဟာ အသစ်အဆန်း မဟုတ်။
ကမ္ဘာသိကိစ္စ။ မြန်မာတွေရဲ့ ထူးခြားချက်တခုက ဘယ်လောက်ဒုက္ခ
ရောက်ရောက် ခပ်ပြုံးပြုံးပဲတဲ့။ မြန်မာပြည်ရောက်ဖူးတဲ့ မိတ်ဆွေနိုင်ငံ
ခြားသားတွေကလည်း ဒီသဘောပြောကြတယ်။ ဒီကိစ္စ ဟုတ်၊ မဟုတ်ဆို
တာတော့ စဉ်းစားစရာ။
ဘယ်သူ့အဆိုအမိန့်မှန်းမသိတဲ့ ဆောင်ပုဒ်တခုကလည်း ဒို့မြန်မာတွေ
အတော်လက်ခံထားတာ သတိထားမိတယ်။ ရောက်တဲ့အရပ်မှာ ပျော်
အောင်နေ.. ဆိုပဲ။ ရတာလေးနဲ့ပဲ လောက်အောင်သာစားပါ..တဲ့။ ရှိတာ
လေးနဲ့ သာ လှအောင်ဝတ်ပါကွာ..တဲ့။ အပြိုင်အဆိုင်ရှိလာရင်လည်း
အရှုံးသာပေးလိုက်တဲ့။ ဆိုရှယ်လစ်ခေတ်က ပေါ်ခဲ့တဲ့ဆောင်ပုဒ်ပါ။ မတိုး
တက်ရင်လည်းနေ။ တင်းတိမ်နိုင်အောင် ကျင့်ကြံကြ ဆိုတဲ့သဘော။ ဒါဟာ
အငြင်းအခုံလုပ်သင့်တဲ့ကိစ္စ။ တိုးတက်ရေးအတွက် တော်တော်အနှောက်
အယှက်ဖြစ်စေတဲ့ အယူအဆလို့ပြောပါရစေ။
ဒို့မြန်မာတွေ ခပ်ပြုံးပြုံးဖြစ်ရတဲ့အကြောင်းက ဒီအယူအဆတွေနဲ့များ အဆက်
အစပ်ရှိနေမလား။ မြန်မာဒုက္ခသည်စခန်းအချို့ ကို ရောက်ဖူးတယ်။ ကိုယ့်ရပ်
ကိုယ့်ရွာမှာနေသလို တော်တော်များများက အေးအေးသက်သာနဲ့။ ကိုယ့်
မြေကိုယ့်ရေမှာထက် လုံခြုံနေတာလည်းပါမယ်။ ခပ်ပြုံးပြုံးပဲ။ ဈေးတန်းနဲ့၊
ပွဲလမ်းနဲ့။
ဘုရားသုံးဆူနယ်စပ်မှာ တနေ့လုပ်၊ တနေ့စား အလုပ်လုပ်နေကြတာ မြန်မာ
လူငယ် အများစု။ သူတို့လည်း ခပ်ပြုံးပြုံးပဲ။ အပူအပင် နည်းကြပုံရတယ်။
လူကြီး အချို့ ရဲ့ မျက်နှာမှာတော့ ရုန်းကန်ရတဲ့ဘ၀က ပင်ပန်းလှတဲ့ အရိပ်
တွေ မြင်ရတယ်။
မြန်မာတွေ ဒုက္ခရောက်တာ မဆန်းဘူးလို့ အစချီခဲ့တာကို ပြန်ကောက်ချင်
တယ်။ မြန်မာ့ဒုက္ခတွေအကြောင်း မြင်ခဲ့၊ တွေ့ ခဲ့၊ ခံစားခဲ့ရပေမဲ့ ဒီအကြောင်း
တွေကို ပြောမပြချင်တော့ဘူး။ ဆန်းလည်း မဆန်းတော့ဘူးကိုး။ တတိုင်းပြည်
လုံးလိုလိုက ဇတ်နာနေပြီးသား။ မြန်မာတဦးချင်းစီမှာကို ကြေကွဲနာကျင်ဖွယ်
ဇတ်လမ်းတွေ များပြီးရင်း များရင်း။ နေ့စဉ်နဲ့အမျှ။
မီးမမှန်၊ ရေမမှန်။ ကုန်ဈေးနှုန်းတွေ မြင့်တဲ့ဒဏ်။ ပညာရေး၊ ကျန်းမာရေးချို့ 
တဲ့လွန်းတဲ့ဒဏ်။ ဥပဒေရဲ့  အကာအကွယ် မရတဲ့ဒဏ်။ အာဏာပိုင်တွေရဲ့ 
မတရားတဲ့ဒဏ်။ ဟိုဒဏ်၊ ဒီဒဏ်တွေကို ရင်ဆိုင်ရင်း နှစ်ပေါင်းများစွာ ဖြတ်
