Thursday, June 3, 2010

ဘော်လုံးမေ
















ကောက်စိုက်တဲ့မိန်းကလေးတွေကို ကောက်စိုက်သမ။ လယ်လုပ်သူ
 မိန်းကလေးများကျတော့ လယ်သူမ။ လေယာဉ်ပေါ်မှာ ဝေယာဝစ္စ
 လုပ်ပေးကြတဲ့ မိန်းကလေးတွေကိုတော့ လေယာဉ်မယ်တဲ့။ ဆေးလိပ် ခုံမှာလုပ်ကြသူလေးတွေကဆေးလိပ်သမ တဲ့ဗျ။ တောင့်တင်းလှပ ယဉ်
စစနဲ့အလှ အကြွ ၀င်ပြိုင်ကြသူများကိုလှယဉ်ကျေးမယ်။တပ်မတော်ထဲမှာ
အမှုထမ်းကြတော့ စစ်သမီး။ စာရေးစာချီလုပ်သူ ပျိုမေများကိုတော့ စာရေးမ
တဲ့။ ကိုင်း ။ဘော်လုံးကို ကျွမ်းကျွမ်းကျင်ကျင် ကန်နေကြတဲ့ မမတွေကိုတော့
ဘယ်နှယ်ခေါ်ကြပါသတုံး။

"ဘော်လုံးသမ"လည်း ဟုတ်ဟန် မတူဘူး။ "အမျိုးသမီး ဘော်လုံးသမား" ဆို
တာကလည်း တမျိုးကြီး။ ဘော်လုံးမယ်လေးများ ဆိုရင်လည်း ပျော့ရာကျနေ
မလား။ ရဲဘော်၊ရဲမေ ခေါ်ကြသလို "ဘော်လုံးမေ"လို့ ခေါ်ကြစို့။ (သဘောတူရင်
လက်ခေါက်မှုတ်ပါဗျို့ )

သတိထားမိနေတာတော့ နည်းနည်းကြာသွားပါပြီ။ မြန်မာအမျိုးသမီးတွေ ခြေ
စွမ်းထက်ကြတယ်ဆိုတာကိုပေါ့။ ဂုဏ်လည်းယူမိပါရဲ့ ။ အရှေ့ တောင်အာရှမှာ
မြန်မာအမျိုးသားဘော်လုံးသမားတွေ မြောင်းထဲရောက်နေတဲ့အချိန်။ ဒို့ရဲ့ ဘော်
လုံးမေတွေက မှတ်လောက်သားလောက်အောင် မြန်မာ့ခြေစွမ်းပြခဲ့ကြတာပေါ့။

တိုက်တိုက်ဆိုင်ဆိုင် အာရှအမျိုးသမီးဘော်လုံးပွဲတွေမှာ ထိပ်ဆုံးမှာ ရှိနေတာ
က မြောက်ကိုရီးယားတဲ့ဗျား။ မကြာခင်တုန်းကပဲ ဗိုလ်လုပွဲမှာ ပင်နလ်တီတလုံး
အသာနဲ့ သြစတေးလျှ အသင်းက ကပ်နိုင်သွားလို့ လက်ရှိချံပီယံ မြောက်ကိုရီး
ယားအသင်း ဒုတိယ ဖြစ်သွားရရှာတယ်။ ဒါပေမဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို
မြောက်ကိုရီးယား ဘော်လုံးမေတွေ ၀င်ပြိုင်ခွင့်ရကြမှာပါ။ ပြောချင်တာက အာ
ဏာရှင်နိုင်ငံတွေက ဘော်လုံးမေတွေ တယ်ဟုတ်ကြပါလား ဆိုတာပါပဲ။ ဘယ့်
နှယ်ကြောင့်များပါလိမ့်။

သတိထားမိနေတာ နောက်တခုရှိသေးတယ်။ ဘော်လုံးကို မကန်ကြပေမဲ့
အပြင်းအထန် လိုက်စားအားပေးနေသူ မြန်မာအမျိုးသမီးများကိစ္စပါ။ မြန်မာ
ပြည်မှာ ဒို့ရှိစဉ်က ဤသို့ မဟုတ်။ အမျိုးသမီးများ ဘော်လုံးကို အခုလောက်
စိတ်မပါကြသေး။ အခုလောက်နိုင်ငံတကာအဆင့်မှီ ဘော်လုံးဝါသနာအိုးများ
မဖြစ်ကြသေး။ ဘော်လုံးနဲ့ခပ်ဝေးဝေးနေခဲ့ကြရာက ဘယ့်နှယ်ကြောင့်များ
ကမ္ဘာ့ဘော်လုံးလောကဆိုင်ရာ စောင့်ကြည့်လေ့လာသူများအဆင့်။ ဘော်လုံး
ရေးရာ ကျွမ်းကျင်သူများအဆင့်ကို ရောက်သွားကြရပါလိမ့်။

ဝေးဝေးမကြည့်နဲ့။ ဒို့ရဲ့ အဖေါ်သဟာ ဘလော်ဂါ သက်ဝေကိုသာ ကြည့်။ အခု
ကတည်းက ကြိမ်းဝါးနေပြီ။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ စစ်ရေးပြင်နေပြီ။ ဘယ်သူ
နိုင်မလဲဆိုတာတောင် ဟောကိန်းထုတ်နေပြီ။ အခြေအနေပေးရင် ကန်နေတဲ့
ကွင်းထဲအထိ သွားကြည့်မယ့်ပုံ။ ကိုယ်တောင် ဘောလုံးအကြောင်း သူ့လောက်
မသိ။ ဘယ်လိုအခြေအနေတွေက ဒို့မြန်မာ အမျိုးသမီးတွေကို အခုလိုတက်ကြွ
လာအောင် လုပ်ပေးလိုက်တာလဲ။ ဒီအကြောင်းတွေ နောက်မှဆက်ရေးမယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

3 comments:

kay irrawaddy said...

လက်ခေါက်မှုတ်ပါပြီဗျို့ ။း)
ဒါပေမဲ့ ခြေထောက်မှာ စွပ်ထားတဲ့ ဒေါက်ကလေးက ဘော်လုံးကိုများ ခွဲလိုက်မလား ကြည့်ရတာ ရင်ဖိုလိုက်တာဟယ်။
ဟဲဟဲ..ဗမာပြည်က အမျိုးသမီး ဘော်လုံးဝါသနာအိုး တွေက ဟိုတစ်ယောက်နဲ့ ရည်ရွယ်ချက် က တူပါ့မလား။ ဒီမှာက သူဌေးဖြစ်ရေး ကို ဖြတ်လမ်းက လိုက်တဲ့သူများတော့လေ။

သက်ဝေ said...

ကြည့်စမ်း... ကြည့်စမ်း...
ဒါကြောင့် ညက အိပ်မက်ဆိုးတွေ မက်နေတာကိုး... သူများရဲ့ အားကစားစိတ်ဓါတ်လေးကို အထင်မလွဲပါနဲ့လေ... ရိုးရိုးသားသားပါနော်...း))

kay said...

ဟုတ်ပါပြီ...ဟုတ်ပါပြီ..ရွှေထင်တော်မလွဲဝံ့ကြောင်းပါ သက်ဝေရာ။ :D