သန်းနေကြတာကိုက အံ့သြစရာ။ ဗိုလ်သန်းရွှေကလည်း မကြည့်။ ဒေါ်စုက
လည်း မကယ်နိုင်။ ပြည်ပရောက်တော်လှန်သူများကလည်း မကူနိုင်။ ဆယ်
နှစ်လည်း မဟုတ်၊ ဆယ့်ငါးနှစ်လည်း မဟုတ်။ အနှစ်နှစ်ဆယ်လည်း မဟုတ်။
ဒီကြားထဲမှာ ပြုံးနေကြတုန်းပဲဆိုတာဟာ သာမန်ကိစ္စမဟုတ်။ အထူးတဆန်း
ကိစ္စဖြစ်ရပြီ။
ဒို့မြန်မာတွေ ဒုက္ခပင်လယ်ထဲမှာ ကိုယ်ဖေါ့တတ်လွန်းနေသလား။ စဉ်းစား
စရာ။ ကိုယ်ဖေါ့ထားတဲ့အကြောင်းတွေကိုပဲ ရွေးပြီးရေးတော့မယ်လို့ စိတ်ကူး
ထားတယ်။ အဲဒါကိုက ကိုယ်ဖေါ့နည်းတမျိုးပဲ ဖြစ်လိမ့်မယ်ထင်တယ်။
မိတ်ဆွေတို့ရော ကိုယ်ဖေါ့ထားကြတာ ဘယ်လောက်ကြာပြီလဲ။
အခုရေးတဲ့စာတွေကို နယ်စပ်ဖြတ်ကျော်ပြီး ရှာဖွေစားသောက်ကြရတဲ့
ဒို့မြန်မာတွေ၊ မြန်မာပြည်ထဲမှာပဲ လှော်ရင်းနစ်နေရတဲ့သူတွေ မဖတ်မိပါ
စေနဲ့လို့ ဆုတောင်းတယ်။ သူတို့သာ ဖတ်မိရင်။ နင်သိတာက နည်းနည်း
လေးလို့ အပြစ်တင်ကြမှာ။
ဓါတ်ပုံတွေက ထိုင်းမြန်မာနယ်စပ်မှာ ကိုယ်ဖေါ့ထားကြသူလေးတွေပါ။
ရိုက်တာကိုခွင့်တောင်းခဲ့ပေမဲ့ ဒီဘလော့ဂ်မှာ တင်ဖို့ခွင့်မတောင်းမိခဲ့ဘူး။
ကိုယ်ဖေါ့ထားသူများ အားလုံးကို လေးစားပါတယ်။
Subscribe to:
Post Comments (Atom)
7 comments:
ခေါင်းစဉ်နဲ့ တွေးပြထားတဲ့ အကြောင်းအရာလေးကို ကြိုက်တယ်... ဆက်တွေးစရာတွေ အများကြီးပါပဲ...
ပျော်ပျော်နေ သေခဲ ဆိုတာလဲ မြန်မာတွေရဲ့ လက်သုံးစကား တခုပဲ မဟုတ်လား...
ဓါတ်ပုံထဲက ကလေးတွေက ချစ်စရာလေးတွေ သနပ်ခါးလေးတွေနဲ့...
ဟင်....တခါမှ ကိုယ်မဖော့မိဘူး။ စုန်းစုန်းမြုပ်နေလို့ မထူးဘူးဆိုပြီး ငုတ်တုတ်ထိုင်နေမိတာ :(
ကလူသစ်
အားလုံးက သနပ်ခါးလေးတွေကိုယ်စီနဲ့
လှတယ်
ပုံ
အသက်အောင့်ထားသူ
အားလုံးတော့ ဒုက္ခပင်လယ်ကြီးထဲမှာပါပဲ။ သူတို့လေးတွေကတော့ လှိုင်းကြီးလေထန်မှာ ကိုယ်ဖော့ထားရတာမို့ ...
ဖော့မထားတော့လဲ မွှန်းတာကိုးဗျာ။
ဖော့မထားတော့လဲ မွန်းတာကိုးဗျာ။
ရေးတတ်တယ်....
ကိုယ်ဖော့ထားတယ်တဲ့လား....
တကယ်လည်း ဒုက္ခတွေနဲ့ အသားကျနေကြပြီမို့ 
ဝမ်းသာစရာများတွေ့ ခဲ့ရင်တော့ သမားရိုးကျမှဟုတ်ရဲ့ လား အဲ့ဒီအနောက်မှာဘာများကပ်ပါလာမလဲဆိုတဲ့ စိုးရွံ့ မှုတွေတောင် ရှိနေတတ်ပြီ....
Post a Comment